ယာကုပ် ၄:၁-၁၇

  • လောကနဲ့ မိတ်မဖွဲ့ပါနဲ့ (၁-၁၂)

    • စာတန်ကို ခုခံတွန်းလှန် ()

    • ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ ()

  • မာနကြီးခြင်းကို ရှောင်ပါ (၁၃-၁၇)

    • “ယေဟောဝါ အလိုတော်ရှိရင်” (၁၅)

 ခင်ဗျားတို့ဆီမှာ ဖြစ်နေတဲ့ ရန်လိုတာတွေ၊ တိုက်ခိုက်တာတွေဟာ ဘယ်ကနေ အရင်းခံတာလဲ။ ခင်ဗျားတို့ကို ချုပ်ကိုင်ဖို့ တိုက်ခိုက်နေတဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကနေ အရင်းခံတာပဲ မဟုတ်လား။+ ၂  ခင်ဗျားတို့က ဆန္ဒရှိပေမဲ့ ဘာကိုမှမရကြဘူး။ လူ့အသက် သတ်ပြီး လိုချင်တပ်မက်စိတ် ကြီးပေမဲ့ မရနိုင်ကြဘူး။ အချင်းချင်း ရန်လိုပြီး တိုက်ခိုက်နေကြတယ်။+  ဘုရားသခင်ကို မတောင်းလျှောက်တဲ့အတွက်  မရနိုင်ကြဘူး။ ၃  တောင်းပြန်တော့လည်း မရဘူး။ အပြစ်ရှိတဲ့အလိုဆန္ဒတွေ ပြည့်ဖို့ပဲ တလွဲတောင်းနေတာကိုး။ ၄  ဖောက်ပြန်သူတို့၊ လောကနဲ့ မိတ်ဖွဲ့သူဟာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်မှန်း မသိကြဘူးလား။ လောကရဲ့မိတ်ဆွေ ဖြစ်ချင်သူဟာ ဘုရားသခင်ရဲ့ရန်သူ ဖြစ်လိမ့်မယ်။+ ၅  “ရင်ထဲမှာရှိတဲ့ မနာလိုစိတ်က အရာရာကို မပြတ်လိုချင်တောင့်တနေတယ်”+  ဆိုပြီး ကျမ်းစာမှာ အကြောင်းမဲ့ ပြောထားတယ်လို့ ထင်နေကြတာလား။ ၆  ဘုရားသခင်ပေးသနားတဲ့ မဟာကရုဏာကတော့ ပိုပြီးကြီးမြတ်တယ်။ “ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်တယ်။+ စိတ်နှိမ့်ချသူတွေကိုတော့ မဟာကရုဏာ ပေးသနားတယ်”+ လို့ ကျမ်းစာမှာ ပြောထားတယ်။ ၇  ဒါကြောင့် ဘုရားသခင်ကို လက်အောက်ခံကြပါ။+ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။+ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူ ထွက်ပြေးသွားလိမ့်မယ်။+ ၈  ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။* ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။+ အပြစ်သားတို့၊ ခင်ဗျားတို့ရဲ့လက်ကို သန့်စင်စေကြပါ။+ မပြတ်သားသူတို့၊ ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို စင်ကြယ်စေကြပါ။+ ၉  ဝမ်းနည်းငိုကြွေးနေကြပါ။+ ရယ်မောနေမယ့်အစား ညည်းတွားကြပါ။ ဝမ်းသာနေမယ့်အစား ဝမ်းနည်းနေကြပါ။ ၁၀  ယေဟောဝါ* ရှေ့မှာ နှိမ့်ချကြပါ။+ ဒါဆိုရင် ခင်ဗျားတို့ကို ဘုရားသခင် ချီးမြှောက်လိမ့်မယ်။+ ၁၁  ညီအစ်ကိုတို့၊  အချင်းချင်း မကောင်းမပြောကြပါနဲ့တော့။+  ညီအစ်ကိုအကြောင်း မကောင်းပြောတာ၊ ပြစ်တင်ဝေဖန်တာဟာ  ပညတ်ကို မကောင်းပြောတာ၊ ပြစ်တင်ဝေဖန်တာပဲ။ ပညတ်ကို ပြစ်တင်ဝေဖန်မယ်ဆိုရင် ပညတ်ကို ကျင့်တဲ့သူ မဟုတ်ဘဲ တရားစီရင်တဲ့သူ ဖြစ်နေပြီ။ ၁၂  ပညတ်ပြဋ္ဌာန်းရှင်၊  တရားသူကြီးက  တစ်ပါးပဲ ရှိတယ်။+ အဲဒီအရှင်က လူတွေကို ကယ်တင်နိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။+ ခင်ဗျားတို့ကျတော့ ဘယ်သူမို့လို့ လူလူချင်းကို တရားစီရင်ရတာလဲ။+ ၁၃  ခင်ဗျားတို့ထဲက တချို့က “ဒီနေ့ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် အဲဒီမြို့မှာ တစ်နှစ်လောက် သွားနေကြစို့။ အဲဒီမှာ အမြတ်အစွန်းရအောင် စီးပွားရှာကြစို့”+ ဆိုပြီး  ပြောတတ်ကြတယ်။ ၁၄  တကယ်တော့ မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့သိတာမှ မဟုတ်တာ။+ ခင်ဗျားတို့ဟာ မြူခိုးလိုပဲ ခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားမှာ။+ ၁၅  အဲဒီအစား “ယေဟောဝါ* ဘုရား အလိုတော်ရှိရင်+ ကျွန်တော်တို့  အသက်ဆက်ရှင်ပြီး ဒါတွေဒါတွေ လုပ်ကြမယ်”  လို့  ပြောသင့်တာပေါ့။ ၁၆  အခုတော့ ခင်ဗျားတို့ မာနကြီးပြီး ကြွားလုံးထုတ်နေလိုက်ကြတာ။ အဲဒီလိုကြွားတာ မကောင်းဘူး။ ၁၇  မှန်တာကို ဘယ်လိုလုပ်ရမယ်မှန်း သိလျက်နဲ့ မလုပ်တဲ့သူဟာ အပြစ်ရှိတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဘုရားသခင်ဆီ ချဉ်းကပ်ပါ။”