မဿဲ ၆:၁-၃၄

  • တောင်​ပေါ် ဒေ​သနာ (၁-၃၄)

    • ဖြောင့်​မတ်​တဲ့​လုပ်​ရပ်တွေ​ကို လူ​ရှေ့​သူ​ရှေ့ မလုပ်ပြပါ​နဲ့ (၁-၄)

    • ဆုတောင်း​နည်း (၅-၁၅)

      • စံပြ​ဆုတောင်း​ချက် (၉-၁၃)

    • အစာ​ရှောင်​ခြင်း (၁၆-၁၈)

    • မြေကြီး​ဘဏ္ဍာ၊ ကောင်း​ကင်​ဘဏ္ဍာ (၁၉-၂၄)

    • မစိုး​ရိမ်​ကြ​နဲ့​တော့ (၂၅-၃၄)

      • နိုင်​ငံ​တော်​ကို အမြဲဦး​စား​ထား (၃၃)

 “ခင်​ဗျား​တို့​ရဲ့ ဖြောင့်​မတ်​တဲ့ လုပ်​ရပ်တွေ​ကို လူ​မြင်​ကောင်း​အောင် လူ​ရှေ့​သူ​ရှေ့​မှာ မလုပ်​ပြမိ​ဖို့ သတိ​ထား​ကြ​ပါ။+ အဲဒီ​လို​လုပ်​ရင် ကောင်း​ကင်​မှာ စံမြန်းတဲ့  အဖဘု​ရား​ဆီ​က​နေ  ဘာ​ကောင်း​ချီး​မှ ရ​မှာ​မဟုတ်​ဘူး။ ၂  ဒါ​ကြောင့် ပေး​ကမ်း​စွန့်​ကြဲ​တဲ့​အခါ သူ​တော်​ကောင်း ယောင်​ဆောင်​သူ​တွေ​လို မလုပ်​ကြ​နဲ့။ သူတို့​က လူ​တွေ​ချီး​မွမ်း​တာ ခံ​ချင်​လို့ လူ​တ​ကာ​သိ​အောင် တ​ရား​ဇ​ရပ်တွေ၊ လမ်း​တွေ​မှာ ကိုယ့်​ဂုဏ်​ကိုယ်​ဖော်​ကြ​တာ။ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ သူတို့​ဟာ လို​ချင်​တဲ့​အကျိုး​ကို ရ​ပြီး​သွား​ပြီ။ ၃  ခင်​ဗျား​တို့​က​တော့ ပေး​ကမ်း​စွန့်​ကြဲ​တဲ့​အခါ ညာ​လက်​နဲ့​ပေး​တာ​ကို ဘယ်​လက် မသိ​စေ​နဲ့။ ၄  သိုသို​သိပ်​သိပ် ပေး​ကမ်း​စွန့်​ကြဲ​ကြ​ပါ။ ဒါ​ဆို​ရင် ဆိတ်​ကွယ်​ရာ​ကို​မြင်​တဲ့ အဖဘု​ရား​က ကောင်း​ချီး​ပေး​လိမ့်​မယ်။+ ၅  “ဆုတောင်း​တဲ့​အခါ  သူ​တော်​ကောင်း ယောင်​ဆောင်​သူ​တွေ​လို မလုပ်​ပါ​နဲ့။+ သူတို့​က လူ​တ​ကာ​မြင်​အောင် တ​ရား​ဇ​ရပ်တွေ၊  လမ်း​ဆုံ​လမ်း​ခွ​တွေ​မှာ ရပ်​ပြီး ဆုတောင်း​တတ်​ကြ​တယ်။+ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။​ သူ​တို့​ဟာ လို​ချင်​တဲ့​အကျိုး​ကို ရ​ပြီး​သွား​ပြီ။ ၆  ခင်​ဗျား​တို့​က​တော့ ဆုတောင်း​တဲ့​အခါ အခန်း​ထဲ​ဝင်၊ တံခါး​ပိတ်​ပြီး မမြင်​နိုင်​တဲ့​အရပ်​မှာ စံ​မြန်း​တဲ့ အဖဘု​ရား​ဆီ ဆုတောင်း​ကြ​ပါ။+ ဆိတ်​ကွယ်​ရာ​ကို​မြင်​တဲ့ အဖဘု​ရား​က ကောင်း​ချီး​ပေး​လိမ့်​မယ်။ ၇  ဆုတောင်း​တဲ့​အခါ လူမျိုး​ခြား​တွေ​လို အကြောင်း​အရာ တစ်​မျိုး​တည်း​ကို အထပ်​ထပ် မရွတ်​ပါ​နဲ့။​ သူ​တို့​က အရှည်​ကြီး​ဆုတောင်း​ရင် ဘုရား​နား​ထောင်​မှာ​ပဲ​လို့  ထင်​နေ​ကြ​တာ။ ၈  သူတို့​နဲ့ မတူ​စေ​နဲ့။ အဖဘု​ရား​က ခင်ဗျား​တို့​လို​အပ်​တာ​ကို မတောင်း​ခင်​က​တည်း​က သိ​ပြီး​သား​ပဲ။+ ၉  “ဒီ​နည်း​အတိုင်း ခင်​ဗျား​တို့​ ဆု​တောင်း​ရ​မယ်–+ “‘ကောင်း​ကင်​မှာ စံ​မြန်း​တဲ့ ကျွန်​တော်​တို့​ရဲ့​အဖ၊ နာ​မတော်+ သန့်​ရှင်း​မြင့်မြတ်​ပါ​စေ။+ ၁၀  နိုင်​ငံ​တော်+ လာ​ပါ​စေ။ အလို​တော်​ဟာ+ ကောင်း​ကင်​မှာ  ပြည့်​စုံ​သလို  ကမ္ဘာ​မြေမှာ​လည်း ပြည့်​စုံ​ပါ​စေ။+ ၁၁  ဒီ​နေ့​အ​တွက်​ ကျွန်​တော်​တို့ လို​အပ်​တဲ့ အစား​အစာ​ကို ပေး​သနား​ပါ။+ ၁၂  သူ​တစ်​ပါး​ရဲ့ အပြစ်​ကြွေး​တွေ​ကို ကျွန်​တော်​တို့ ခွင့်​လွှတ်​သလို ကျွန်​တော်​တို့​ရဲ့ အပြစ်​ကြွေး​တွေ​ကို​လည်း ခွင့်​လွှတ်​ပေး​ပါ။+ ၁၃  သွေး​ဆောင်​မှု​နောက်  ပါ​မသွား​အောင် ကူညီ​ပြီး+ ဆိုး​ညစ်​သူ​ရဲ့​လက်​က​နေ ကယ်​တင်​ပေး​ပါ။’+ ၁၄  “သူ​တစ်ပါး​ရဲ့​အပြစ်​ကို ခွင့်​လွှတ်​ရင် ကောင်း​ကင်​အဖက ခင်​ဗျား​တို့​ရဲ့အပြစ်​ကို  ခွင့်​လွှတ်​လိမ့်​မယ်။+ ၁၅  သူ​တစ်ပါး​ရဲ့​အပြစ်​ကို ခွင့်​မလွှတ်​ရင်​တော့ အဖဘု​ရား​က ခင်​ဗျား​တို့​ရဲ့​အပြစ်​ကို ခွင့်​လွှတ်​မှာ မဟုတ်​ဘူး။+ ၁၆  “အစာ​ရှောင်​တဲ့​အခါ+ သူ​တော်​ကောင်း ယောင်​ဆောင်​သူ​တွေ​လို မျက်​နှာ​ညှိုး​မထား​ကြ​နဲ့။ သူတို့​က အစာ​ရှောင်​တာ​ကို+ လူ​တွေ​သိ​အောင် မျက်​နှာ​ညှိုး​ပြတတ်​ကြ​တယ်။ ကျွန်​တော် မှန်​တာ​ကို ပြော​မယ်။ သူတို့​ဟာ လို​ချင်​တဲ့​အကျိုး​ကို ရ​ပြီး​သွား​ပြီ။ ၁၇  ခင်​ဗျား​တို့​က​တော့ အစာ​ရှောင်​တဲ့​အခါ မျက်​နှာ​သစ်​ပြီး ခေါင်း​ကို ဆီ​လိမ်း​ပါ။ ၁၈  အ​စာ​ရှောင်​တာ​ကို လူ​တွေ​မရိပ်​မိ​စေ​ဘဲ မမြင်​နိုင်​တဲ့​အရပ်​မှာ စံ​မြန်း​တဲ့ အဖဘု​ရား​ပဲ မြင်​ပါ​စေ။ ဒါ​ဆို​ရင် ဆိတ်​ကွယ်​ရာ​ကို​မြင်​တဲ့ အဖဘု​ရား​က ကောင်း​ချီး​ပေး​လိမ့်​မယ်။ ၁၉  “သံ​ချေး​နဲ့ ပိုး​မွှား​ကြောင့် ပျက်​စီး​နိုင်​တဲ့၊  သူ​ခိုး​ဝင်​ခိုး​နိုင်​တဲ့  မြေကြီး​ဘဏ္ဍာ​ကို+  မစု​ဆောင်း​ကြ​နဲ့​တော့။ ၂၀  သံ​ချေး​နဲ့ ပိုး​မွှား​ကြောင့် မပျက်​စီး​နိုင်​တဲ့၊+ သူ​ခိုး​ဝင်​မခိုး​နိုင်​တဲ့ ကောင်း​ကင်​ဘဏ္ဍာ​ကို​ပဲ+  စု​ဆောင်း​ကြ​ပါ။ ၂၁  ကိုယ့်​ဘဏ္ဍာ​ရှိ​တဲ့​နေ​ရာ​မှာ ကိုယ့်​စိတ် ရောက်​နေ​တတ်​တယ်။ ၂၂  “မျက်​လုံး​ဟာ ခန္ဓာ​ကိုယ်​ရဲ့ မီး​ခွက်​ပဲ။+ တစ်​ခု​တည်း​ကို​ပဲ အာ​ရုံ​စိုက်​ကြည့်​ရင် တစ်​ကိုယ်​လုံး လင်း​နေ​လိမ့်​မယ်။ ၂၃  ဒါ​ပေမဲ့ မနာ​လို​တဲ့​စိတ်​နဲ့ ကြည့်​နေ​ရင်*+ တစ်​ကိုယ်​လုံး မှောင်​နေ​လိမ့်​မယ်။ ခင်​ဗျား​တို့​ရဲ့​အလင်း​ဟာ တကယ်​ပဲ မှောင်​နေ​ရင်​တော့ တစ်​ကိုယ်​လုံး မှောင်​မိုက်​နေ​မှာ​ပေါ့။ ၂၄  “ဘယ်​သူ​မှ သခင်​နှစ်​ဦး​ဆီ​မှာ အစေ​ခံ​လို့ မရ​ဘူး။ သခင်​တစ်​ဦး​ကို မုန်း​ပြီး နောက်​တစ်​ဦး​ကို ချစ်​မှာ​ပဲ။+ တစ်​ဦး​ကို သစ္စာ​ရှိ​ပြီး တစ်​ဦး​ကို မထီ​လေး​စား လုပ်​မှာ​ပဲ။ ခင်​ဗျား​တို့​လည်း ဘု​ရား​သခင်​အတွက်​ရော စည်း​စိမ်​အတွက်​ပါ တစ်​ပြိုင်​တည်း အစေ​ခံ​လို့ မရ​ဘူး။+ ၂၅  “ဒါ​ကြောင့်  ကျွန်​တော်​ပြော​မယ်– အသက်​ရှင်​ရေး​အတွက် ဘာ​စား​ရ​မလဲ၊ ဘာ​သောက်​ရ​မလဲ​ဆို​ပြီး မစိုး​ရိမ်​ကြ​နဲ့​တော့။+ ခန္ဓာ​ကိုယ်​အတွက် ဘာ​ဝတ်​ရ​မလဲ​ဆို​ပြီး+ မစိုး​ရိမ်​ကြ​နဲ့​တော့။ အစာ​ထက် အသက်​က ပို​အရေး​ကြီး​တယ် မဟုတ်​လား။ အဝတ်​ထက် ခန္ဓာ​ကိုယ်​က ပို​အရေး​ကြီး​တယ် မဟုတ်​လား။+ ၂၆  ငှက်​တွေ​ကို+ အာ​ရုံ​စိုက်​ကြည့်​လိုက်​ပါ။ သူတို့​က မျိုး​စေ့​ကြဲ​တာ၊  ရိတ်​သိမ်း​တာ၊  ကျီ​ထဲ​စု​သိမ်း​တာ​တွေ  မလုပ်​ကြ​ဘူး။  ဒါ​ပေမဲ့ ကောင်း​ကင်​အဖက သူတို့​ကို ကျွေး​မွေး​ထား​တာ​ပဲ။ ခင်​ဗျား​တို့​ဟာ အဲဒီ​ငှက်​တွေ​ထက် ပို​တန်​ဖိုး​ရှိ​တယ် မဟုတ်​လား။ ၂၇  စိုး​ရိမ်​ပူ​ပန်​နေ​လို့​ကော ခင်​ဗျား​တို့​သက်​တမ်း တစ်​တောင်​လောက် ပို​ရှည်​လာလို့​လား။+ ၂၈  ပြီး​တော့ အဝတ်​အတွက် ဘာ​လို့ စိုး​ရိမ်​နေ​ကြ​တာ​လဲ။ တော​နှင်း​ပန်း​တွေ ရှင်​သန်​နေ​ပုံ​ကို​ကြည့်​ပြီး သင်​ခန်း​စာ​ယူ​ပါ။ နှင်း​ပန်း​တွေ​က ပင်​ပင်​ပန်း​ပန်း မလုပ်​ဘူး၊ ချည်​လည်း မငင်​ဘူး။ ၂၉  ကျွန်​တော်​ပြော​မယ်၊ ခံ့​ခံ့​ညား​ညား ဝတ်​ဆင်​ထား​တဲ့ ရှော​လ​မုန်​မင်း​တောင်+ အဲဒီ​နှင်း​ပန်း​တစ်​ပင်​လို လှလှ​ပပဖြစ်​အောင် မဆင်​မြန်း​နိုင်​ဘူး။ ၃၀  ယုံ​ကြည်​ခြင်း​နည်း​သူတို့၊ ဒီ​နေ့ ရှင်​သန်​ပြီး မနက်​ဖြန် မီး​ထဲ​ရောက်​သွား​မယ့် တော​ပင်​တွေ​ကို​တောင် ဘု​ရား​သခင်​က အဲဒီ​လို​ဆင်​မြန်း​ပေး​တယ်​ဆို​ရင် ခင်​ဗျား​တို့​ကို ဒီ​ထက်​မက ဆင်​မြန်း​ပေး​မယ် မဟုတ်​လား။ ၃၁  ဒါ​ကြောင့်  ‘ဘာ​စား​ရ​မလဲ။’ ‘ဘာ​သောက်​ရ​မလဲ။’ ‘ဘာ​ဝတ်​ရ​မလဲ’+ ဆို​ပြီး ဘယ်​တော့​မှ မစိုး​ရိမ်​ကြ​ပါ​နဲ့။+ ၃၂  ဒါ​တွေ​ကို လူမျိုး​ခြား​တွေ အသည်း​အသန် ရှာ​ဖွေ​တတ်​ကြ​တယ်။ ဒါ​တွေ​အားလုံး  ခင်​ဗျား​တို့​လို​အပ်​မှန်း ကောင်း​ကင်​အဖ သိ​ပြီး​သား​ပဲ။ ၃၃  “ဒါ​ကြောင့် ဘု​ရား​သခင်​ရဲ့ နိုင်​ငံ​တော်​နဲ့ ဘု​ရား​သခင်​ရဲ့ ဖြောင့်​မတ်​ခြင်း​ကို အမြဲဦး​စား​ထား​ကြ​ပါ။ နောက်​မှ အဲ​ဒါ​တွေ​ကို ဖြည့်​ဆည်း​ပေး​လိမ့်​မယ်။+ ၃၄  နေ့​ရက်​တိုင်း​ဟာ သူ့​စိုး​ရိမ်​စ​ရာ​နဲ့​သူ ရှိ​နေ​မှာ​ဆို​တော့ မနက်​ဖြန်​အတွက် ဘယ်​တော့​မှ မစိုး​ရိမ်​ပါ​နဲ့။+ ဒီ​နေ့​ကြုံ​ရ​တဲ့ အခက်​အခဲ​ကို​ပဲ စဉ်း​စား​ပါ။

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဆိုး​ညစ်​တဲ့​အရာ​ကို အာ​ရုံ​စိုက်​ကြည့်​နေ​ရင်။”