ယေဇကျေလ ၁၅:၁-၈

  • အသုံးမဝင်တဲ့စပျစ်ပင်၊ ဂျေရုဆလင် (၁-၈)

၁၅  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂  “လူသား၊ စပျစ်ပင်ဟာ တခြားတောသစ်ပင်တွေ၊ သစ်ကိုင်းတွေနဲ့ ဘာများကွာခြားလို့လဲ။ ၃  စပျစ်သားနဲ့ တစ်ခုခုလုပ်လို့ ရလို့လား။ ပစ္စည်းချိတ်ဖို့ ချိတ်ကို စပျစ်သားနဲ့ လုပ်လို့ရသလား။ ၄  လူတွေက စပျစ်ပင်ကို မီးဆိုက်ကြတယ်။ အရင်းအဖျားပါမကျန် အကုန်မီးလောင်သွားတယ်။ ဒီတော့ ဘာအသုံးဝင်သေးလို့လဲ။ ၅  မီးမဆိုက်ခင်မှာတောင် အသုံးမဝင်ဘူးဆိုရင် မီးလောင်ကျွမ်းပြီးတဲ့နောက် ပိုဆိုးမှာပေါ့။” ၆  “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တောသစ်ပင်တွေထဲမှာ စပျစ်ပင်ကို မီးဆိုက်သလို ဂျေရုဆလင်မြို့သားတွေကိုလည်း အဲဒီအတိုင်း လုပ်မယ်။+ ၇  သူတို့ကို ငါဒဏ်ပေးမယ်။ မီးထဲကနေ သူတို့လွတ်မြောက်ပေမဲ့ လောင်ကျွမ်းခံရဦးမှာပဲ။ သူတို့ကို ဒဏ်ပေးတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။’”+ ၈  “‘သူတို့ သစ္စာမဲ့တဲ့အတွက်+ တိုင်းပြည်ကို လူသူကင်းမဲ့စေမယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”

အောက်ခြေမှတ်ချက်များ