မြည်တမ်းစကား ၁:၁-၂၂

  • ဂျေရုဆလင်ကို မုဆိုးမနဲ့တင်စား

    • တစ်ယောက်တည်း ထိုင်နေရ၊ စွန့်ပစ်ခံရ ()

    • ဇိအုန်ရဲ့ ကြီးလေးတဲ့အပြစ်တွေ (၈၊ ၉)

    • ဇိအုန်ကို ဘုရားသခင် ငြင်းပယ် (၁၂-၁၅)

    • ဇိအုန်ကို နှစ်သိမ့်ပေးသူ မရှိ (၁၇)

א*  လူစည်ကားခဲ့တဲ့မြို့ဟာ အခုတော့ တစ်ယောက်တည်း ထိုင်နေရပါလား။+ လူမျိုးတွေအလယ်မှာ လူနေထူထပ်ခဲ့တဲ့မြို့ဟာ မုဆိုးမလို ဖြစ်နေပါလား။+ ပြည်နယ်တွေအလယ်မှာ မင်းသမီးဖြစ်ခဲ့သူဟာ ကျွန်ခံနေရပါလား။+ ב  ၂  သူဟာ ညမှာ ရှိုက်ကြီးတငင် ငိုနေတယ်။+ ပါးပြင်မှာ မျက်ရည်စိုရွှဲနေတယ်။ ချစ်ရသူတွေထဲမှာ သူ့ကိုနှစ်သိမ့်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။+ အပေါင်းအဖော်တွေလည်း သစ္စာဖောက်ကုန်ပြီ။+ ရန်သူတွေ ဖြစ်ကုန်ပြီ။ ג  ၃  ယုဒဟာ ပြည်နှင်ဒဏ်ခံရပြီ။+ ဒုက္ခရောက်ပြီး ကျွန်ခံနေရပြီ။+ လူမျိုးတွေအလယ်မှာ နေထိုင်ရပြီး+ နားခိုရာ ရှာမတွေ့ဘူး။ ဒုက္ခရောက်နေချိန်မှာ ညှဉ်းပန်းနှိပ်စက်သူတွေ သူ့ကို လာဖမ်းသွားကြပြီ။ ד  ၄  ပွဲတော်လာတဲ့သူ တစ်ယောက်မှ မရှိလို့ ဇိအုန်ရဲ့လမ်းတွေ ညည်းတွားနေတယ်။+ မြို့တံခါးတွေ ပျက်စီးနေတယ်။+ ပုရောဟိတ်တွေ သက်ပြင်းချနေတယ်။ အပျိုစင်တွေ ဝမ်းနည်းပူဆွေး နေတယ်။ သူကိုယ်တိုင်လည်း ခါးသီးတဲ့ဝေဒနာ ခံစားနေရတယ်။ ה  ၅  ရန်ဘက်တွေဟာ အခုတော့ သူ့သခင် ဖြစ်နေပြီ။ ရန်သူတွေ အပူအပင် ကင်းဝေးနေပြီ။+ အပြစ်များလွန်းတဲ့ သူ့ကို ယေဟောဝါ ဝမ်းနည်းပူဆွေးစေပြီ။+ သားသမီးတွေဟာ ရန်သူရှေ့မှာ သုံ့ပန်းဘဝ ရောက်သွားပြီ။+ ו  ၆  ဇိအုန်သမီးပျိုရဲ့ ခမ်းနားမြင့်မြတ်မှုတွေ ပျောက်ဆုံးသွားပြီ။+ မင်းညီမင်းသားတွေဟာ စားကျက်ရှာမတွေ့တဲ့ သမင်ဖိုတွေလို ဖြစ်နေပြီ။ လိုက်ဖမ်းသူရှေ့မှာ မောဟိုက်နေပြီ။ ז  ၇  ဂျေရုဆလင်ဟာ ဒုက္ခရောက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ချိန်မှာ အတိတ်ကပိုင်ဆိုင်ခဲ့တဲ့ အဖိုးတန်အရာတွေကို+ ပြန်တမ်းတနေတယ်။ သူ့လူတွေ ရန်သူလက်ထဲ ရောက်ပြီး ကူကယ်ရာမဲ့နေချိန်မှာ+ ရန်သူတွေက သူ့အဖြစ်ကိုမြင်ပြီး သူကျဆုံးတာကို ရယ်မောကြတယ်။+ ח  ၈  ဂျေရုဆလင်ဟာ ကြီးလေးတဲ့အပြစ် ကျူးလွန်လို့+ ရွံစရာဖြစ်သွားပြီ။ သူ့ကိုဂုဏ်တင်ခဲ့သူတွေ အခုတော့ သူအဝတ်ဗလာဖြစ်နေတာကို မြင်ပြီး အထင်သေးသွားပြီ။+ သူကိုယ်တိုင်လည်း ညည်းတွားပြီး+ အရှက်တကွဲ လှည့်ထွက်သွားပြီ။ ט  ၉  သူ့ရဲ့မသန့်ရှင်းမှုဟာ ဝတ်ရုံမှာ စွန်းထင်းနေတယ်။ အနာဂတ်အကြောင်း သူ မစဉ်းစားဘူး။+ သူပြိုလဲသွားတာ မယုံနိုင်စရာပဲ။ နှစ်သိမ့်ပေးမယ့်သူ မရှိပါလား။ ယေဟောဝါဘုရား၊ ကျွန်တော့်ဒုက္ခကို မြင်လှည့်ပါ။ ရန်သူတွေ ကိုယ့်ဂုဏ်ကိုယ်ဖော် နေကြပြီ။+ י ၁၀  သူ့စည်းစိမ်တွေကို ရန်သူတွေ လက်ဝါးကြီးအုပ်လိုက်ပြီ။+ လူမျိုးတော်နဲ့အတူ မစုဝေးရဘူးလို့ ကိုယ်တော် မိန့်မှာထားသူတွေ သန့်ရှင်းရာဌာနတော်ထဲ ဝင်လာတာကို သူမြင်နေရပြီ။+ כ ၁၁  သူ့လူတွေ သက်ပြင်းချပြီး စားစရာ လိုက်ရှာနေရတယ်။+ မသေရုံတမယ် စားရဖို့ တန်ဖိုးကြီးပစ္စည်းတွေ ပေးလိုက်ရတယ်။ အို ယေဟောဝါ၊ ကျွန်မဟာ တန်ဖိုးမရှိတဲ့မိန်းမလို ဖြစ်နေတာ မြင်လှည့်ပါ။* ל ၁၂  ဖြတ်သန်းသွားလာသူတို့၊ ကြည့်ကြပါဦး။ ဘယ်လိုမှ မနေကြဘူးလား။ ကျွန်မရဲ့ဝေဒနာမျိုး ဘယ်သူ ခံစားဖူးလို့လဲ။ ယေဟောဝါက အမျက်တော်ထွက်တဲ့နေ့မှာ ကျွန်မကို အဲဒီလိုခံစားစေတယ်။+ מ ၁၃  ဘုရားက ကောင်းကင်ကနေ မီးလွှတ်ပြီး ကျွန်မအရိုးတွေကို လောင်ကျွမ်းစေတယ်။+ ကျွန်မခြေရှေ့မှာ ပိုက်ကွန်ချထားတယ်။ အတင်းပဲ နောက်ပြန်လှည့်ခိုင်းတယ်။ စွန့်ပစ်ခံရတဲ့မိန်းမ ဖြစ်စေတယ်။ ကျွန်မ တစ်နေ့လုံး ဖျားနာနေတယ်။ נ ၁၄  ဘုရားက ကျွန်မအပြစ်တွေကို လက်တော်နဲ့စည်းနှောင်ပြီး ထမ်းပိုးလိုဖြစ်အောင် လုပ်တယ်။ အဲဒီထမ်းပိုးကို လည်ကုပ်ပေါ်တင်တဲ့အတွက် ကျွန်မမှာ အားအင်မဲ့နေပြီ။ ကျွန်မ မခုခံနိုင်သူတွေလက်ထဲကို ယေဟောဝါ အပ်လိုက်တယ်။+ ס ၁၅  ကျွန်မရဲ့ ခွန်အားကြီးသူတွေကို ယေဟောဝါ ဖယ်ရှားလိုက်ပြီ။+ လူငယ်တွေကို နင်းခြေဖို့ လူအုပ်ကို ဆင့်ခေါ်တယ်။+ ယုဒသမီးပျိုကို စပျစ်ကျင်းမှာ ယေဟောဝါ နင်းနယ်တယ်။+ ע ၁၆  ဒါတွေကြောင့် ကျွန်မ ငိုနေရပြီ။+ မျက်ရည်တွေ ချောင်းလိုစီးနေပြီ။ နှစ်သိမ့်မယ့်သူ၊ အားပေးမယ့်သူ အလှမ်းဝေးနေတယ်။ ရန်သူတွေ အနိုင်ရသွားလို့ ကျွန်မရဲ့သားတွေ မရှိတော့ဘူး။ פ ၁၇  ဇိအုန်ဟာ လက်ဖြန့်ထားပေမဲ့+ နှစ်သိမ့်ပေးမယ့်သူ မရှိဘူး။ ယာကုပ်ကို တိုက်ခိုက်ဖို့ ပတ်ဝန်းကျင်ရန်သူတွေကို ယေဟောဝါ အမိန့်ပေးထားတယ်။+ ဂျေရုဆလင်ဟာ သူတို့အတွက် ရွံစရာဖြစ်နေပြီ။+ צ ၁၈  ယေဟောဝါဟာ ဖြောင့်မတ်တယ်။+ အမိန့်တော် ဖီဆန်မိလို့ ကျွန်မ အခုလိုဖြစ်ရတာ။+ လူအပေါင်းတို့၊ နားထောင်ကြ။ ကျွန်မရဲ့ နာကျင်မှုကို ကြည့်ကြ။ ကျွန်မရဲ့ အပျိုလူပျိုတွေ သုံ့ပန်းဘဝ ရောက်ကုန်ပြီ။+ ק ၁၉  ချစ်ရသူတွေကို ကျွန်မ ခေါ်နေလည်းပဲ သူတို့ သစ္စာဖောက်ကုန်ပြီ။+ ပုရောဟိတ်တွေ၊ အသက်ကြီးသူတွေဟာ အသက်ဆက်နိုင်ဖို့ စားစရာရှာရင်း+ မြို့ထဲမှာ သေဆုံးကုန်ကြပြီ။ ר ၂၀  အို ယေဟောဝါ၊ ကြည့်ပါဦး။ ကျွန်မ ဒုက္ခလှလှ တွေ့နေပြီ။ ရင်ထဲမှာ ဗလောင်ဆူနေပြီ။ အကြီးအကျယ် ပုန်ကန်မိလို့+ စိတ်ယောက်ယက်ခတ်နေပြီ။ အပြင်မှာ ဓားဘေးကြောင့် သေဆုံးကုန်ပြီ။+ အိမ်ထဲမှာလည်း သေဘေးပဲ ရှိတယ်။ ש ၂၁  ကျွန်မရဲ့သက်ပြင်းချသံကို ကြားကြပေမဲ့ နှစ်သိမ့်မယ့်သူ မရှိဘူး။ ရန်သူတွေက ကျွန်မရဲ့ဘေးဆိုးအကြောင်း ကြားကြပြီ။ အဲဒီလိုဖြစ်အောင် ကိုယ်တော်လုပ်လို့ ဝမ်းသာနေကြတာ။+ ဒါပေမဲ့ ကိုယ်တော်ပြောထားတဲ့နေ့ကို သူတို့ကြုံရမှာပါ။+ ကျွန်မလိုပဲ ဖြစ်သွားကြမှာပါ။+ ת ၂၂  ကျွန်မရဲ့ အပြစ်တွေအတွက် ကိုယ်တော် ပြင်းပြင်းထန်ထန် ဒဏ်ပေးသလို သူတို့ရဲ့ ဆိုးညစ်မှုတွေကို မြင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ပေးပါစေ။+ ကျွန်မ အကြိမ်ကြိမ် သက်ပြင်းချနေရတယ်။ စိတ်နာကျင်နေတယ်။

အောက်ခြေမှတ်ချက်များ

အခန်းကြီး ၁-၄ ဟာ ဟီဘရူးအက္ခရာစဉ်အလိုက် စီထားတဲ့ ငိုချင်း။
ဂျေရုဆလင်မြို့ကို လူပုဂ္ဂိုလ်အဖြစ် တင်စားထား။