ယာကုပ် ၁:၁-၂၇

  • နှုတ်​ခွန်း​ဆက်​စ​ကား ()

  • ခံ​နိုင်​ရည်​က ပျော်​ရွှင်​ချမ်း​မြေ့စေ (၂-၁၅)

    • အစမ်း​သပ်​ခံ ယုံ​ကြည်​ခြင်း ()

    • ယုံ​ကြည်​ခြင်း​နဲ့ တောင်း​မြဲတောင်း​ပါ (၅-၈)

    • အလို​ဆန္ဒ​က အပြစ်​နဲ့​သေခြင်း​ကို ဖြစ်​ပေါ်​စေ (၁၄၊ ၁၅)

  • ကောင်းမြတ်​တဲ့ ဆု​ကျေး​ဇူး​မှန်​သမျှ အထက်အရပ်​ကလာ (၁၆-၁၈)

  • တ​ရား​စ​ကား​ကို ကြား​နာ​ပြီး လက်​တွေ့​ကျင့်​ခြင်း (၁၉-၂၅)

    • မှန်​ကို​ကြည့်​တဲ့​သူ (၂၃၊ ၂၄)

  • စင်​ကြယ်​ပြီး အညစ်​အကြေး​ကင်း​စင်​တဲ့ ဝတ်ပြုမှု (၂၆၊ ၂၇)

 ဘုရား​သခင်​နဲ့ သခင်​ယေရှု​ခ​ရစ်ရဲ့​ကျွန်  ကျွန်​တော်​ယာကုပ်​က+ အရပ်ရပ်​ကွဲ​လွင့်​နေ​တဲ့ ၁၂ နွယ်​ကို နှုတ်​ခွန်း​ဆက်​သလိုက်​ပါ​တယ်။ ၂  ညီ​အစ်​ကို​တို့၊ စမ်း​သပ်​မှု​အမျိုး​မျိုး ကြုံ​ရ​တဲ့​အခါ ဝမ်း​မြောက်​စ​ရာ​ပဲ​လို့ ယူ​မှတ်​ကြ​ပါ။+ ၃  ဒီ​နည်း​နဲ့ စမ်း​သပ်​ခံ​ရ​တဲ့  ခင်​ဗျား​တို့​ရဲ့  ယုံ​ကြည်​ခြင်း​ဟာ ခံနိုင်​ရည်​ကို ဖြစ်​စေ​မှန်း ခင်​ဗျား​တို့​သိ​ပါ​တယ်။+ ၄  ခံ​နိုင်​ရည်​ကို အလုပ်​ပြီး​မြောက်​အောင်  လုပ်​ဆောင်​ခွင့်​ပေး​လိုက်​ပါ။ ဒါ​ဆို​ရင် ခင်​ဗျား​တို့​ဟာ လေ့​ကျင့်​မှု အပြည့်​အဝ​ရ​ပြီး အရာရာ​မှာ လို​လေ​သေး​မရှိ၊ အပြစ်​ပြော​စ​ရာ​မရှိ ဖြစ်​လာ​လိမ့်​မယ်။+ ၅  တစ်​ယောက်​ယောက်​က ဉာဏ်​ပညာ​လို​နေ​ရင် ဘု​ရား​သခင်​ဆီ တောင်း​မြဲတောင်း​ပါ။+ ကဲ့​ရဲ့​တာ​မျိုး​မလုပ်​ဘဲ လူ​အား​လုံး​ကို ရက်ရက်ရောရော ပေး​တတ်​တဲ့ ဘု​ရား​သခင်​က+ တောင်း​တဲ့​သူ​ကို ဉာဏ်​ပညာ​ပေး​လိမ့်​မယ်။+ ၆  ဒါ​ပေမဲ့  သံ​သယ​မရှိ​ဘဲ+  ယုံ​ကြည်​ခြင်း​နဲ့ တောင်း​မြဲတောင်း​ရ​မယ်။+  သံ​သယ​စိတ်​ရှိ​သူ​ဟာ လေ​အရှိန်​ကြောင့် လှုပ်​ရှား​နေ​တဲ့ ပင်​လယ်​လှိုင်း​နဲ့ တူ​တယ်။ ၇  သူ​လို​လူ​ဟာ  ယေဟောဝါ* ဆီ​က​နေ တစ်​ခု​ခု​ရ​မယ်​လို့  မမျှော်​လင့်​သင့်​ဘူး။ ၈  သူ​ဟာ မပြတ်​သား​တဲ့​သူ၊+ ဘာ​ပဲ​လုပ်​လုပ် စိတ်​မခိုင်​တဲ့​သူ​ပဲ။ ၉  နိမ့်​ကျ​တဲ့ ညီ​အစ်​ကို​တစ်​ယောက်​ဟာ ချီး​မြှောက်​ခံ​ရ​တဲ့​အတွက်+ ဝမ်း​မြောက်​ပါ​စေ။ ၁၀  ချမ်း​သာ​တဲ့ ညီ​အစ်​ကို​က​လည်း  နှိမ့်​ချ​တတ်​လာ​တဲ့​အတွက်+ ဝမ်း​မြောက်​ပါ​စေ။ ဘာ​လို့​လဲ​ဆို​တော့  သူ​ဟာ  လယ်​ပြင်​မှာ​ပေါက်​တဲ့​ပန်း​လို ညှိုး​နွမ်း​သွား​မှာ​ဖြစ်​လို့​ပဲ။ ၁၁  နေ​ထွက်​လာ​တဲ့​အခါ မြက်​ပင်​က နေ​ပူ​ရှိန်​ကြောင့် ညှိုး​နွမ်း​ပြီး မြက်​ပွင့်​လည်း ကြွေ​သွား​တယ်။ အပွင့်​ရဲ့​အလှ​လည်း ပျောက်​ပျက်​သွား​တယ်။ အဲ​ဒီ​လို​ပဲ ချမ်း​သာ​တဲ့​သူ​ဟာ စည်း​စိမ်​နောက်​ကို တ​ကောက်​ကောက် လိုက်​ရင်း​နဲ့ ပျောက်​ကွယ်​သွား​လိမ့်​မယ်။+ ၁၂  စမ်း​သပ်​မှု​ကို ကြံ့​ကြံ့​ခံ​ရပ်​သူ​ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+ သူ​ဟာ ဘုရား​သခင်​ရဲ့​နှစ်​သက်​မှု​ကို ရ​ရှိ​တဲ့​အတွက် အသက်​သရ​ဖူ  ရ​လိမ့်​မယ်။+  ယေဟောဝါ​က* မိမိ​ကို ချစ်​မြဲချစ်​နေ​သူ​တွေ​ကို အဲ​ဒီ​သရ​ဖူ​ပေး​မယ်​လို့ က​တိ​ပြု​ထား​တယ်။+ ၁၃  စမ်း​သပ်​မှု​ကြုံ​ရ​တဲ့​အခါ “ငါ့​ကို ဘု​ရား​သခင် စမ်း​သပ်​နေ​တာ​ပဲ” လို့ မပြော​ကြ​နဲ့။ မကောင်း​တဲ့​အရာတွေ​နဲ့ ဘု​ရား​သခင်​ကို ဘယ်​သူ​မှ စမ်း​သပ်​လို့​မရ​သလို ဘု​ရား​သခင်​က​လည်း ဘယ်​သူ့​ကို​မှ မကောင်း​တဲ့​အရာ​နဲ့ မစမ်း​သပ်​ဘူး။ ၁၄  ကိုယ့်​အလို​ဆန္ဒရဲ့ ဆွဲ​ငင်​ဖြား​ယောင်း​မှု​ကို ခံ​ရ​တာ​က​သာ လူ​တိုင်း​အတွက် စမ်း​သပ်​မှု​ပါ။+ ၁၅  အဲ​ဒီ​အလို​ဆန္ဒ​က ကြီး​ထွား​လာရင် အပြစ်​ကို လုပ်​မိ​စေ​တယ်။* အပြစ်​လုပ်​ပြီး​တဲ့​နောက်​မှာ​တော့ သေခြင်း​ကို ဖြစ်​ပေါ်​စေ​တယ်။+ ၁၆  ချစ်​ရ​တဲ့ ညီ​အစ်​ကို​တို့၊ လှည့်​စား​မခံ​ကြ​ပါ​နဲ့။ ၁၇  ကောင်းမြတ်​တဲ့​ဆု​ကျေး​ဇူး၊ ပြည့်​ဝ​စုံ​လင်​တဲ့ လက်​ဆောင်​မှန်​သမျှ​ဟာ အထက်​အရပ်​က လာ​တယ်။+ ကောင်း​ကင်​အလင်း​ရဲ့ ဖခင်​ဆီ​က​ လာ​တယ်။+ ဘု​ရား​သခင်​ဟာ ရွေ့​သွား​တတ်​တဲ့​အရိပ်​လို ပြောင်း​လဲ​ခြင်း​မရှိ​ဘူး။+ ၁၈  ဘု​ရား​သခင်​က အလို​တော်​ရှိ​လို့ ကျွန်​တော်​တို့​ကို အမှန်​တ​ရား​အား​ဖြင့် ဖြစ်​ပေါ်​စေ​တယ်။+ ဒီ​နည်း​နဲ့ ကျွန်​တော်​တို့​ဟာ ဖန်​ဆင်း​ရာ​သတ္တ​ဝါ​တွေ​ထဲ​မှာ သီး​ဦး​သီး​ဖျား​တွေ ဖြစ်​လာ​တယ်။+ ၁၉  ချစ်​ရ​တဲ့​ညီ​အစ်​ကို​တို့၊ ခင်​ဗျား​တို့  သိ​ထား​ရ​မှာ​က– လူ​တိုင်း​ဟာ နား​ထောင်​ဖို့  အမြဲအသင့်​ဖြစ်​နေ​ရ​မယ်။ စကား​ပြော​တဲ့​အခါ​မှာ မစဉ်း​စား​မဆင်​ခြင်​ဘဲ မပြော​ရ​ဘူး။+ လွယ်​လွယ်​နဲ့ ဒေါ​သမထွက်​ရ​ဘူး။+ ၂၀  လူ​တစ်​ယောက်​ရဲ့ ဒေါ​သက ဘု​ရား​သခင်​ရဲ့ ဖြောင့်​မတ်​ခြင်း​ကို မဖြစ်​ပေါ်​စေ​ဘူး။+ ၂၁  ဒါ​ကြောင့် ညစ်​ညူး​တဲ့​အရာ၊ ဆိုး​သွမ်း​တဲ့​အရာ မှန်​သမျှ​ကို* အစ​အန​ပါ​မကျန် ဖယ်​ရှား​ကြ​ပါ။+ ခင်​ဗျား​တို့​ကို ကယ်​တင်​နိုင်​တဲ့ တ​ရား​စ​ကား​တော် စိုက်​ပျိုး​တာ​ကို နူး​ညံ့​သိမ်​မွေ့​တဲ့​စိတ်​နဲ့ လက်​ခံ​ကြ​ပါ။ ၂၂  တ​ရား​စ​ကား​တော်​ကို လက်​တွေ့​ကျင့်​သုံး​သူ​တွေ ဖြစ်​ကြ​ပါ။+ ကြား​ရုံ​ကြား​ပြီး မှား​ယွင်း​တဲ့ အတွေး​အခေါ်​နဲ့ ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​သူ​တွေ မဖြစ်​ကြ​နဲ့။ ၂၃  တ​ရား​စ​ကား​တော်​ကို ကြား​နာ​ပြီး လက်​တွေ့​မကျင့်​သူ​ဟာ+ မှန်​ထဲ​မှာ ကိုယ့်​မျက်​နှာ​ကို ကြည့်​တဲ့​သူ​နဲ့ တူ​တယ်။ ၂၄  မှန်​ကြည့်​ပြီး​တဲ့​နောက် ထွက်​သွား​တဲ့​အခါ ကိုယ့်​ရုပ်​သွင် ဘယ်​လို​ရှိ​သလဲ​ဆို​တာ ချက်​ချင်း မေ့​သွား​တတ်​တယ်။ ၂၅  ဒါ​ပေမဲ့ လွတ်​လပ်​ခြင်း​နဲ့​ဆိုင်​တဲ့ ပြည့်​ဝ​စုံ​လင်​တဲ့​ပညတ်​ကို+ အသေအချာ ကြည့်​ရှု​တဲ့​သူ၊ အဲ​ဒီ​လို ဆက်​ကြည့်​ရှု​နေ​တဲ့​သူ​ဟာ ကြား​နာ​ပြီး​နောက်  မေ့​သွား​တဲ့​သူ  မဟုတ်​ဘူး၊ လက်​တွေ့​ကျင့်​သုံး​တဲ့​သူ​ပဲ။ အဲ​ဒီ​လို​လုပ်​တဲ့​အတွက် သူ​ပျော်​ရွှင်​ချမ်း​မြေ့ရ​လိမ့်​မယ်။+ ၂၆  ဘု​ရား​သခင်​ကို ဝတ်​ပြု​နေ​တယ်​လို့ ကိုယ့်​ကိုယ်​ကိုယ် ထင်​နေ​ပေမဲ့ နှုတ်​ကို မစောင့်​စည်း​ရင်+ ကိုယ့်​ကိုယ်​ကိုယ် လှည့်​စား​နေ​တာ​ပဲ။ သူ့​ရဲ့​ဝတ်​ပြု​မှု​ဟာ အချည်း​နှီး​ပဲ။ ၂၇  အဖဘု​ရား​သခင်​ရဲ့ အမြင်​မှာ စင်​ကြယ်​ပြီး အညစ်​အ​ကြေး​ကင်း​စင်​တဲ့  ဝတ်​ပြု​မှု​က​တော့ မိဘ​မဲ့​တွေ၊+ မု​ဆိုး​မတွေ+ ဒုက္ခရောက်​တဲ့​အ​ခါ+  ကြည့်​ရှု​စောင့်​ရှောက်​တာ၊ ကိုယ်​တိုင်​လည်း လော​က​ရဲ့ မသန့်​ရှင်း​တဲ့​လမ်း​စဉ်​နဲ့​ ကင်း​ကင်း​ရှင်း​ရှင်းနေ​တာ ဖြစ်တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “အလို​ဆန္ဒ​က သန္ဓေ​တည်​ပြီး​တဲ့​နောက် အပြစ်​ကို မွေး​ဖွား​တတ်​တယ်။”
“ဆိုး​သွမ်း​မှု​များ​စွာ​ကို” လည်း​ဖြစ်​နိုင်။