မဿဲ ၁၈:၁-၃၅

  • နိုင်ငံတော်မှာ အကြီးမြတ်ဆုံးသူ (၁-၆)

  • အပြစ်ကျုးလွန်စေတဲ့အရာများ (၇-၁၁)

  • ပျောက်တဲ့သိုး ပုံဥပမာ (၁၂-၁၄)

  • ညီအစ်ကိုကို လမ်းမှန်ရောက်အောင် လုပ်နိုင်ပုံ (၁၅-၂၀)

  • ခွင့်မလွှတ်တဲ့ အမှုထမ်း ပုံဥပမာ (၂၁-၃၅)

၁၈  အဲဒီအချိန်မှာ တပည့်တွေက ယေရှုအနားလာပြီး “ကောင်းကင်နိုင်ငံမှာ ဘယ်သူ အကြီးမြတ်ဆုံးဖြစ်မလဲ” လို့မေးတဲ့အခါ၊+ ၂  ယေရှုက ကလေးငယ်တစ်ယောက်ကို ခေါ်ပြီး သူတို့အလယ်မှာ ရပ်ခိုင်းလိုက်တယ်။ ၃  အဲဒီနောက် “ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားတို့ဟာ စိတ်ထားပြောင်းလဲပြီး ကလေးငယ်တွေလိုဖြစ်အောင် မလုပ်ဘူးဆိုရင်+ ကောင်းကင်နိုင်ငံကို  ဘယ်လိုမှ  ဝင်ရမှာမဟုတ်ဘူး။+ ၄  ဒီကလေးငယ်လို နှိမ့်ချမယ်ဆိုရင်တော့ ကောင်းကင်နိုင်ငံမှာ အကြီးမြတ်ဆုံးဖြစ်လိမ့်မယ်။+ ၅  ကျွန်တော့်နာမည်ကိုထောက်ပြီး ကလေးငယ်လို  လူတစ်ယောက်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။ ၆  ကျွန်တော့်ကို ယုံကြည်ပြီး ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို လဲကျစေသူကတော့ ကြိတ်ဆုံကျောက်ကြီးကို* လည်မှာဆွဲပြီး  ပင်လယ်ထဲ ပစ်ချခံရတာ ပိုကောင်းမယ်။+ ၇  “အပြစ်ကျူးလွန်စေတဲ့ ဒီလောကဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။ အပြစ်ကျူးလွန်စေတဲ့ အရာတွေကတော့ ရှိကိုရှိလာမှာပဲ။ ဒါပေမဲ့ တခြားသူတွေကို အပြစ်ကျူးလွန်စေတဲ့သူဟာ အဖြစ်ဆိုးလွန်းတယ်။ ၈  ကိုယ့်လက်ဖြစ်စေ၊ ကိုယ့်ခြေထောက်ဖြစ်စေ  အပြစ်ကျူးလွန်စေတယ်* ဆိုရင် ဖြတ်ပြီး လွှင့်ပစ်လိုက်ပါ။+ ထာဝရမီးထဲ  ခြေလက်အစုံနဲ့ ပစ်ချခံရတာထက် ခြေလက်မစုံဘဲ အသက်ရှင်ခွင့်ရတာ ပိုကောင်းတယ်။+ ၉  ကိုယ့်မျက်စိက အပြစ်ကျူးလွန်စေတယ်ဆိုရင် ဖောက်ထုတ်ပြီး လွှင့်ပစ်လိုက်ပါ။ မီးလောင်နေတဲ့ ဂေဟင်နာ* အရပ်ဆီ မျက်စိအစုံနဲ့ ရောက်သွားတာထက် မျက်စိတစ်ဖက်နဲ့ အသက်ရှင်ခွင့်ရတာ ပိုကောင်းတယ်။+ ၁၀  ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို မထီလေးစား မလုပ်မိစေနဲ့။ ကျွန်တော်ပြောမယ်။ သူတို့ရဲ့ ကောင်းကင်တမန်တွေက ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ ရှေ့မှောက်မှာ အမြဲခစားနေကြတယ်။+ ၁၁  * ၁၂  “ခင်ဗျားတို့ ဘယ်လိုထင်သလဲ။ လူတစ်ယောက်မှာ သိုးအကောင် ၁၀၀ ရှိတဲ့အထဲက တစ်ကောင် လမ်းလွဲသွားတယ် ဆိုပါစို့။+ ၉၉ ကောင်ကို တောင်ပေါ်မှာထားခဲ့ပြီး လမ်းလွဲသွားတဲ့ သိုးတစ်ကောင်ကို သူထွက်ရှာမယ် မဟုတ်လား။+ ၁၃  ရှာတွေ့တဲ့အခါ လမ်းမလွဲတဲ့သိုး ၉၉ ကောင်ထက် ပြန်တွေ့တဲ့ သိုးတစ်ကောင်အတွက် ပိုပြီးဝမ်းသာနေမယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်တယ်။ ၁၄  အဲဒီအတိုင်းပဲ ကောင်းကင်မှာစံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး။+ ၁၅  “ညီအစ်ကိုက အပြစ်တစ်ခုခုလုပ်ရင် သူနဲ့ နှစ်ယောက်ချင်းတွေ့ပြီး သူ့အမှားကို ပြောပြပါ။+ ကိုယ့်စကားကို သူနားထောင်တယ်ဆိုရင် သူ့ကို လမ်းမှန်ရောက်အောင် လုပ်နိုင်ပြီ။+ ၁၆  နားမထောင်ရင်  လူတစ်ယောက်  နှစ်ယောက်ကို ခေါ်သွားပါ။ ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက်ရှိမှ အတည်ဖြစ်တယ်။+ ၁၇  သူတို့ရဲ့စကားကို နားမထောင်ဘူးဆိုရင်  အသင်းတော်ကို အကြောင်းကြားပါ။ အသင်းတော်ရဲ့ စကားကိုတောင် နားမထောင်ဘူးဆိုရင် သူ့ကို လူမျိုးခြား၊+ အခွန်ခံလို့ပဲ သတ်မှတ်လိုက်ပါ။+ ၁၈  “ကျွန်တော်  မှန်တာကိုပြောမယ်။ ကမ္ဘာမြေမှာ ခင်ဗျားတို့ ချည်နှောင်သမျှ ကောင်းကင်မှာ ချည်နှောင်ပြီးသား ဖြစ်လိမ့်မယ်။ ကမ္ဘာမြေမှာ ခင်ဗျားတို့  ဖြေလွှတ်သမျှ  ကောင်းကင်မှာ ဖြေလွှတ်ပြီးသား ဖြစ်လိမ့်မယ်။ ၁၉  ကျွန်တော် မှန်တာကို ပြောဦးမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ခင်ဗျားတို့ထဲက နှစ်ယောက်ဟာ အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် စိတ်တူသဘောတူ ဆုတောင်းမယ်ဆိုရင် ကောင်းကင်အဖက ပြည့်စုံစေမယ်။+ ၂၀  လူနှစ်ယောက်သုံးယောက်က ကျွန်တော့်နာမည်နဲ့ စုဝေးတယ်ဆိုရင်+ သူတို့နဲ့အတူ ကျွန်တော်ရှိနေမှာ ဖြစ်လို့ပဲ။” ၂၁  အဲဒီအခါ  ပေတရုက  အနားလာပြီး “သခင်၊ ကျွန်တော့်ကို ပြစ်မှားတဲ့ ညီအစ်ကိုကို ဘယ်နှစ်ကြိမ် ခွင့်လွှတ်ရမလဲ။ ခုနစ်ကြိမ်လား” လို့မေးတယ်။ ၂၂  ယေရှုက “ကျွန်တော်ပြောမယ်။ ခုနစ်ကြိမ်မက၊ ၇၇ ကြိမ်အထိ ခွင့်လွှတ်ရမယ်။+ ၂၃  “ဒါကြောင့် ကောင်းကင်နိုင်ငံကို အမှုထမ်းတွေရဲ့ အကြွေးကို ပြန်ဆပ်ခိုင်းတဲ့ ဘုရင်တစ်ပါးနဲ့ ခိုင်းနှိုင်းနိုင်တယ်။ ၂၄  ဘုရင်ကြီးက အကြွေးသိမ်းတဲ့အခါ တဲလင့် ၁၀,၀၀၀* အကြွေးတင်တဲ့ အမှုထမ်းတစ်ယောက်ကို ခေါ်လာကြတယ်။ ၂၅  ဒါပေမဲ့ သူ့မှာ အကြွေးဆပ်ဖို့ ငွေမရှိတော့ သားမယားနဲ့ ပိုင်ဆိုင်သမျှကို ရောင်းပြီး  ပြန်ဆပ်စေလို့  အမိန့်ချလိုက်တယ်။+ ၂၆  အဲဒီအခါ  အမှုထမ်းက ဘုရင်ကြီးကို ပျပ်ဝပ်ပြီး ‘ကျွန်တော့်ကို အချိန်ပေးပါဦး။ အကြွေးအားလုံး ပြန်ဆပ်ပါ့မယ်’ လို့ အသနားခံတယ်။ ၂၇  ဘုရင်ကြီးက သနားသွားတဲ့အတွက် အကြွေးပြန်မဆပ်နဲ့တော့ဆိုပြီး လွှတ်ပေးလိုက်တယ်။+ ၂၈  အဲဒီအမှုထမ်းက ဒေနာရိ* ၁၀၀ အကြွေးပေးစရာရှိတဲ့ အမှုထမ်း နောက်တစ်ယောက်ကို သွားတွေ့တယ်။ သူ့ကို ဖမ်းဆွဲ၊ လည်ပင်းညှစ်ပြီး ‘ငါ့အကြွေးကို ပြန်ဆပ်စမ်း’ လို့ပြောတယ်။ ၂၉  ဟိုလူက ပျပ်ဝပ်ပြီး ‘ကျွန်တော့်ကို အချိန်ပေးပါဦး။ အကြွေး ပြန်ဆပ်ပါ့မယ်’ လို့ တောင်းပန်ပေမဲ့၊ ၃၀  သူလက်မခံဘူး။ အကြွေး မဆပ်မချင်း အဲဒီလူကို ထောင်ချလိုက်တယ်။ ၃၁  ဒါကို တခြားအမှုထမ်းတွေ မြင်တဲ့အခါ စိတ်မကောင်းဖြစ်လွန်းလို့ ဘုရင်ကြီးဆီ သွားပြီး အကြောင်းစုံလျှောက်တင်ကြတယ်။ ၃၂  ဘုရင်ကြီးက အဲဒီအမှုထမ်းကို ဆင့်ခေါ်ပြီး ‘ကျွန်ဆိုး၊ မင်း အသနားခံလို့ အကြွေးရှိသမျှကိုငါပြန်မဆပ်ခိုင်းတာ။ ၃၃  မင်းကို ငါသနားသလို  ကိုယ့်အမှုထမ်း  အချင်းချင်း  မသနားသင့်ဘူးလား’+ လို့ပြောတယ်။ ၃၄  ဘုရင်ကြီးက သူ့ကို ဒေါသထွက်ပြီး အကြွေးရှိသမျှ မဆပ်မချင်း ထောင်မှူးတွေလက်ထဲ  အပ်လိုက်တယ်။ ၃၅  အလားတူပဲ၊ ခင်ဗျားတို့က ကိုယ့်ညီအစ်ကိုကို ကြည်ကြည်ဖြူဖြူ ခွင့်မလွှတ်ဘူးဆိုရင်+ ကောင်းကင်အဖကလည်း ခင်ဗျားတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “မြည်းနဲ့ဆွဲပြီး ကြိတ်ရတဲ့ ကြိတ်ဆုံကျောက်ကို။”
မူရင်း၊ “တိုက်မိလဲစေတယ်။”
ခက်ဆစ်ကိုကြည့်။
တဲလင့် ၁၀,၀၀၀ က ဒေနာရိ ၆၀,၀၀၀,၀၀၀ နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။