မြည်တမ်းစကား ၂:၁-၂၂

  • ဂျေရုဆလင်ကို ယေဟောဝါ အမျက်ထွက်

    • လုံးဝ မသနား ()

    • ဇိအုန်အတွက် ယေဟောဝါဟာ ရန်သူဖြစ် ()

    • ဇိအုန်အတွက် ငိုကြွေး (၁၁-၁၃)

    • လှပခဲ့တဲ့မြို့တော်ကို လမ်းသွားလမ်းလာတွေ လှောင်ပြောင်ကြ (၁၅)

    • ဇိအုန်ကျဆုံးလို့ ရန်သူတွေ ပျော်နေ (၁၇)

א  ယေဟောဝါဟာ ဇိအုန်သမီးပျိုကို ဒေါသမိုးတိမ်နဲ့ ဖုံးလွှမ်းလိုက်ပြီပဲ။ အစ္စရေးရဲ့ အလှတရားကို ကောင်းကင်ကနေ မြေကြီးပေါ် ပစ်ချလိုက်ပြီ။+ အမျက်တော်ထွက်တဲ့နေ့မှာ ခြေတင်ရာခုံကို သတိမရတော့ဘူး။+ ב  ၂  ယာကုပ်ရဲ့နေရာတွေကို ယေဟောဝါ မညှာမတာ ဝါးမျိုလိုက်ပြီ။ ယုဒသမီးပျိုရဲ့ ခံတပ်တွေကို ဒေါသတကြီး ဖြိုချလိုက်ပြီ။+ သူ့နိုင်ငံနဲ့ မင်းညီမင်းသားတွေကို မြေပေါ် ဆွဲချပြီး ရှုတ်ချလိုက်ပြီ။+ ג  ၃  အစ္စရေးရဲ့ အစွမ်းခွန်အားကို* ဒေါသတကြီး ချိုးပစ်တယ်။ အစ္စရေးကို ရန်သူတွေလာတိုက်တဲ့အခါ ညာလက်တော်ကို ရုပ်သိမ်းလိုက်တယ်။+ အမျက်တော်ဟာ ပတ်လည်မှာရှိသမျှကို လောင်တဲ့မီးလို ယာကုပ်ကို လောင်နေတယ်။+ ד  ၄  ဘုရားဟာ ရန်သူလို လေးကိုတင်ထားတယ်။ ရန်ဘက်လို ညာလက်ကို ရွယ်ထားတယ်။+ ငါတို့ချစ်ခင်ရသူတွေကို ကွပ်မျက်တယ်။+ အမျက်တော်မီးကို+ ဇိအုန်သမီးပျိုရဲ့ တဲအပေါ်+ သွန်းလောင်းတယ်။ ה  ၅  ယေဟောဝါဟာ ငါတို့ရန်သူ ဖြစ်သွားပြီ။+ အစ္စရေးကို ဝါးမျိုလိုက်ပြီ။ ဇိအုန်မျှော်စင်တွေကို ဝါးမျိုပြီးခံတပ်တွေကို ဖျက်ဆီးလိုက်ပြီ။ ယုဒသမီးပျိုကို အကြီးအကျယ် ငိုကြွေးမြည်တမ်းစေတယ်။ ו  ၆  ယေဟောဝါက သူ့တဲကို ယာခင်းထဲက တဲလို ဖြိုချတယ်။+ ပွဲတော်ကို ဖျက်သိမ်းလိုက်တယ်။+ ဇိအုန်မှာ ပွဲတော်နဲ့ ဥပုသ်နေ့ကို မေ့လျော့စေတယ်။ ဘုရင်နဲ့ ပုရောဟိတ်ကို အကြီးအကျယ် အမျက်ထွက်ပြီး အရေးမလုပ်တော့ဘူး။+ ז  ၇  ယေဟောဝါဟာ ပူဇော်ရာပလ္လင်ကို စွန့်ပယ်လိုက်ပြီ။ သန့်ရှင်းရာဌာနတော်ကို ပစ်ပယ်လိုက်ပြီ။+ ခံတပ်မျှော်စင်တွေကို ရန်သူလက်ထဲ အပ်လိုက်ပြီ။+ ပွဲတော်နေ့မှာ ကြွေးကြော်သလို ယေဟောဝါရဲ့ အိမ်တော်မှာ ရန်သူတွေ ကြွေးကြော်နေကြပြီ။+ ח  ၈  ယေဟောဝါက ဇိအုန်သမီးပျိုရဲ့ မြို့ရိုးကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားတယ်။+ တိုင်းကြိုးကို ဆန့်တန်းလိုက်တယ်။+ ဖျက်ဆီးဖို့ လက်တော်ကို မရုပ်သိမ်းဘူး။ ခံစစ်ကုန်းရိုးနဲ့ မြို့ရိုးကို ညည်းတွားငိုကြွေးစေတယ်။ အားလုံး ပြိုကျကုန်ပြီ။ ט  ၉  ဇိအုန်မြို့တံခါးတွေ မြေကြီးထဲ နစ်မြုပ်ကုန်ပြီ။+ ဇိအုန်ကန့်လန့်ကျင်တွေကို ချိုးဖျက်တယ်။ ဘုရင်နဲ့ မင်းညီမင်းသားတွေ လူမျိုးတွေအလယ်မှာ နေထိုင်ရတယ်။+ ပညတ်ချက်တွေ လိုက်နာသူ တစ်ယောက်မှ မရှိဘူး။ ပရောဖက်တွေတောင် ယေဟောဝါဆီက စိတ်အာရုံကို မရတော့ဘူး။+ י ၁၀  ဇိအုန်သမီးပျိုရဲ့ အကြီးအကဲတွေ မြေပေါ်ထိုင်ပြီး နှုတ်ဆိတ်နေကြတယ်။+ မြေမှုန့်ကို ခေါင်းပေါ်တင်ပြီး အထည်ကြမ်း* ဝတ်ထားကြတယ်။+ ဂျေရုဆလင်ရဲ့ အပျိုစင်တွေ ခေါင်းငိုက်စိုက်နဲ့ မြေမှာ ပြားပြားဝပ်နေပြီ။ כ ၁၁  ငိုရလွန်းလို့ ငါ့မျက်စိတွေ ညောင်းလှပြီ။+ ရင်ထဲမှာ ဗလောင်ဆူနေတယ်။ အသည်းတွေ ကွဲကြေပြီး မြေပေါ် စီးကျနေတယ်။ ငါ့လူမျိုးသမီးပျို ပြိုလဲပြီး+ လူထုရင်ပြင်တွေမှာ နို့စို့နို့ ညှာကလေးတွေ အားပြတ်နေလို့ပေါ့။+ ל ၁၂  သူတို့ဟာ လူထုရင်ပြင်တွေမှာ ဒဏ်ရာရသူတွေလို အားပြတ်နေကြပြီ။ မိခင်ရင်ခွင်မှာ အသက်ယဲ့ယဲ့လေးပဲ ကျန်တော့တယ်။ “အမေ၊ စားစရာသောက်စရာတွေကော” လို့မေးနေကြတယ်။+ מ ၁၃  အို ဂျေရုဆလင်သမီးပျို၊ မင်းကို ဘာနဲ့ ဥပမာပေးရမလဲ။ ဘာနဲ့ ခိုင်းနှိုင်းရမလဲ။ အို ဇိအုန်သမီးပျို၊ မင်းကို ဘာနဲ့ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမလဲ။ မင်းရဲ့ဒဏ်ရာဟာ ပင်လယ်ကြီးလောက် ကျယ်ပြောနေလို့+ ဘယ်သူ ကုသပေးနိုင်မှာလဲ။+ נ ၁၄  ပရောဖက်တွေဟာ မှားယွင်းတဲ့၊ အဓိပ္ပာယ်မရှိတဲ့ စိတ်အာရုံတွေကို မြင်မက်ကြတယ်။+ သုံ့ပန်းဘဝ မရောက်ရလေအောင် မင်းရဲ့အမှားကို မဖော်ထုတ်ပေးကြဘူး။+ မှားယွင်းတဲ့၊ လမ်းလွဲစေတဲ့ သတင်းစကားတွေပါတဲ့ စိတ်အာရုံကိုပဲ မြင်ကြတယ်။+ ס ၁၅  လမ်းသွားလမ်းလာတွေ မင်းကိုကြည့်ပြီး လှောင်တဲ့အနေနဲ့ လက်ခုပ်တီးကြတယ်။+ ဂျေရုဆလင်သမီးပျိုကို ခေါင်းတခါခါနဲ့ အံ့သြတကြီး ကြည့်ရင်း လှောင်ပြောင်ကြလိမ့်မယ်။*+ “‘အလှတရားနဲ့ ပြည့်စုံတဲ့မြို့၊ မြေတစ်ပြင်လုံးရဲ့  ရွှင်လန်းစရာမြို့’ ဆိုတာ ဒီမြို့တဲ့လား” ဆိုပြီး ပြောကြတယ်။+ פ ၁၆  ရန်သူတွေ မင်းကိုဝါးမျိုဖို့ ပါးစပ်ဟထားကြတယ်။ လှောင်ပြောင်ကြတယ်။ အံကြိတ်ခံပြင်းနေကြတယ်။ “သူ့ကို မျိုချလိုက်ပြီ။+ ငါတို့စောင့်မျှော်နေတဲ့နေ့ ရောက်လာပြီ။+ ဒီလိုနေ့မျိုး မြင်ရပြီဟေ့”+ လို့ပြောကြတယ်။ ע ၁၇  ယေဟောဝါက ရည်ရွယ်ထားတဲ့အတိုင်း လုပ်ဆောင်တယ်။+ အရင်ကမိန့်မှာခဲ့တာကို+ အကောင်အထည်ဖော်တယ်။+ မညှာမတာ ဖြိုချတယ်။+ ရန်သူတွေကို မင်းအပေါ် အောင်ပွဲဆင်ပြီး ဝမ်းမြောက်ခွင့်ပေးတယ်။ ရန်ဘက်တွေရဲ့ အစွမ်းခွန်အားကို ချီးမြှောက်တယ်။ צ ၁၈  အို ဇိအုန်သမီးပျိုရဲ့ မြို့ရိုး၊ ယေဟောဝါကို လူတွေ အော်ဟစ်အကူအညီတောင်းနေတယ်။ မျက်ရည်တွေ နေ့ရောညပါ ချောင်းလို စီးဆင်းပါစေ။ အနားမယူနဲ့။ မနားတမ်း ငိုလိုက်ပါ။ ק ၁၉  တစ်ညလုံး ငိုကြွေးပါ။ ရေသွန်ချသလို ယေဟောဝါရှေ့မှာ ရင်ဖွင့်ချလိုက်ပါ။ လမ်းထောင့်တိုင်းမှာ ငတ်ပြတ်နေတဲ့ သားသမီးတွေ အသက်ချမ်းသာရအောင် လက်ဖြန့်ဆုတောင်းပါ။+ ר ၂၀  အို ယေဟောဝါ၊ ကိုယ်တော် ပြင်းပြင်းထန်ထန် ဒဏ်ခတ်လိုက်တဲ့သူကို ကြည့်ပါဦး။ မိခင်တွေဟာ ကိုယ့်ရင်သွေးတွေ၊ ကျန်းကျန်းမာမာ မွေးထုတ်ခဲ့တဲ့ သားသမီးတွေရဲ့ အသားကို စားသင့်သလား။+ ယေဟောဝါရဲ့ သန့်ရှင်းရာဌာနတော်မှာ ပုရောဟိတ်တွေ၊ ပရောဖက်တွေ အသတ်ခံရသင့်သလား။+ ש ၂၁  လူကြီးလူငယ်ပါမကျန် လမ်းပေါ် လဲသေနေကြတယ်။+ အပျိုလူပျိုတွေ ဓားဘေးကြောင့် ကျဆုံးကုန်ပြီ။+ အမျက်တော်ထွက်တဲ့နေ့မှာ သူတို့ကို ကွပ်မျက်တယ်။ မညှာမတာ ကွပ်မျက်တယ်။+ ת ၂၂  အရပ်ရပ်က ကြောက်မက်ဖွယ်ရာတွေကို ကိုယ်တော်ဖိတ်ခေါ်နေတာ ပွဲတော်နေ့ကျနေတာပဲ။+ ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ အသက်ရှင်လွတ်မြောက်သူ တစ်ယောက်မှ မရှိဘူး။+ ငါမွေးထုတ်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သူတွေကို ရန်သူ ချေမှုန်းလိုက်ပြီ။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဦးချို။”
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “လေချွန်ကြလိမ့်မယ်။”