မဿဲ ၃:၁-၁၇

  • နှစ်ခြင်းပေးသူယောဟန် ဟောပြော (၁-၁၂)

  • ယေရှု နှစ်ခြင်းခံ (၁၃-၁၇)

 နောက်ပိုင်းမှာ  နှစ်ခြင်းပေးသူ ယောဟန်က+ ယုဒတောကိုလာပြီး၊ ၂  “နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ”+ လို့ဟောတယ်။+ ၃  ယောဟန်နဲ့ပတ်သက်ပြီး ပရောဖက်ဟေရှာယက+ ‘ယေဟောဝါ* ဘုရားရဲ့လမ်းကို အသင့်ပြင်ကြ။ လမ်းတွေ ဖြောင့်ဖြူးအောင် လုပ်ကြ’ ဆိုပြီး တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတယ်”+ လို့ဟောခဲ့ဖူးတယ်။ ၄  ယောဟန်က ကုလားအုတ်မွေးနဲ့ရက်တဲ့ အဝတ်ကိုဝတ်ပြီး သားရေခါးပတ် ပတ်တယ်။+ ကျိုင်းကောင်နဲ့ တောထဲက ပျားရည်ကို စားလေ့ရှိတယ်။+ ၅  ဂျေရုဆလင်မြို့၊ ယုဒနယ်၊ ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်မှာနေတဲ့ လူတွေ လာတဲ့အခါ၊+ ၆  ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်။+ သူတို့လည်း လူအများရှေ့မှာ ကိုယ့်အပြစ်ကို ဝန်ခံကြတယ်။ ၇  နှစ်ခြင်းပေးတဲ့နေရာကို  ဖာရိရှဲတွေ၊* ဇဒ္ဒုကဲတွေ*+ အတော်များများ ရောက်လာတာကို မြင်တော့ ယောဟန်က  “မြွေဆိုးအမျိုးတို့၊+  ရောက်လာတော့မယ့် အမျက်တော်ကနေ လွတ်အောင်ပြေးဖို့ ခင်ဗျားတို့ကို ဘယ်သူကများ  သတိပေးလိုက်ပါလိမ့်။+ ၈  တကယ်နောင်တရတယ်ဆိုရင် လုပ်ရပ်နဲ့ သက်သေပြကြ။ ၉  ‘ငါတို့ဟာ အာဗြဟံရဲ့သားမြေးတွေ’+ ဆိုပြီး အထင်မကြီးကြနဲ့။ ဒီမှာ ကျွန်တော်ပြောမယ်၊ ဘုရားသခင်က ဒီကျောက်ခဲတွေကိုတောင် အာဗြဟံရဲ့သားမြေးတွေဖြစ်အောင် လုပ်နိုင်တယ်။ ၁၀  ပုဆိန်က သစ်ပင်ရင်းမှာ ရှိနေတယ်။ အသီးကောင်းမသီးတဲ့အပင် ရှိသမျှဟာ ခုတ်လှဲပြီး မီးထဲပစ်ချခံရမယ်။+ ၁၁  ကျွန်တော်ကတော့ ခင်ဗျားတို့ပြတဲ့ နောင်တကြောင့် ရေနဲ့ နှစ်ခြင်းပေးတယ်။+ ဒါပေမဲ့ ကျွန်တော့်နောက်မှာ လာနေသူဟာ ကျွန်တော့်ထက် ကြီးမြတ်တယ်။ သူ့ဖိနပ်ကိုချွတ်ပေးဖို့တောင် ကျွန်တော် မထိုက်တန်ဘူး။+ သူက ခင်ဗျားတို့ကို သန့်ရှင်းသော စွမ်းအားတော်နဲ့ရော+ မီးနဲ့ပါ နှစ်ခြင်းပေးလိမ့်မယ်။+ ၁၂  စပါးလှေ့တဲ့ ဂေါ်ပြားကို  သူကိုင်နေပြီ။  ကောက်နယ်တလင်းကို  ပြောင်အောင်  ရှင်းတော့မယ်။ ဂျုံစပါးတွေကို ကျီထဲ စုသိမ်းပြီး အဖျင်းတွေကိုတော့ မငြိမ်းနိုင်တဲ့မီးနဲ့ ရှို့လိမ့်မယ်”+ လို့ပြောတယ်။ ၁၃  ယေရှုက  ယောဟန်ဆီမှာနှစ်ခြင်းခံဖို့ ဂါလိလဲပြည်ကနေ ဂျော်ဒန်မြစ်ကို ရောက်လာတယ်။+ ၁၄  ဒါပေမဲ့ ယောဟန်က “ကျွန်တော့်ဆီမှာ နှစ်ခြင်းခံဖို့ လာတာလား။ ကျွန်တော်ကသာ ခင်ဗျားဆီမှာ နှစ်ခြင်းခံရမှာပါ” ဆိုပြီးတားတယ်။ ၁၅  ယေရှုက “မတားပါနဲ့။ ဘုရားသခင် လုပ်စေချင်တာမှန်သမျှ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော့်ကို အခု နှစ်ခြင်းပေးပါ” လို့ပြောတဲ့အတွက် ယောဟန်လည်း  မတားတော့ဘူး။ ၁၆  ယေရှု နှစ်ခြင်းခံပြီး ရေထဲကနေ ပေါ်လာတာနဲ့ ကောင်းကင်ပွင့်လာပြီး+ ဘုရားသခင့် စွမ်းအားတော်က ချိုးငှက်သဏ္ဌာန်နဲ့ ယေရှုအပေါ် ဆင်းသက်တာကို သူမြင်ရတယ်။+ ၁၇  ဒါ့ပြင် “သူဟာ ငါမြတ်နိုးတဲ့+ ငါ့ရဲ့ချစ်သားပဲ”+ ဆိုတဲ့အသံ ကောင်းကင်ကနေ ထွက်လာတာကိုလည်း+ ကြားရတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။