မြည်တမ်းစကား ၃:၁-၆၆

  • ခံစားချက်နဲ့ မျှော်လင့်ချက်အကြောင်း ယေရမိရင်ဖွင့်

    • “စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်” (၂၁)

    • ကရုဏာတော်ဟာ မနက်တိုင်း သစ်လွင်နေ (၂၂၊ ၂၃)

    • ယေဟောဝါဟာ မိမိကိုမျှော်လင့်နေသူအပေါ် ကောင်းမြတ် (၂၅)

    • လူဟာ ငယ်ရွယ်တုန်း ထမ်းပိုးထမ်းတာ ကောင်း (၂၇)

    • ဘုရားသခင်က မိမိကိုယ်ကို တိမ်ထုနဲ့ကာဆီး (၄၃၊ ၄၄)

א  ငါဟာ အမျက်တော်ကြိမ်လုံးကြောင့် ဒုက္ခခံနေရသူပါ။  ၂  ဘုရားက ငါ့ကို မောင်းထုတ်ပြီး အလင်းထဲမှာ မဟုတ်ဘဲ အမှောင်ထဲမှာ လျှောက်ခိုင်းနေတယ်။+  ၃  ငါ့ကို တစ်နေ့လုံး လက်တော်နဲ့ အကြိမ်ကြိမ် ဒဏ်ခတ်နေတယ်။+ ב  ၄  ငါ့ကို အရိုးပေါ်အရေတင် ဖြစ်စေတယ်။ အရိုးတွေကို ချိုးပစ်တယ်။  ၅  ဘုရားက ငါ့ကို ဝိုင်းထားတယ်။ ခါးသီးတဲ့အဆိပ်တွေ၊+ အခက်အခဲတွေနဲ့ ဝိုင်းရံထားတယ်။  ၆  ဟိုးတုန်းက သေဆုံးသွားသူတွေလို အမှောင်ထဲမှာ အတင်းထိုင်ခိုင်းတယ်။ ג  ၇  ငါမလွတ်မြောက်နိုင်အောင် တံတိုင်းခတ်ထားတယ်။ ကြေးနီခြေကျဉ်းတွေ ခတ်ထားတယ်။+  ၈  အသည်းအသန် အော်ဟစ်အကူအညီတောင်းပေမဲ့ ငါ့ဆုတောင်းချက်ကို နားမထောင်ဘူး။+  ၉  ငါ့လမ်းတွေကို ဆစ်ထားတဲ့ကျောက်တုံးတွေနဲ့ ပိတ်ဆို့ထားတယ်။ လမ်းတွေကို ကွေ့ကောက်စေတယ်။+ ד ၁၀  ငါ့ကို တိုက်ဖို့ ဝက်ဝံလို ချောင်းမြောင်းပြီး ခြင်္သေ့လို ဝပ်နေတယ်။+ ၁၁  လမ်းပေါ်ကနေ တွန်းချတယ်။ အပိုင်းပိုင်း ဆွဲဖဲ့တယ်။* လူသူကင်းမဲ့စေတယ်။+ ၁၂  လေးကိုတင်ပြီး ငါ့ကို ပစ်မှတ်အဖြစ် ချိန်ရွယ်တယ်။ ה ၁၃  မြားကျည်တောက်ထဲက မြားတွေနဲ့ ငါ့ကျောက်ကပ်တွေကို ခွင်းပစ်တယ်။ ၁၄  ငါဟာ လူတွေ ဝိုင်းဟားစရာ၊ တစ်နေ့လုံး သီချင်းဖွဲ့ဆိုစရာ ဖြစ်နေတယ်။ ၁၅  ငါ့ကို ခါးသီးတဲ့အရာတွေနဲ့ ဗိုက်ဝစေတယ်။ ဒေါနနဲ့* ဝစေတယ်။+ ו ၁၆  ကျောက်စရစ်ခဲ ကျွေးပြီး ငါ့သွားတွေကို ချိုးပစ်တယ်။ ငါ့ကို ပြာထဲမှာ လူးလိမ့်စေတယ်။+ ၁၇  ကျွန်တော့်ကို စိတ်ငြိမ်သက်မှု မပေးဘူး။ ကောင်းတာတွေကို မေ့ကုန်ပြီ။ ၁၈  ဒါကြောင့် “ငါ့ရဲ့ခမ်းနားမှုတွေ၊ ယေဟောဝါ အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားပြီ” လို့ ကျွန်တော်ပြောတယ်။ ז ၁၉  ကျွန်တော် ဒုက္ခရောက်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတာ၊+ ဒေါနနဲ့ ခါးသီးတဲ့အဆိပ်ပဲ စားနေရတာကို သတိရလှည့်ပါ။+ ၂၀  ကိုယ်တော် ကျိန်းသေသတိရပြီး ကျွန်တော့်ကို ကူညီပေးဖို့ ကိုယ်ကို ကိုင်းညွတ်လိမ့်မယ်။+ ၂၁  အဲဒါကို ကျွန်တော့်စိတ်ထဲ ပြန်အမှတ်ရနေတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မယ်။+ ח ၂၂  ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကြောင့် ကျွန်တော်တို့ ဇာတ်သိမ်းသွားမှာ မဟုတ်ဘူး။+ ကရုဏာတော် ဘယ်တော့မှ မကုန်ဆုံးဘူး။+ ၂၃  ကရုဏာတော်ဟာ မနက်တိုင်း သစ်လွင်နေတယ်။+ သစ္စာတရား ကြီးမားလှတယ်။+ ၂၄  “ယေဟောဝါဟာ ငါ့ဝေစုပဲ။+ ဒါကြောင့် ကိုယ်တော့်ကို စိတ်ရှည်ရှည်နဲ့ စောင့်မယ်”+ လို့ ကျွန်တော်ပြောတယ်။ ט ၂၅  ယေဟောဝါဟာ မိမိကို မျှော်လင့်နေသူအပေါ်၊+ မိမိကို အမြဲရှာဖွေနေသူအပေါ် ကောင်းမြတ်တယ်။+ ၂၆  ယေဟောဝါရဲ့ ကယ်တင်ခြင်းကို+ နှုတ်ဆိတ်ပြီး* စောင့်နေတာ ကောင်းတယ်။+ ၂၇  လူဟာ ငယ်ရွယ်တုန်း ထမ်းပိုးထမ်းတာ ကောင်းတယ်။+ י ၂၈  သူ့အပေါ် ဘုရား ထမ်းပိုးတင်တဲ့အခါ တစ်ယောက်တည်း ထိုင်ပြီး နှုတ်ဆိတ်နေပါစေ။+ ၂၉  မျှော်လင့်ချက် ရှိကောင်းရှိနိုင်တဲ့အတွက်+ မျက်နှာကို မြေမှာအပ်ထားပါစေ။+ ၃၀  ပါးရိုက်တဲ့သူကို ပါးရိုက်ခွင့်ပေးပါစေ။ စော်ကားမှုတွေကို အပြည့်အဝ ခံရပါစေ။ כ ၃၁  ငါတို့ကို ယေဟောဝါ ထာဝစဉ် စွန့်ပစ်ထားမှာ မဟုတ်ဘူး။+ ၃၂  ဘုရားက ဝမ်းနည်းပူဆွေးစေပေမဲ့ ခိုင်မြဲတဲ့မေတ္တာတော် ကြွယ်ဝတဲ့အတိုင်း ကရုဏာလည်း ပြလိမ့်မယ်။+ ၃၃  လူတွေကို ဒုက္ခရောက်စေဖို့၊ သောကရောက်စေဖို့ အလိုမရှိဘူး။+ ל ၃၄  အကျဉ်းသားတွေကို နင်းခြေတာ၊+ ၃၅  အမြင့်ဆုံးအရှင်ရှေ့မှာ တရားမျှတစွာ မစီရင်ပေးတာ၊+ ၃၆  ဖြတ်စားလျှပ်စား လုပ်ပြီး အမှုရှုံးစေတာ၊ဒါတွေကို ယေဟောဝါ သည်းမခံဘူး။ מ ၃၇  ယေဟောဝါ အမိန့်မပေးဘဲ ဘယ်သူ အမိန့်ပေးပြီး အဲဒီအတိုင်းဖြစ်အောင် လုပ်နိုင်လို့လဲ။ ၃၈  အမြင့်ဆုံးအရှင်ရဲ့ နှုတ်ကနေ ကောင်းတာရော မကောင်းတာရော အတူ ထွက်မလာဘူး။ ၃၉  ကိုယ့်အပြစ်နဲ့ ကိုယ်ခံရတာကို ဘာလို့ မကျေမနပ် ဖြစ်နေရမှာလဲ။+ נ ၄၀  ငါတို့ရဲ့လမ်းစဉ်တွေကို အသေအချာ ဆန်းစစ်ပြီး+ ယေဟောဝါဆီ ပြန်သွားကြစို့။+ ၄၁  ကောင်းကင်မှာရှိတဲ့ ဘုရားသခင်ဆီ စိတ်ရင်းမှန်နဲ့ လက်ဖြန့်ဆုတောင်းကြစို့-+ ၄၂  “ကျွန်တော်တို့ ပြစ်မှားမိပါပြီ။ ပုန်ကန်မိပါပြီ။+ ကျွန်တော်တို့ကို ကိုယ်တော် ခွင့်မလွှတ်ဘူး။+ ס ၄၃  ကျွန်တော်တို့ မလာနိုင်အောင် အမျက်တော်နဲ့ ကာဆီးထားတယ်။+ လိုက်ဖမ်းပြီး မညှာမတာ ကွပ်မျက်တယ်။+ ၄၄  ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ ရှေ့တော် မရောက်နိုင်အောင် တိမ်ထုကြီးနဲ့ ကာဆီးထားတယ်။+ ၄၅  ကျွန်တော်တို့ကို လူပုံအလယ်မှာ အညစ်အကြေး၊ အမှိုက်သရိုက် ဖြစ်စေတယ်။” פ ၄၆  ငါတို့ကို ဝါးမျိုဖို့ ရန်သူတွေ ပါးစပ်ဟထားကြတယ်။+ ၄၇  ကြောက်လန့်စရာတွေ၊ တွင်းတွေ၊+ လူသူကင်းမဲ့တာတွေ၊ ဒဏ်ရာဒဏ်ချက်တွေဟာ ငါတို့ရဲ့ဝေစုပဲ။+ ၄၈  ငါ့လူမျိုးသမီးပျိုရဲ့ ဒဏ်ရာကြောင့် ငါ့မျက်ရည်တွေ ချောင်းလိုစီးနေတယ်။+ ע ၄၉  မနားတမ်း ဆက်တိုက် ငိုနေတယ်။+ ၅၀  ကောင်းကင်ပေါ်ကနေ ယေဟောဝါ ငုံ့ပြီး မကြည့်မချင်း ငါငိုနေမယ်။+ ၅၁  ငါ့မြို့မှာရှိတဲ့ သမီးပျိုတွေရဲ့အဖြစ်ကို မြင်နေရလို့ ငါ့မှာ ဝမ်းနည်းကြေကွဲနေတယ်။+ צ ၅၂  ငှက်ဖမ်းသလို ရန်သူတွေက အကြောင်းမရှိဘဲ ငါ့ကို လိုက်ဖမ်းနေကြတယ်။ ၅၃  ငါ့ကို တွင်းထဲမှာ အဆုံးစီရင်ကြတယ်။ ကျောက်ခဲနဲ့ ပေါက်ကြတယ်။ ၅၄  ခေါင်းပေါ် ရေတွေ ဒလဟောစီးကျနေတဲ့အတွက် “သေပါပြီ” လို့ ငါပြောမိတယ်။ ק ၅၅  အို ယေဟောဝါ၊ တွင်းနက်ထဲကနေ နာမတော်ကို အော်ခေါ်ပါတယ်။+ ၅၆  ကျွန်တော့်အသံကို ကြားလှည့်ပါ။ လွတ်မြောက်နိုင်ဖို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားပိတ်မထားပါနဲ့။ ၅၇  ကျွန်တော် အော်ခေါ်တဲ့နေ့မှာအနားရောက်လာပြီး “မကြောက်ပါနဲ့” လို့ ကိုယ်တော် ပြောတယ်။ ר ၅၈  အို ယေဟောဝါ၊ ကျွန်တော့်အမှုကို ကိုယ်တော် ခုခံကာကွယ်ပေးတယ်။ ကျွန်တော့်အသက်ကို ရွေးယူတယ်။+ ၅၉  ယေဟောဝါဘုရား၊ ကျွန်တော် မတရားခံရတာကို ကိုယ်တော် မြင်ပါပြီ။ တရားမျှတစွာ စီရင်ပေးလှည့်ပါ။+ ၆၀  ကျွန်တော့်ကို လက်စားချေနေတာ၊ မကောင်းကြံတာကိုလည်း မြင်ပါပြီ။ ש ၆၁  အို ယေဟောဝါ၊ ကျွန်တော့်ကိုကဲ့ရဲ့ထေ့ငေါ့နေတာ၊ မကောင်းကြံတာ၊+ ၆၂  ဆန့်ကျင်သူတွေရဲ့စကား၊ကျွန်တော့် မကောင်းကြောင်း တစ်နေ့လုံး တီးတိုးပြောနေတာကို ကိုယ်တော်ကြားပါပြီ။ ၆၃  ထိုင်နေနေ၊ ထနေနေ ကျွန်တော့်အကြောင်း သီချင်းဖွဲ့ဆိုပြီး လှောင်နေတာကို ကြည့်လှည့်ပါဦး။ ת ၆၄  အို ယေဟောဝါ၊ သူတို့လုပ်ရပ်တွေအတိုင်း ကိုယ်တော် ပြန်ဆပ်ပေးလိမ့်မယ်။ ၆၅  ကျိန်စာတိုက်ထားတဲ့အတိုင်း သူတို့ကို အကြင်နာတရား ကင်းမဲ့စေမယ်။ ၆၆  အို ယေဟောဝါ၊ သူတို့ကို ဒေါသတကြီး လိုက်ဖမ်းပြီး ကောင်းကင်အောက်ကနေ အစတုံး ဖျက်ဆီးလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

“ငါ့ကို မြေရိုင်းလို ဖြစ်စေတယ်” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “စိတ်ရှည်ရှည်။”