မဿဲ ၁၀:၁-၄၂

  • တမန်တော် ၁၂ ယောက် (၁-၄)

  • အမှုဆောင်လုပ်ငန်းအတွက် ညွှန်ကြားချက်တွေ (၅-၁၅)

  • တပည့်တွေ ညှဉ်းဆဲခံရမယ် (၁၆-၂၅)

  • ဘုရားသခင်ကို ကြောက်ပါ၊ လူကို မကြောက်ပါနဲ့ (၂၆-၃၁)

  • ငြိမ်သက်ခြင်းကို မဟုတ်ဘဲ ဓားကို ယူဆောင်လာ (၃၂-၃၉)

  • ယေရှုရဲ့တပည့်တွေကို ကြိုဆိုလက်ခံခြင်း (၄၀-၄၂)

၁၀  ယေရှုက တပည့် ၁၂ ယောက်ကို ခေါ်ပြီး နတ်ဆိုးတွေကိုနှင်ထုတ်နိုင်တဲ့တန်ခိုး၊+  ရောဂါဝေဒနာအမျိုးမျိုး ကုသနိုင်တဲ့တန်ခိုးကို ပေးအပ်တယ်။ ၂  တမန်တော် ၁၂ ယောက်ရဲ့နာမည်ကတော့–+ ပေတရုလို့ခေါ်တဲ့ ရှိမုန်နဲ့+ သူ့ညီ အန္ဒြေ၊+ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့  သူ့ညီ  ယောဟန်၊+ ၃  ဖိလိပ္ပု၊ ဗာသောလမဲ၊+  သောမ၊+  အခွန်ခံ မဿဲ၊+   အာလဖဲရဲ့သား  ယာကုပ်၊  သဒ္ဒဲ၊ ၄  စိတ်ထက်သန်သူ  ရှိမုန်၊ ယေရှုကို နောက်ပိုင်းမှာ သစ္စာဖောက်သွားတဲ့ ယုဒရှကာရုတ်+ တို့ဖြစ်တယ်။ ၅  ယေရှုက တမန်တော် ၁၂ ယောက်ကို စေလွှတ်ပြီး အခုလိုမှာတယ်–+ “လူမျိုးခြားတွေဆီ မသွားကြနဲ့။ ရှမာရိမြို့တွေထဲ မဝင်ကြနဲ့။+ ၆  အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီကိုပဲ  သွားကြပါ။+ ၇  သွားတဲ့အခါ ‘ကောင်းကင်နိုင်ငံ နီးနေပြီ’ ဆိုပြီး ဟောပြောကြပါ။+ ၈  ဖျားနာသူတွေကို ကျန်းမာအောင် လုပ်ပေးပါ။+ လူသေတွေကို အသက်ပြန်ရှင်လာအောင်  လုပ်ပေးပါ။ အနာကြီးရောဂါသည်တွေကို ကုသပေးပါ။ နတ်ဆိုးတွေကို နှင်ထုတ်ပါ။ အခမဲ့ရထားတဲ့အတွက် အခမဲ့ပေးကမ်းကြပါ။ ၉  ခါးပိုက်ဆောင်အိတ်ထဲ ရွှေငွေတွေ၊ ကြေးတွေ မဆောင်ထားကြနဲ့။+ ၁၀  လမ်းခရီးအတွက်  ရိက္ခာအိတ်  မဆောင်ထားကြနဲ့။ အလုပ်လုပ်တဲ့သူဟာ ကျွေးမွေးတာ ခံထိုက်တယ်။+ အင်္ကျီ၊ ဖိနပ်၊ တောင်ဝှေးတွေကို အပိုမဆောင်ထားကြနဲ့။+ ၁၁  “မြို့တစ်မြို့၊ ရွာတစ်ရွာထဲ ဝင်တဲ့အခါ ထိုက်တန်သူကို ရှာပြီး အဲဒီမြို့ရွာကနေ မထွက်မချင်း သူ့အိမ်မှာပဲ တည်းခိုပါ။+ ၁၂  အိမ်ထဲဝင်တဲ့အခါ  အိမ်သားတွေကို ‘ငြိမ်သက်ခြင်းရှိပါစေ’ ဆိုပြီး နှုတ်ဆက်ပါ။ ၁၃  သူတို့လက်ခံရင် အဲဒီအိမ်မှာ ငြိမ်သက်ခြင်း သက်ရောက်လိမ့်မယ်။+ လက်မခံရင်တော့ ငြိမ်သက်ခြင်းဟာ ခင်ဗျားတို့ဆီပဲ ပြန်သက်ရောက်လိမ့်မယ်။ ၁၄  ခင်ဗျားတို့ကို လက်မခံဘူး၊ ခင်ဗျားတို့စကားကို နားမထောင်ဘူးဆိုရင် အဲဒီအိမ်၊ အဲဒီမြို့ကနေ ထွက်ခွာတဲ့အခါ ခြေထောက်ကဖုန်တွေကို ခါလိုက်ပါ။+ ၁၅  ကျွန်တော် မှန်တာကိုပြောမယ်။ တရားစီရင်ရာနေ့မှာ အဲဒီမြို့ဟာ သောဒုံမြို့နဲ့ ဂေါမောရမြို့ထက်+ ပိုခံရလိမ့်မယ်။ ၁၆  “ဝံပုလွေအုပ်ထဲ သိုးတွေ လွှတ်လိုက်သလို ခင်ဗျားတို့ကို လွှတ်လိုက်ပြီ။ ဒါကြောင့် မြွေလို သတိကြီးပြီး ချိုးငှက်လို အပြစ်ကင်းကြပါ။+ ၁၇  လူတွေကို သတိထားပါ။ ခင်ဗျားတို့ကို တရားရုံးပို့ပြီး+ တရားဇရပ်တွေမှာ+ ရိုက်နှက်ကြလိမ့်မယ်။+ ၁၈  ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်ကြလိမ့်မယ်။+ ဒီနည်းနဲ့ သူတို့ကိုရော လူမျိုးခြားတွေကိုပါ သက်သေခံခွင့်ရလိမ့်မယ်။+ ၁၉  ခင်ဗျားတို့ကို အပ်နှံတဲ့အခါ ဘယ်လိုပြောရမလဲ၊ ဘာပြောရမလဲဆိုပြီး တွေးပူမနေပါနဲ့။ ပြောရမယ့်စကားကို အဲဒီအချိန်ကျရင် သိလာလိမ့်မယ်။+ ၂၀  ခင်ဗျားတို့ပဲ ပြောရမှာ မဟုတ်ဘူး၊ ကောင်းကင်အဖဆီကလာတဲ့ စွမ်းအားတော်က ကူပြောပေးလိမ့်မယ်။+ ၂၁  ဒါ့အပြင် ညီအစ်ကိုတွေ အသတ်ခံရအောင် အချင်းချင်း အပ်နှံလိမ့်မယ်။ ဖခင်က သားသမီးကို အပ်လိမ့်မယ်။ သားသမီးကလည်း မိဘကို ဆန့်ကျင်ပြီး အသတ်ခံရအောင် လုပ်ကြလိမ့်မယ်။+ ၂၂  ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။+ ဒါပေမဲ့ အဆုံးထိခံနိုင်ရည်ရှိတဲ့သူဟာ  ကယ်တင်ခံရလိမ့်မယ်။+ ၂၃  ခင်ဗျားတို့ကို ဒီမြို့မှာ ညှဉ်းဆဲရင် နောက်တစ်မြို့ကို ထွက်ပြေးပါ။+ ကျွန်တော် မှန်တာကို ပြောမယ်။ အစ္စရေးမြို့ရွာတွေကို လှည့်လည်ဟောပြောလို့ မပြီးခင် လူသား ရောက်လာလိမ့်မယ်။ ၂၄  “တပည့်ဟာ ဆရာထက် မသာနိုင်ဘူး။ ကျွန်ကလည်း သခင်ထက် မသာနိုင်ဘူး။+ ၂၅  တပည့်ဟာ ဆရာလို၊ ကျွန်ဟာ သခင်လိုဖြစ်လာရင်ပဲ+ ကျေနပ်သင့်ပြီ။ လူတွေက အိမ်ထောင်ဦးစီးကိုတောင် ဗေလဇေဗုလ*+ လို့ခေါ်ရင်  အိမ်သူအိမ်သားတွေကိုဆိုရင်တော့ ပိုဆိုးမှာပေါ့။ ၂၆  ဒါကြောင့် သူတို့ကို  မကြောက်ပါနဲ့။  ဖုံးကွယ်ထားသမျှ  ပေါ်လာရလိမ့်မယ်။  လျှို့ဝှက်ချက်မှန်သမျှ သိလာရလိမ့်မယ်။+ ၂၇  အမှောင်ထဲမှာ ကျွန်တော်ပြောတဲ့ စကားတွေကို အလင်းမှာ ပြောကြပါ။ ကျွန်တော် တိုးတိုးလေးပြောတဲ့ စကားတွေကို အိမ်မိုးပေါ်ကနေ ကြေညာကြပါ။+ ၂၈  ကိုယ်ခန္ဓာကို သတ်နိုင်ပေမဲ့ အသက်ကို* မဖျက်ဆီးနိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။+ ကိုယ်ခန္ဓာရော အသက်ကိုပါ ဂေဟင်နာ* အရပ်မှာ ဖျက်ဆီးနိုင်တဲ့အရှင်ကိုပဲ ကြောက်ကြပါ။+ ၂၉  စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနဲ့* ဝယ်လို့ရတယ် မဟုတ်လား။ အဖဘုရား  မသိဘဲနဲ့  အဲဒီစာငှက်တစ်ကောင်မှ မြေပေါ်မကျဘူး။+ ၃၀  ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်။ ၃၁  ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်။+ ၃၂  “လူတွေရှေ့မှာ ကျွန်တော့်ကို အသိအမှတ်ပြုသူတိုင်းကို+ ကောင်းကင်အဖရှေ့မှာ ကျွန်တော် အသိအမှတ်ပြုမယ်။+ ၃၃  လူတွေရှေ့မှာ ကျွန်တော့်ကို ငြင်းပယ်သူကိုတော့ ကောင်းကင်အဖရှေ့မှာ  ငြင်းပယ်မယ်။+ ၃၄  ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်လာတယ်လို့ မထင်ကြနဲ့။ ငြိမ်သက်ခြင်းအစား ဓားကို ယူဆောင်လာတယ်။+ ၃၅  အဖေနဲ့သား၊ အမေနဲ့သမီး၊ ယောက္ခမနဲ့ချွေးမ စိတ်ဝမ်းကွဲပြားစေဖို့ ကျွန်တော် ရောက်လာတာ။+ ၃၆  ကိုယ့်အိမ်သူအိမ်သားတွေဟာ ကိုယ့်ရန်သူ ဖြစ်လိမ့်မယ်။ ၃၇  ကျွန်တော့်ထက် မိဘကို ပိုချစ်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။ ကျွန်တော့်ထက် သားသမီးကို ပိုချစ်တဲ့သူကလည်း ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။+ ၃၈  ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက်ကို မလိုက်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။+ ၃၉  ကိုယ့်အသက်ကို* ကယ်ဖို့ ကြိုးစားသူဟာ အသက်ဆုံးရလိမ့်မယ်။ ကျွန်တော့်ကြောင့် အသက်ဆုံးတဲ့သူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်။+ ၄၀  “ခင်ဗျားတို့ကို ကြိုဆိုလက်ခံသူဟာ  ကျွန်တော့်ကို  လက်ခံတဲ့သူပဲ။ ကျွန်တော့်ကို လက်ခံသူဟာ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို လက်ခံတဲ့သူပဲ။+ ၄၁  လူတစ်ယောက်ကို ပရောဖက်ပဲဆိုပြီး ကြိုဆိုလက်ခံတဲ့သူဟာ ပရောဖက်ရမယ့် အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်။+ လူတစ်ယောက်ကို ဖြောင့်မတ်သူပဲဆိုပြီး ကြိုဆိုလက်ခံတဲ့သူဟာ ဖြောင့်မတ်သူရမယ့် အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်။ ၄၂  ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို ကျွန်တော့်တပည့်ပဲဆိုပြီး ရေအေးတစ်ခွက် တိုက်တယ်ဆိုပါစို့။ ကျွန်တော် မှန်တာကို ပြောမယ်။ သူ အကျိုးကျေးဇူး မခံစားရဘဲ မနေဘူး။”+

အောက်ခြေမှတ်ချက်များ

နတ်ဆိုးမင်း စာတန်ကို ရည်ညွှန်းတဲ့ နာမည်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “အဿရိတစ်ပြား။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။