မိက္ခာ ၇:၁-၂၀

  • ကိုယ်​ကျင့်​တ​ရား ပျက်​ပြား​တဲ့ အစ္စရေး (၁-၆)

    • အိမ်​သူ​အိမ်​သား​တွေ ရန်​သူ​ဖြစ်​နေ ()

  • ‘ကျွန်​တော် စိတ်​ရှည်​ရှည်​နဲ့ စောင့်​မယ်’ ()

  • လူမျိုး​တော်​ဘက်​က​နေ လက်​စား​ချေ​ပေး (၈-၁၃)

  • မိက္ခာရဲ့​ဆုတောင်း​ချက်၊ ဘု​ရား​ကို​ချီး​မွမ်း (၁၄-၂၀)

    • ယေဟောဝါ ဖြေကြား (၁၅-၁၇)

    • ‘ယေဟောဝါ​လို ဘု​ရား​မျိုး ရှိ​လို့​လား’ (၁၈)

 ကျွန်​တော့်​အဖြစ်​ဟာ ဆိုးလိုက်တာ။ နွေ​သီး​နှံ​တွေ ဆွတ်​ခူး​ပြီး​နောက်၊စ​ပျစ်​သီး​ဆွတ်​ခူး​ပြီး​လို့ ကောက်​သင်း​ကောက်​ပြီး​နောက် စား​စ​ရာ စ​ပျစ်​သီး​တစ်​ခိုင်​မှ ရှာ​မ​တွေ့​တဲ့​သူ၊တ​အား​စား​ချင်​နေ​တဲ့ သီး​ဦး​သီး​ဖျား သဖန်း​သီး​တစ်​လုံး​မှ ရှာ​မ​တွေ့​တဲ့​သူ​နဲ့ တူ​နေ​ပြီ။  ၂  သစ္စာ​စောင့်​သိ​သူ​က မြေပေါ်​က​နေ ပျောက်​ကွယ်​သွား​ပြီ။ လူ​သား​တွေ​ထဲ​မှာ ရိုး​ဖြောင့်​သူ​တစ်​ယောက်​မှ မရှိ​တော့​ဘူး။+ အားလုံး လူ​သတ်​ဖို့ ချောင်း​မြောင်း​နေ​ကြ​တယ်။+ ညီ​အစ်​ကို​အရင်း​ကို ဆွဲ​ပိုက်​နဲ့ ဖမ်း​နေ​တယ်။  ၃  မကောင်း​တာ​လုပ်​ဖို့​ဆို​ရင် သိပ်​ကျွမ်း​ကျင်​ကြ​တယ်။+ ခေါင်း​ဆောင်​က မရ​မက​တောင်း​တတ်​တယ်။ တ​ရား​သူ​ကြီး​က တံ​စိုး​လက်​ဆောင်​ တောင်း​တယ်။+ အထင်​က​ရ​ပုဂ္ဂိုလ်​က မိမိ​ဆန္ဒ​ကို ထုတ်​ဖော်​တတ်​တယ်။+ သူတို့​အားလုံး တစ်​ကျိတ်​တည်း တစ်​ဉာဏ်​တည်း​ပဲ။  ၄  သူတို့​ထဲ​က သူ​တော်​ကောင်း​ဟာ ဆူး​ပင်​တွေ​နဲ့ တူ​တယ်။ အရိုး​ဖြောင့်​ဆုံး​လူ​ဟာ ဆူး​စည်း​ရိုး​ထက် ဆိုး​တယ်။ ကင်း​စောင့်​တွေ ကြို​ပြော​ခဲ့​တဲ့​နေ့၊​ လူ​တွေ​ကို စစ်​ဆေး​မယ့်​နေ့ ရောက်​လာ​လိမ့်​မယ်။+ အဲဒီ​အခါ သူတို့ ထိတ်​ထိတ်​ပျာ​ပျာ ဖြစ်​ရ​လိမ့်​မယ်။+  ၅  ကိုယ့်​အပေါင်း​အဖော်​ကို မယုံ​ကြ​နဲ့။ မိတ်ဆွေ​ရင်း​ချာ​ကို​လည်း မကိုး​စား​ကြ​နဲ့။+ ကိုယ့်​ရင်​ခွင်​မှာ အိပ်​နေ​သူ​ကို​တောင် သတိ​နဲ့​ပြော​ဆို​ပါ။  ၆  သား​က ဖခင်​ကို မထီ​လေး​စား​လုပ်နေ​တယ်။ သမီး​က မိ​ခင်​ကို၊+ချွေး​မက ယောက္ခ​မကို အာ​ခံ​နေတယ်။+ ကိုယ့်​အိမ်​သူ​အိမ်​သား​ဟာ ကိုယ့်ရန်​သူ ဖြစ်​နေ​တယ်။+  ၇  ကျွန်​တော်​က​တော့ ယေဟောဝါကို အမြဲမျှော်​လင့်​နေ​မယ်။+ ကယ်​တင်​ရှင် ဘု​ရား​သခင်​ကို စိတ်ရှည်ရှည်​နဲ့ စောင့်​နေ​မယ်။+ ကျွန်​တော်​ပြော​တာ​ကို ဘု​ရား​သခင် ကြား​လိမ့်​မယ်။+  ၈  အို ရန်​သူ၊ ကျွန်​တော်​ဒုက္ခရောက်​တာ​ကို ဝမ်း​သာ​မနေ​နဲ့။ လဲ​ကျ​သွား​ပေမဲ့ ကျွန်​တော်​ ပြန်ထ​မယ်။ မှောင်​မိုက်​ထဲ​မှာ နေ​ရ​ပေမဲ့ ယေဟောဝါ​ဟာ ကျွန်​တော့်ရဲ့​အလင်း​ရောင် ဖြစ်​လိမ့်​မယ်။  ၉  ဘု​ရား​ကို ကျွန်​တော်​ပြစ်​မှား​မိ​ပြီ။+ ကျွန်​တော့်​အမှု​ကို ဘု​ရား​ကိုင်တွယ်ချိန်​အထိ၊ တ​ရား​မျှ​တ​ခြင်း ဆောင်​ကြဉ်း​ပေး​ချိန်​အထိ ယေဟောဝါ​ရဲ့ အမျက်​တော်​ကို ခံယူ​ပါ့​မယ်။ ဘု​ရား​က ကျွန်​တော့်​ကို အလင်း​ထဲ ခေါ်​ဆောင်​လာ​မယ်။ ဘု​ရားရဲ့​ဖြောင့်​မတ်​မှု​ကို ကျွန်တော် မြင်​ရ​လိမ့်​မယ်။ ၁၀  “မင်း​ကိုးကွယ်​တဲ့​ဘု​ရား ယေဟောဝါ ဘယ်​မှာ​လဲ”+ လို့​ပြော​ခဲ့​တဲ့ ရန်​သူ​က အဲ​ဒါ​ကို မြင်​ပြီး အရှက်​ကွဲ​သွား​မယ်။ သူ ဒုက္ခရောက်​တာ​ကို ကျွန်​တော် မြင်​ရ​မယ်။ လမ်း​ပေါ်​က​ရွှံ့​လို သူ နင်း​ခြေ​ခံ​ရ​လိမ့်​မယ်။ ၁၁  မင်း​ရဲ့ ကျောက်​မြို့​ရိုး​တွေ​ကို ပြန်​တည်​ဆောက်​တဲ့​နေ့ ရောက်​လာ​မယ်။ အဲဒီ​နေ့​မှာ နယ်​နိ​မိတ်​ကို ချဲ့​ထွင်​ရ​လိမ့်​မယ်။* ၁၂  အဲဒီ​နေ့​မှာ အဆီး​ရီး​ယား​ပြည်​နဲ့ အီဂျစ်ရဲ့​မြို့​တွေ​က​နေ၊အီဂျစ်​ပြည်​ရဲ့ မြစ်​ကြီး* တစ်လျှောက်​က​နေ၊ ပင်လယ်​ပြင်​တွေ၊ တောင်​တန်း​တွေ​က​နေလူ​တွေ မင်း​ဆီ လာ​ကြ​လိမ့်​မယ်။+ ၁၃  တိုင်း​ပြည်​ဟာ ပြည်​သူ​ပြည်​သား​တွေ​ကြောင့်၊သူတို့​လုပ်​ရပ်ရဲ့ အကျိုး​ဆက်​ကြောင့် လူ​သူ​ကင်း​မဲ့​သွား​မယ်။ ၁၄  တော​ထဲ​မှာ၊ သစ်​သီး​ခြံ​ထဲ​မှာ တစ်ကိုယ်​တည်း​နေ​ထိုင်​တဲ့ လူမျိုး​တော်​ကို၊အမွေ​တော်​ဖြစ်​တဲ့ သိုး​အုပ်​ကို တောင်​ဝှေး​နဲ့ ထိန်း​ကျောင်း​ပေး​လှည့်​ပါ။+ ဟိုး​အရင်​တုန်း​က​လို ဗာရှန်​ပြည်​နဲ့ ဂိလဒ်​ပြည်​မှာ သူတို့​ကို ကျက်စား​စေ​ပါ။+ ၁၅  “အီဂျစ်​ပြည်​က​နေ မင်း​တို့​ထွက်လာ​တုန်း​က​လို အံ့​ဖွယ်​အမှု​တွေ ငါ​ပြဦး​မယ်။+ ၁၆  ဒါ​ကို​မြင်​တဲ့​အခါ လူမျိုး​ခြား​တွေ​က ခွန်​အား​ကြီး​ပေမဲ့ အရှက်​ကွဲ​ရလိမ့်​မယ်။+ ပါး​စပ်​ကို လက်​နဲ့​ပိတ်​ရ​လိမ့်​မယ်။ နား​ပင်း​သွား​လိမ့်​မယ်။ ၁၇  မြွေလို မြေမှုန့်​ကို လျက်​ရ​လိမ့်​မယ်။+ တွား​သွား​သတ္တ​ဝါ​တွေ​လို ရဲတိုက်​တွေ​ထဲ​က​နေ တုန်​လှုပ်​ပြီး ထွက်လာရ​လိမ့်​မယ်။ အထိတ်​တ​လန့်​ဖြစ်​ပြီး ယေဟောဝါ​ဘု​ရား​ဆီ လာရလိမ့်​မယ်။ ကိုယ်​တော့်​ကို ကြောက်​ရွံ့​ရို​သေရလိမ့်​မယ်။”+ ၁၈  ကိုယ်​တော့်​လို ဘု​ရား​မျိုး ရှိ​လို့​လား။ ကိုယ်​တော်​ဟာ အမွေ​တော်​ထဲက ကျန်ကြွင်း​သူ​တွေရဲ့+ အမှား​ကို ခွင့်​လွှတ်​တဲ့​ဘု​ရား၊အပြစ်​တွေ​ကို မှတ်​မထား​တဲ့ ဘုရား​ပါ။+ ခိုင်​မြဲတဲ့​မေတ္တာ​ပြရ​တာ​ကို နှစ်သက်​တဲ့​ဘု​ရား​ဖြစ်​လို့ အမြဲတမ်း အမျက်​ထွက်​နေ​မှာ မဟုတ်​ဘူး။+ ၁၉  ဘု​ရား​က ကရု​ဏာ​ပြန်​ပြလိမ့်​မယ်။+ ကျွန်​တော်​တို့​ရဲ့ အမှား​တွေ​ကို အနိုင်​ယူ​လိမ့်​မယ်။ အပြစ်​တွေ​ကို နက်​ရှိုင်း​တဲ့​ပင်လယ်​ထဲ ပစ်​ချ​လိမ့်​မယ်။+ ၂၀  ယာကုပ်​ကို​ထား​ခဲ့​တဲ့ သစ္စာ​တရားမျိုး၊အာဗြဟံ​ကို​ပြခဲ့​တဲ့ ခိုင်​မြဲတဲ့​မေတ္တာ​မျိုး ကျွန်​တော်​တို့​ကို​လည်း ပြလိမ့်​မယ်။ ဟိုး​အရင်​တုန်း​က ဘိုး​ဘေး​တွေ​ကို ကိုယ်​တော်ကျိန်​ဆို​ခဲ့​တဲ့ အတိုင်း​ပါ​ပဲ။+

အောက်ခြေမှတ်ချက်များ

“အမိန့်​က ရပ်​ဝေး​အထိ သက်​ရောက်​လိမ့်​မယ်” လည်း​ဖြစ်​နိုင်။
ယူ​ဖရေး​တီး​မြစ်။