မဿဲ ၁:၁-၂၅

  • ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်စာရင်း  (၁-၁၇)

  • ယေရှုခရစ် မွေးဖွားလာပုံ (၁၈-၂၅)

 အာဗြဟံရဲ့သား၊+ ဒါဝိဒ်ရဲ့သား+ ခရစ်တော်* လို့ ခေါ်တဲ့ ယေရှုရဲ့ ဆွေစဉ်မျိုးဆက် စာရင်းကတော့–  ၂  အာဗြဟံရဲ့သားက အိဇက်၊+အိဇက်ရဲ့သားက ယာကုပ်၊+ယာကုပ်ရဲ့သားတွေက ယုဒနဲ့ ညီနောင်တစ်စု၊+  ၃  ယုဒနဲ့တာမာရဲ့ သားတွေက ဖာရက်နဲ့ ဇေရ၊+ဖာရက်ရဲ့သားက ဟေဇရုံ၊+ဟေဇရုံရဲ့သားက ရာမ၊+  ၄  ရာမရဲ့သားက အမိနဒပ်၊အမိနဒပ်ရဲ့သားက နာရှုန်၊+နာရှုန်ရဲ့သားက စာလမုန်၊  ၅  စာလမုန်နဲ့ ရာခပ်ရဲ့+ သားက ဗောဇ၊ဗောဇနဲ့ရုသရဲ့+ သားက ဩဗက်၊သြဗက်ရဲ့သားက ယေရှဲ၊+  ၆  ယေရှဲရဲ့သားက ဒါဝိဒ်မင်း၊+ဥရိယရဲ့ဇနီးနဲ့ရတဲ့ ဒါဝိဒ်ရဲ့သားက ရှောလမုန်၊+  ၇  ရှောလမုန်ရဲ့သားက ရောဗောင်၊+ရောဗောင်ရဲ့သားက အဘိယ၊အဘိယရဲ့သားက အာသ၊+  ၈  အာသရဲ့သားက ယောရှဖတ်၊+ယောရှဖတ်ရဲ့သားက ယဟောရံ၊+ယဟောရံရဲ့သားက ဩဇိ၊  ၉  သြဇိရဲ့သားက ယောသံ၊+ယောသံရဲ့သားက အာခတ်၊+အာခတ်ရဲ့သားက ဟေဇကိ၊+ ၁၀  ဟေဇကိရဲ့သားက  မနာရှေ၊+မနာရှေရဲ့သားက အာမုန်၊+အာမုန်ရဲ့သားက ယောရှိ၊+ ၁၁  ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်အတွင်း+ ယောရှိ+ ရတဲ့သားတွေက ယေခေါနိနဲ့+ ညီနောင်တစ်စု၊ ၁၂  ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရပြီးနောက် ယေခေါနိရတဲ့သားက ရှာလသေလ၊ရှာလသေလရဲ့သားက ဇေရုဗဗေလ၊+ ၁၃  ဇေရုဗဗေလရဲ့သားက အဗျုဒ်၊အဗျုဒ်ရဲ့သားက ဧလျာကိမ်၊ဧလျာကိမ်ရဲ့သားက အာဇော်၊ ၁၄  အာဇော်ရဲ့သားက ဇာဒုတ်၊ဇာဒုတ်ရဲ့သားက အာခိမ်၊အာခိမ်ရဲ့သားက ဧလုဒ်၊ ၁၅  ဧလုဒ်ရဲ့သားက ဧလာဇာ၊ဧလာဇာရဲ့သားက မဿန်၊မဿန်ရဲ့သားက ယာကုပ်၊ ၁၆  ယာကုပ်ရဲ့သားက မာရိရဲ့ခင်ပွန်း ယောသပ်။ မာရိဟာ ခရစ်တော်လို့ခေါ်တဲ့+ ယေရှုရဲ့ မိခင်ပဲ။+ ၁၇  အာဗြဟံကနေ ဒါဝိဒ်အထိ မျိုးဆက် ၁၄ ဆက်၊ ဒါဝိဒ်ကနေ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်အထိ မျိုးဆက် ၁၄ ဆက်၊ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်ကနေ ခရစ်တော်အထိ မျိုးဆက် ၁၄ ဆက် ရှိတယ်။ ၁၈  ယေရှုခရစ်  မွေးဖွားလာပုံကတော့ သူ့မိခင်မာရိဟာ ယောသပ်နဲ့စေ့စပ်ထားပြီး လင်မယားအဖြစ် မပေါင်းသင်းခင်  သန့်ရှင်းသော  စွမ်းအားတော်ကြောင့်+ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ်။ ၁၉  ဒါပေမဲ့ ခင်ပွန်းဖြစ်သူ ယောသပ်ဟာ ဖြောင့်မတ်သူဖြစ်လို့ မာရိကို လူရှေ့သူရှေ့မှာ အရှက်မကွဲစေချင်ဘူး။ ဒါကြောင့် မာရိကို တိတ်တဆိတ် ကွာရှင်းဖို့ စဉ်းစားနေတယ်။+ ၂၀  အဲဒီလို စဉ်းစားပြီးချိန်မှာ ယေဟောဝါရဲ့* ကောင်းကင်တမန်ဟာ အိပ်မက်မှာ ပေါ်လာပြီး “ဒါဝိဒ်ရဲ့သား ယောသပ်၊ မင်းရဲ့ဇနီးမာရိကို အိမ်ခေါ်သွားဖို့ မစိုးရိမ်နဲ့။  သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိနေတာ။+ ၂၁  သူ သားလေးမွေးလိမ့်မယ်။ ယေရှု* လို့နာမည်ပေးပါ။+ အဲဒီသားဟာ လူတွေကို အပြစ်ကနေ ကယ်တင်လိမ့်မယ်”+ လို့ပြောတယ်။ ၂၂  ဒါတွေဖြစ်ပျက်လာတဲ့အတွက် ပရောဖက်ကတစ်ဆင့် ယေဟောဝါ* ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။ ၂၃  “အပျိုစင်ဟာ ကိုယ်ဝန်ရှိလာပြီး သားလေး မွေးလိမ့်မယ်။ အဲဒီသားကို ဧမာနွေလလို့ နာမည်ပေးလိမ့်မယ်”+ ဆိုတဲ့စကားပဲ။ ဧမာနွေလဆိုတာ “ငါတို့နဲ့အတူ ဘုရားသခင်ရှိတယ်”+ လို့ အဓိပ္ပာယ်ရတယ်။ ၂၄  ယောသပ် နိုးလာတဲ့အခါ ယေဟောဝါရဲ့* ကောင်းကင်တမန် ညွှန်ကြားတဲ့အတိုင်း သူ့ဇနီးကို အိမ်ခေါ်သွားတယ်။ ၂၅  ဒါပေမဲ့ သားလေး မမွေးခင်အထိ ဇနီးနဲ့ မပေါင်းသင်းဘူး။ သားလေး မွေးလာတော့+ ယေရှုလို့ နာမည်ပေးလိုက်တယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “မေရှိယ၊ ဘိသိက်ခံရသူ။”
ခရစ်ယာန်ဂရိကျမ်းစောင်မှာ ဘုရားနာမည် “ယေဟောဝါ” ၂၃၇ ကြိမ်ပါတဲ့အနက် ဦးဆုံးအကြိမ်။ နောက်ဆက်တွဲ က၅ ကိုကြည့်။
“ယေဟောဝါဟာ ကယ်တင်ခြင်း” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူးနာမည် ယေရွှာ ဒါမှမဟုတ် ယောရှုနဲ့တူ။