ယာကုပ် ၃:၁-၁၈

  • လျှာ​ကို​ထိန်း​ချုပ်​ခြင်း (၁-၁၂)

    • အများ​စု​ဟာ ဆ​ရာတွေ မဖြစ်​သင့် ()

  • အထက်​အရပ်​က​လာ​တဲ့ ဉာဏ်​ပညာ (၁၃-၁၈)

 ညီအစ်​ကို​တို့၊ ခင်​ဗျား​တို့​ထဲ​က အများ​စု​ဟာ  ဆ​ရာတွေ   မဖြစ်​သင့်​ဘူး။​ ဆ​ရာတွေ​ ဖြစ်​မယ်​ဆို​ရင် ပို​ ပြင်းထန်​တဲ့  တ​ရား​စီ​ရင်​မှု​ကို ခံရ​လိမ့်​မယ်။+ ၂  ကျွန်​တော်​တို့​အား​လုံး​ ခဏ​ခ​ဏ မှား​တတ်​ကြ​တယ်။+ စကား​မမှား​ဖူး​တဲ့​သူ​ဟာ ပြည့်​ဝ​စုံ​လင်​သူ၊ တစ်​ကိုယ်​လုံး​ကို ထိန်း​နိုင်​တဲ့​သူ​ပဲ။ ၃  မြင်း​ကို လို​ရာ​ခိုင်း​ချင်​တဲ့​အခါ ဇက်​ကြိုး​ခွံ့​လိုက်​ရင် မြင်း​တစ်​ကောင်​လုံး​ကို ထိန်း​နိုင်​ပြီ။ ၄  ဧရာမ​သင်္ဘော​တွေ​လည်း လေ​ပြင်း​တိုက်​လို့  မျော​ပါ​သွား​တဲ့​အခါ သေး​ငယ်​တဲ့ တက်​မတစ်​ချောင်း​နဲ့ ပဲ့​ကိုင်​လိုက်​ရင် သွား​ချင်​တဲ့​ဘက်​ကို ဦး​တည်​စေ​နိုင်​တယ်။ ၅  အလား​တူ၊ လျှာ​ဟာ သေး​ငယ်​တဲ့ အင်္ဂါ​အစိတ်​အပိုင်း​ဖြစ်ပေမဲ့ အလွန်​အကျွံ ဝါ​ကြွား​တတ်​တယ်။ မီး​စ​လေး​တစ်​စ​က သစ်​တော​ကြီး​တစ်​ခု​လုံး​ကို လောင်​ကျွမ်း​စေသလို​ပါ​ပဲ။ ၆  လျှာ​ဟာ   မီး​ပဲ။+  ခန္ဓာ​ကိုယ်​အစိတ်​အပိုင်း​တွေ​ထဲ​မှာ  လျှာ​ဟာ ဆိုး​ညစ်​မှု​နဲ့ ပြည့်​နှက်​နေ​တယ်။ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ​တယ်။+ တစ်​ဘ​ဝ​လုံး​ကို လောင်​ကျွမ်း​စေ​နိုင်​တယ်။ ဂေဟင်​နာ* အရပ်​လို ဖျက်​ဆီး​တတ်​တယ်။ ၇  သား​ရဲတွေ၊ ငှက်​တွေ၊ တွား​သွား​သတ္တ​ဝါ​တွေ၊ ပင်​လယ်​သတ္တ​ဝါ​တွေ​ကို ယဉ်​ပါး​အောင် ထိန်း​လို့ရ​တယ်၊ ထိန်း​လည်း ထိန်း​ခဲ့​ကြ​တယ်။ ၈  လျှာ​ကို​တော့ ဘယ်​လူ​သား​မှ မထိန်း​နိုင်​ဘူး။ လျှာ​ဟာ  ထိန်း​လို့​မရ​တဲ့​အရာ၊ ထိ​ခိုက်​နစ်​နာ​စေ​တဲ့​အရာ​ပဲ။ သေစေ​နိုင်​တဲ့​အဆိပ်​နဲ့ ပြည့်​နေ​တယ်။+ ၉  ကျွန်​တော်​တို့​က အဖဘု​ရား​သခင် ယေဟောဝါ​ကို* လျှာ​နဲ့ ချီး​မွမ်း​တတ်​တယ်။ “ဘု​ရား​သခင်​နဲ့​တူ​အောင်”+ ဖန်​ဆင်း​ထား​တဲ့ လူ​ကို​လည်း အဲ​ဒီ​လျှာ​နဲ့​ပဲ ကျိန်​ဆဲ​တတ်​တယ်။ ၁၀  နှုတ်​တစ်​ခု​တည်း​က​နေ ချီး​မွမ်း​ခြင်း​ရော ကျိန်​ဆဲ​ခြင်း​ပါ ထွက်​လာ​တယ်။ ညီ​အစ်​ကို​တို့၊  အဲ​ဒီ​လို​ဖြစ်​နေ​တာ မကောင်း​ဘူး။+ ၁၁  စမ်း​ရေ​တစ်​ပေါက်​တည်း​က​နေ ရေ​ချို​ရော ရေ​ခါး​ပါ ထွက်​တတ်​သလား။ ၁၂  ညီ​အစ်​ကို​တို့၊ သဖန်း​ပင်​မှာ သံ​လွင်​သီး သီး​တတ်​သလား။ စ​ပျစ်​ပင်​မှာ သဖန်း​သီး သီး​တတ်​သလား။+ ရေ​ငန်​အိုင်​မှာ ရေ​ချို​ထွက်​တတ်​သလား။ ၁၃  ဉာဏ်​ပညာ​နဲ့  သိ​နား​လည်​နိုင်စွမ်း​ရှိ​တဲ့​သူ  ခင်​ဗျား​တို့​ထဲ​မှာ  ရှိ​သလား။  ရှိ​တယ်​ဆို​ရင်  အမူ​အကျင့်​ကောင်း​နဲ့ သက်​သေပြရ​မယ်။ ဉာဏ်​ပညာ​ကြောင့်​ဖြစ်​ပေါ်​လာ​တဲ့ နူး​ညံ့​သိမ်​မွေ့ခြင်း​နဲ့ အရာရာ​ကို လုပ်​ဆောင်​တတ်​သူ ဖြစ်​ရ​မယ်။ ၁၄  ဒါ​ပေမဲ့ ခင်​ဗျား​တို့​ရင်​ထဲ​မှာ မနာ​လို​စိတ် များ​နေ​ရင်၊+ ငြင်း​ခုံ​ရန်​တွေ့​ချင်​စိတ်  ရှိ​နေ​ရင်*+ မိမိ​ဉာဏ်​ပညာ​အတွက် မဝါ​ကြွား​ပါ​နဲ့။+ အဲ​ဒီ​လို​ဝါ​ကြွား​နေ​ရင် လိမ်​ညာ​ပြော​နေ​တာ​ပဲ။ ၁၅  အဲ​ဒါ​ဟာ အထက်​က​လာ​တဲ့ ဉာဏ်​ပညာ မဟုတ်​ဘူး။ ဒီ​လော​က​နဲ့​ဆိုင်​တဲ့၊+ အပြစ်​ရှိ​တဲ့​အလို​ဆန္ဒ​နောက် လိုက်​သူ​တွေ​နဲ့​ဆိုင်​တဲ့၊ နတ်​ဆိုး​နဲ့​ဆိုင်​တဲ့ ပညာ​ပဲ။ ၁၆  မနာ​လို​စိတ်၊  ငြင်း​ခုံ​ရန်တွေ့​ချင်​စိတ်* ရှိ​တဲ့​နေ​ရာ​မှာ စည်း​စ​နစ်​မ​ရှိတာတွေ၊ ယုတ်​ညံ့​တာ​တွေ ရှိ​တတ်​တယ်။+ ၁၇  အထက်​က​လာ​တဲ့ ဉာဏ်​ပညာ​ကို ပိုင်​ဆိုင်​တဲ့​သူ​ဟာ ဦး​ဆုံး​အနေ​နဲ့ စင်​ကြယ်​တယ်။+ ပြီး​တော့ သင့်​သင့်မြတ်မြတ် နေ​တတ်​တယ်။+ အကျိုး​သင့်​အကြောင်း​သင့် ရှိ​တယ်။+ နာ​ခံ​ဖို့ အသင့်​ရှိ​တယ်။ က​ရု​ဏာတွေ၊ အကျင့်​ကောင်း​တွေ​နဲ့* ပြည့်​စုံ​တယ်။+ မျက်​နှာ​မလိုက်​တတ်​ဘူး။+ သူ​တော်​ကောင်း အဖြစ်​ဟန်​မဆောင်​ဘူး။+ ၁၈  ဒါ့​အပြင် ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ဟာ သင့်မြတ်​စေ​သူ​အတွက်*+ ငြိမ်​သက်​တဲ့​အခြေ​အနေ​မှာ+ ကြဲ​ထား​တယ်။

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“အတ္တ​ဆန်​တဲ့ ရည်​မှန်း​ချက်​ရှိ​နေ​ရင်” လည်း​ဖြစ်​နိုင်။
“အတ္တ​ဆန်​တဲ့ ရည်​မှန်း​ချက်” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “အသီး​အပွင့်​ကောင်း။”
“သင့်မြတ်​စေ​သူ​က ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို” လည်း​ဖြစ်​နိုင်။