မဿဲ ၂၈:၁-၂၀

  • ယေရှု ရှင်ပြန်ထမြောက် (၁-၁၀)

  • လိမ်ညာပြောဖို့ စစ်သားတွေကို လာဘ်ထိုး (၁၁-၁၅)

  • တပည့်ဖြစ်စေဖို့ တာဝန်ပေး (၁၆-၂၀)

၂၈  ဥပုသ်နေ့အကုန် သီတင်းပတ်ရဲ့ ပထမနေ့ မိုးလင်းခါစမှာ မာရိနဲ့ မာဂဒလမာရိက  သင်္ချိုင်းဂူကို သွားကြည့်တယ်။+ ၂  အဲဒီအချိန်မှာ  အကြီးအကျယ် ငလျင်လှုပ်တယ်။  ယေဟောဝါရဲ့* ကောင်းကင်တမန်က ကောင်းကင်ကနေ ဆင်းလာတယ်။ ဂူဝမှာ ပိတ်နေတဲ့ ကျောက်တုံးကြီးကို လှိမ့်ဖယ်ပြီး အဲဒီကျောက်တုံးပေါ်မှာ  ထိုင်နေတယ်။+ ၃  သူ့ပုံစံက  လျှပ်စီးလက်သလို တောက်ပနေတယ်။ အဝတ်ဟာ နှင်းလို ဖြူဖွေးနေတယ်။+ ၄  အစောင့်စစ်သည်တွေ ကြောက်ဒူးတုန်ပြီး ကြက်သေသေနေကြတယ်။ ၅  ကောင်းကင်တမန်က အမျိုးသမီးတွေကို  “မကြောက်ပါနဲ့။ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံရတဲ့ ယေရှုကို ခင်ဗျားတို့ ရှာနေမှန်း ကျွန်တော်သိတယ်။+ ၆  သူ ဒီနေရာမှာ မရှိဘူး။ သူပြောခဲ့တဲ့အတိုင်းပဲ  အသက်ပြန်ရှင်လာပြီ။+ အလောင်းထားတဲ့နေရာကို  လာကြည့်ပါ။ ၇  ‘သူ သေရာကနေ အသက်ပြန်ရှင်လာပြီ။ ဂါလိလဲနယ်ကို အရင်သွားနှင့်ပြီ။+ အဲဒီမှာ သူ့ကို တွေ့ရလိမ့်မယ်’ ဆိုပြီး တပည့်တွေကို အမြန်သွားပြောလိုက်။ ဒီအကြောင်းပြောဖို့ ကျွန်တော်လာခဲ့တာ” လို့ပြောတယ်။+ ၈  အမျိုးသမီးတွေက သင်္ချိုင်းဂူကနေ  အမြန်ထွက်သွားတယ်။  သူတို့ကြောက်နေပေမဲ့ တပည့်တွေကို ပြောပြဖို့ ဝမ်းသာအားရ ပြေးသွားတယ်။+ ၉  သူတို့ကို တွေ့တဲ့အခါ ယေရှုက “မင်္ဂလာပါ”  လို့နှုတ်ဆက်တယ်။ သူတို့လည်း  ယေရှုအနားကိုသွား၊  ခြေထောက်ကိုဖက်ပြီး ဦးညွှတ်ကြတယ်။ ၁၀  ယေရှုက “မကြောက်ပါနဲ့။ ဂါလိလဲနယ်ကိုသွားဖို့ ကျွန်တော့်ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့ရလိမ့်မယ်” လို့ပြောတယ်။ ၁၁  အဲဒီအမျိုးသမီးတွေ  သွားနေတုန်း အစောင့်စစ်သည်တချို့က+ မြို့ထဲဝင်ပြီး  ပုရောဟိတ်ကြီးတွေကို ဖြစ်ကြောင်းကုန်စင်ပြောပြတယ်။ ၁၂  ပုရောဟိတ်ကြီးတွေက  အကြီးအကဲတွေနဲ့ တိုင်ပင်တယ်။ အဲဒီနောက် စစ်သည်တွေကို ငွေတွေပုံပေးပြီး၊ ၁၃  “‘ညမှာ ကျွန်တော်တို့ အိပ်ပျော်နေတုန်း သူ့တပည့်တွေ အလောင်းကိုလာခိုးသွားတယ်’+ လို့ပြောကြ။ ၁၄  ဒီသတင်း ဘုရင်ခံနားထဲ ပေါက်ကြားသွားရင် မင်းတို့ အမှုမပတ်အောင် ကျုပ်တို့ ကြည့်ပြောပေးမယ်” လို့မှာတယ်။ ၁၅  စစ်သည်တွေလည်း ငွေကိုယူပြီး မှာထားတဲ့အတိုင်း ပြောကြတယ်။ ဂျူးတွေအလယ်မှာ အဲဒီသတင်းပျံ့သွားတာ ဒီနေ့အထိပဲ။ ၁၆  တပည့် ၁၁ ယောက်ကတော့ ယေရှု ချိန်းထားတဲ့အတိုင်း ဂါလိလဲနယ်မှာရှိတဲ့+ တောင်ပေါ်ကို သွားကြတယ်။+ ၁၇  ယေရှုကိုတွေ့တဲ့အခါ တပည့်တွေ ဦးညွှတ်ကြတယ်။ တချို့ကတော့ သံသယဝင်နေတယ်။ ၁၈  ယေရှုက တပည့်တွေအနား သွားပြီး “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။+ ၁၉  ဒါကြောင့် လူမျိုးတကာဆီ+ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့နာမည်၊ သားတော်ရဲ့နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့နာမည်နဲ့ နှစ်ခြင်းပေးကြပါ။+ ၂၀  ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။+ လောကစနစ်နိဂုံးပိုင်း*+ အထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲရှိနေမယ်” လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။