ယေဇကျေလ ၂၅:၁-၁၇
၂၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၂ “လူသား၊ အမ္မုန်လူမျိုးဘက်+ မျက်နှာမူပြီး သူတို့ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+
၃ အမ္မုန်လူမျိုးနဲ့ပတ်သက်ပြီး မင်းပြောရမှာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာကို နားထောင်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “သန့်ရှင်းရာဌာနတော် ညစ်ညူးသွားတုန်းက၊ အစ္စရေးပြည် လူသူကင်းမဲ့သွားတုန်းက၊ ယုဒအမျိုး ပြည်နှင်ခံရတုန်းက မင်းတို့ ဟားတိုက်ခဲ့တယ်။
၄ အခု၊ မင်းတို့ကို အရှေ့ပြည်သားတွေ လက်ထဲ ငါအပ်မှာဖြစ်လို့ မင်းတို့အလယ်မှာ စခန်းတွေချ၊ တဲတွေထိုးလိမ့်မယ်။ မင်းတို့ရဲ့သီးနှံတွေကို စားသုံးကြလိမ့်မယ်။ မင်းတို့သောက်မယ့်နို့ကို သူတို့ သောက်ကြလိမ့်မယ်။
၅ ရဗာမြို့ကို+ ကုလားအုတ်စားကျက်မြေ ဖြစ်စေမယ်။ အမ္မုန်ပြည်ကို သိုးအုပ်ကျက်စားရာ ဖြစ်စေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။”’”
၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘အစ္စရေးပြည် ဒုက္ခရောက်တဲ့အခါ မင်းတို့ လက်ခုပ်တီးပြီး+ ခြေဆောင့်ကြတယ်။ ဝမ်းသာအားရ လှောင်ပြောင်ကြတယ်။+
၇ ဒါကြောင့် ငါ့လက်ကိုဆန့်ပြီး မင်းတို့ကို ဒဏ်ခတ်မယ်။ တခြားလူမျိုးတွေ တိုက်ခိုက်လုယက်ဖို့ အပ်လိုက်မယ်။ လူမျိုးတစ်မျိုးအဖြစ် မင်းတို့ မတည်ရှိတော့အောင် ပယ်ရှင်းမယ်။+ ပြည်တွေထဲကနေ အစတုံးဖျက်ဆီးပစ်မယ်။ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့သိရကြလိမ့်မယ်။’
၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘“ယုဒအမျိုးဟာ တခြားလူမျိုးတွေနဲ့ ဘာကွာလို့လဲ” ဆိုပြီး မောဘနဲ့+ စိရ+ ပြောတယ်။
၉ ဒါကြောင့် ငါက ကျက်သရေဆောင်မြို့တွေဖြစ်တဲ့ ဗက်ယေရှိမုတ်၊ ဗာလမုန်နဲ့ ကိရယသိမ်အထိ+ မောဘရဲ့ နယ်စပ်မြို့တွေကို ရန်သူလက်ထဲ အပ်မယ်။
၁၀ အမ္မုန်လူမျိုးတွေကိုလည်း အရှေ့ပြည်သားတွေလက်ထဲ အပ်မယ်။+ ဒါကြောင့် အမ္မုန်လူမျိုးကို တခြားလူမျိုးတွေ သတိရကြတော့မှာ မဟုတ်ဘူး။+
၁၁ မောဘပြည်ကို ငါတရားစီရင်မယ်။+ ငါဟာ ယေဟောဝါဖြစ်မှန်း သူတို့သိရကြလိမ့်မယ်။’
၁၂ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ယုဒအမျိုးကို ဧဒုံလူမျိုး လက်စားချေခဲ့တယ်။ အဲဒီလို လက်စားချေတဲ့အတွက် သူ့မှာ ကြီးလေးတဲ့အပြစ် ရှိတယ်။+
၁၃ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “ငါ့လက်ကိုဆန့်ပြီး ဧဒုံလူမျိုးကို ဒဏ်ခတ်မယ်။ ပြည်ထဲက လူသူတိရစ္ဆာန်တွေကို ပယ်ရှင်းပြီး လူသူကင်းမဲ့စေမယ်။+ တေမန်မြို့ကနေ ဒေဒန်အရပ်အထိ ဓားဘေးကြောင့် ကျဆုံးသွားလိမ့်မယ်။+
၁၄ ‘ငါ့လူမျိုး အစ္စရေးလက်ချက်နဲ့ ဧဒုံလူမျိုးကို လက်စားချေမယ်။+ သူတို့က ငါ့ဒေါသကို ဧဒုံအပေါ် ကျရောက်စေလိမ့်မယ်။ ငါလက်စားချေတာကို ဧဒုံလူမျိုး ခံရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”’
၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘ဖိလိတိလူတွေက အစ္စရေးတွေအပေါ် ရန်ငြိုးမပြေနိုင်တဲ့အတွက် လက်စားချေဖျက်ဆီးဖို့ မလိုတမာစိတ်နဲ့ ကြိုးစားတယ်။+
၁၆ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့လက်ကို ဆန့်ပြီး ဖိလိတိလူတွေကို ဒဏ်ခတ်မယ်။+ ခေရသိလူမျိုးကို ပယ်ရှင်းမယ်။+ ပင်လယ်ကမ်းရိုးတန်းမှာ ကျန်နေသေးတဲ့ လူတွေကိုလည်း ဖျက်ဆီးမယ်။+
၁၇ သူတို့ကို ကောင်းကောင်း လက်စားချေပြီး ဒေါသတကြီး ဒဏ်ခတ်မယ်။ အဲဒီလို လက်စားချေတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”’”