ယေဇကျေလ ၃၆:၁-၃၈

  • အစ္စရေးတောင်တန်းအတွက် ပရောဖက်ပြုချက် (၁-၁၅)

  • အစ္စရေး ပြည်လည်ထူထောင်ခြင်း (၁၆-၃၈)

    • ‘ငါ့ရဲ့ကြီးမြတ်တဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေမယ်’  (၂၃)

    • “ဧဒင်ဥယျာဉ်လို ဖြစ်လာပြီ” (၃၅)

၃၆  “လူသား၊ အစ္စရေးတောင်တန်းတွေနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ– ‘အစ္စရေးတောင်တန်းတို့၊ ယေဟောဝါရဲ့စကားကို နားထောင်ကြ။ ၂  “‘ရှေးကတည်းကရှိခဲ့တဲ့ အထွတ်အမြတ်နေရာတွေကို ငါတို့အပိုင်ရပြီဟေ့’ လို့ ရန်သူတွေ ပြောနေကြတယ်”+ ဆိုပြီး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတယ်။’ ၃  “ဒါကြောင့် မင်းပရောဖက်ပြုလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့ကို ရန်သူတွေ အဘက်ဘက်ကနေ တိုက်ခိုက်ပြီး လူသူကင်းမဲ့အောင် လုပ်တဲ့အတွက် တခြားလူမျိုးတွေထဲက အသက်ရှင်လွတ်မြောက်သူတွေ မင်းတို့ကို အပိုင်ရသွားတယ်။ လူတွေကလည်း မင်းတို့အကြောင်း အသရေဖျက်ပြီး ပြောနေကြတယ်။+ ၄  ဒါကြောင့် အစ္စရေးတောင်တန်းတို့၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာကို နားထောင်ကြ။ တောင်တန်းနဲ့ တောင်ကုန်းတွေ၊ စမ်းချောင်းနဲ့ ချိုင့်ဝှမ်းတွေ၊ လူသူကင်းမဲ့နေတဲ့ အပျက်အယွင်းတွေ၊+ ပတ်ဝန်းကျင်လူမျိုးတွေထဲက အသက်ရှင်လွတ်မြောက်သူတွေရဲ့ လုယက်မှု၊ လှောင်ပြောင်မှုခံရတဲ့ မြို့ပျက်တွေကို+ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောနေတယ်။ ၅  သူတို့ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘လူမျိုးတွေထဲက အသက်ရှင် လွတ်မြောက်သူတွေနဲ့ ဧဒုံတစ်မျိုးလုံးက လှောင်ပြောင် ပြောဆိုပြီး ငါ့ပြည်ကို ဝမ်းသာအားရနဲ့ အပိုင်သိမ်းခဲ့တယ်။+ စားကျက်မြေတွေကို သိမ်းယူပြီး ပြည်ကိုပါ တိုက်ခိုက်လုယက်ခဲ့တယ်။+ ဒါကြောင့် မီးလို တောက်လောင်နေတဲ့ ထက်သန်တဲ့စိတ်နဲ့+ သူတို့ကို ငါပြောမယ်။’”’ ၆  “အစ္စရေးပြည်နဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ တောင်တန်းနဲ့ တောင်ကုန်းတွေ၊ စမ်းချောင်းနဲ့ ချိုင့်ဝှမ်းတွေကို ပြောလိုက်ပါ– ‘“လူမျိုးတွေအရှက်ခွဲတာကို မင်းတို့ခံနေရတဲ့အတွက်+ ထက်သန်တဲ့စိတ်နဲ့၊ အမျက်ဒေါသနဲ့ ငါပြောမယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။’ ၇  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘လက်ကိုမြှောက်ပြီး ငါကိုယ်တိုင်ကျိန်ဆိုမယ်။ ပတ်ဝန်းကျင်လူမျိုးတွေ အရှက်ခွဲခံရလိမ့်မယ်။+ ၈  အစ္စရေးတောင်တန်းတို့၊ မကြာခင် ပြည်ကို ငါ့လူမျိုးအစ္စရေးတွေ ပြန်လာကြတော့မှာဖြစ်လို့ မင်းတို့ဟာ အကိုင်းအခက်တွေထွက်ပြီး အသီးတွေ သီးရလိမ့်မယ်။+ ၉  မင်းတို့နဲအတူ ငါရှိမယ်။ မင်းတို့ဆီ ပြန်လှည့်လာမယ်။ လူတွေက မင်းတို့အပေါ်မှာ ထွန်ယက်စိုက်ပျိုးပြီး မျိုးစေ့ကြဲကြလိမ့်မယ်။ ၁၀  မင်းတို့ရဲ့လူတွေဖြစ်တဲ့ အစ္စရေးတစ်မျိုးလုံးကို ငါတိုးများစေမယ်။ မြို့တွေမှာ လူတွေပြန်နေထိုင်ပြီး+ အပျက်အယွင်းတွေကို ပြန်တည်ဆောက်ကြလိမ့်မယ်။+ ၁၁  မင်းတို့ရဲ့လူတွေ၊ တိရစ္ဆာန်အုပ်တွေကို ငါတိုးများစေမယ်။+ သူတို့ ပွားများကြလိမ့်မယ်။ မင်းတို့ဆီမှာ အရင်ကလို လူတွေပြန်နေထိုင်အောင် ငါလုပ်မယ်။+ မင်းတို့ကို အရင်ကထက် ကြီးပွားတိုးတက်စေမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။+ ၁၂  ငါ့လူမျိုးအစ္စရေးတွေကို မင်းတို့အပေါ်မှာ သွားလာစေမယ်။ မင်းတို့ကို သူတို့အပိုင်ရလိမ့်မယ်။+ မင်းတို့ဟာ သူတို့ရဲ့အမွေ ဖြစ်လာလိမ့်မယ်။ မင်းတို့ကြောင့် သူတို့ရဲ့သားသမီးတွေ ဆုံးရှုံးသွားတာမျိုး မဖြစ်စေရဘူး။’”+ ၁၃  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘“မင်းတို့ဟာ လူတွေကို ဝါးမျိုတဲ့ပြည်၊ ကိုယ့်လူမျိုးရဲ့ သားသမီးတွေကို ဆုံးပါးစေတဲ့ပြည်ပဲ” လို့လူတွေ ပြောနေကြတယ်။’ ၁၄  ‘ဒါကြောင့် မင်းတို့က လူတွေကို ဝါးမျိုတော့မှာ မဟုတ်ဘူး။ ကိုယ့်လူမျိုးကိုလည်း သားသမီးဆုံးပါးအောင် လုပ်တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၁၅  ‘မင်းတို့ကို လူမျိုးတွေ စော်ကားတာ၊ လူတွေကဲ့ရဲ့တာ ငါမခံစေတော့ဘူး။+ မင်းတို့က ကိုယ့်လူမျိုးကို တိုက်မိလဲအောင် လုပ်တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။” ၁၆  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၇  “လူသား၊ အစ္စရေးလူတွေ ပြည်မှာနေထိုင်ခဲ့တုန်းက သူတို့ရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေကြောင့် တိုင်းပြည် ညစ်ညူးခဲ့တယ်။+ သူတို့ရဲ့လမ်းစဉ်တွေဟာ ငါ့အတွက်တော့ ရာသီလာနေတဲ့ မိန်းမရဲ့ မသန့်ရှင်းမှုလိုပဲ။+ ၁၈  သူတို့က တိုင်းပြည်မှာ လူသတ်တယ်။ တိုင်းပြည်ကို ရွံမုန်းဖွယ်ရုပ်တုတွေနဲ့* ညစ်ညူးစေတဲ့အတွက်+ ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းခဲ့ရတယ်။+ ၁၉  ငါက သူတို့ကို လူမျိုးခြားတွေအလယ်မှာ ကွဲလွင့်စေပြီး တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေခဲ့တယ်။+ သူတို့ရဲ့လမ်းစဉ်တွေ၊ လုပ်ရပ်တွေနဲ့အညီ တရားစီရင်ခဲ့တယ်။ ၂၀  ဒါပေမဲ့ အဲဒီလူမျိုးတွေဆီ သူတို့ရောက်သွားတဲ့အခါ လူတွေက ‘ယေဟောဝါရဲ့လူမျိုး ဖြစ်လျက်နဲ့ နေရင်းပြည်ကို သူတို့ စွန့်ခွာခဲ့ရပါလား’ ဆိုပြီး သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချကြတယ်။+ ၂၁  ဒါကြောင့် လူမျိုးတွေအလယ်မှာ အစ္စရေးအမျိုး ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ငါအလေးထားတယ်ဆိုတာ ပြမယ်။”+ ၂၂  “ဒါကြောင့် အစ္စရေးအမျိုးကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက– “အစ္စရေးအမျိုး၊ မင်းတို့အတွက် ငါလုပ်ဆောင်နေတာ မဟုတ်ဘူး။ မင်းတို့ရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ မင်းတို့ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်အတွက် လုပ်ဆောင်နေတာ။”’+ ၂၃  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘လူမျိုးတွေ ကဲ့ရဲ့ရှုတ်ချခဲ့တဲ့၊ လူမျိုးတွေအလယ်မှာ မင်းတို့ကဲ့ရဲ့ရှုတ်ချခဲ့တဲ့ ငါ့ရဲ့ကြီးမြတ်တဲ့နာမည်ကို ငါသန့်ရှင်းမြင့်မြတ်စေမယ်။+ ငါဟာ သန့်ရှင်းမြင့်မြတ်တဲ့အရှင် ဖြစ်မှန်း သူတို့သိအောင် လုပ်တဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ လူမျိုးတွေ သိရကြလိမ့်မယ်။+ ၂၄  မင်းတို့ကို လူမျိုးတွေဆီကနေ ငါပြန်ခေါ်လာမယ်။ တိုင်းပြည်တွေကနေ ပြန်စုသိမ်းပြီး နေရင်းပြည်ဆီ ခေါ်လာမယ်။+ ၂၅  ငါက ရေစင် ဖျန်းပက်လိုက်တဲ့အခါ မင်းတို့ သန့်ရှင်းလာပြီး+ မသန့်ရှင်းမှုတွေ၊ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့ ကင်းစင်သွားလိမ့်မယ်။+ ၂၆  မင်းတို့ကို စိတ်နှလုံးအသစ် ပေးမယ်။+ စိတ်သဘောသစ်ကို သွင်းပေးမယ်။+ မင်းတို့ဆီမှာရှိတဲ့ ကျောက်သားနှလုံးကို ဖယ်ရှားပြီး+ အသွေးအသားနှလုံး* ပေးမယ်။ ၂၇  ငါ့စွမ်းအားတော်ကို မင်းတို့ရင်ထဲရောက်အောင် သွင်းပေးမယ်။ မင်းတို့ကို ငါ့စည်းမျဉ်းတွေအတိုင်း လိုက်လျှောက်စေမယ်။+ ငါ့တရားစီရင်ချက်တွေကို မင်းတို့ လိုက်နာစောင့်ထိန်းကြလိမ့်မယ်။ ၂၈  အဲဒီနောက် ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်မှာ မင်းတို့နေထိုင်ရလိမ့်မယ်။ မင်းတို့ဟာ ငါ့လူတွေဖြစ်လာမယ်။ ငါကလည်း မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာမယ်။’+ ၂၉  “‘မင်းတို့ကို မသန့်ရှင်းမှုမှန်သမျှနဲ့ ငါကင်းစင်စေမယ်။ ကောက်နှံတွေ လှိုင်လှိုင်သီးဖို့ ငါမိန့်မှာမယ်။ မင်းတို့ အငတ်ဘေးကြုံရမှာ မဟုတ်ဘူး။+ ၃၀  အငတ်ဘေးကြောင့် လူမျိုးတွေအလယ်မှာ မင်းတို့ အရှက်မကွဲရတော့အောင် အသီးအပွင့်တွေ၊ လယ်ထွက်သီးနှံတွေကို လှိုင်လှိုင်ဖြစ်ထွန်းစေမယ်။+ ၃၁  အဲဒီအခါ ကိုယ့်ရဲ့မကောင်းတဲ့ လမ်းစဉ်တွေ၊ မကောင်းတဲ့ လုပ်ရပ်တွေကို မင်းတို့ ပြန်သတိရလိမ့်မယ်။ ကိုယ့်ရဲ့အပြစ်တွေ၊ ရွံစရာအကျင့်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံလာလိမ့်မယ်။+ ၃၂  ဒါပေမဲ့ ငါဒီလိုလုပ်ဆောင်တာဟာ မင်းတို့အတွက် မဟုတ်မှန်း သိထားကြပါ။+ အစ္စရေးအမျိုး၊ ကိုယ့်ရဲ့လမ်းစဉ်တွေကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်နေလိုက်ပါ။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။ ၃၃  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့ကို အပြစ်မှန်သမျှ ကင်းစင်စေတဲ့နေ့မှာ ငါက မြို့တွေမှာ လူတွေ ပြန်နေထိုင်စေမယ်။+ အပျက်အယွင်းတွေကို ပြန်တည်ဆောက်စေမယ်။+ ၃၄  ဖြတ်သန်းသွားလာသူ မြင်ခဲ့ရတဲ့ လူသူကင်းမဲ့ပြီး ပျက်စီးနေတဲ့ပြည်မှာ ပြန်ထွန်ယက်စိုက်ပျိုးကြလိမ့်မယ်။ ၃၅  “လူသူကင်းမဲ့နေတဲ့ပြည်ဟာ ဧဒင်ဥယျာဉ်လို ဖြစ်လာပြီ။+ ပျက်ယွင်းပြီး လူသူကင်းမဲ့နေတဲ့ မြို့ပျက်တွေဟာ အခုတော့ လူနေထိုင်ရာ ခိုင်ခံ့တဲ့မြို့တွေ ဖြစ်လာပြီ”+ လို့ လူတွေ ပြောကြလိမ့်မယ်။ ၃၆  ငါယေဟောဝါဟာ ပြိုကျနေတဲ့မြို့တွေကို ပြန်တည်ဆောက်တဲ့အရှင်၊ ပျက်စီးနေတဲ့ပြည်မှာ ပြန်စိုက်ပျိုးတဲ့အရှင်ပဲဆိုတာ ပတ်ဝန်းကျင်က ကျန်ကြွင်းတဲ့ လူမျိုးတွေ သိရလိမ့်မယ်။ ငါယေဟောဝါကိုယ်တိုင် အဲဒီလိုပြောပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့ပြီ။’+ ၃၇  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ကျွန်တော်တို့ကို သိုးအုပ်တွေလို တိုးများစေပါဆိုပြီး အစ္စရေးအမျိုးကို ငါတောင်းဆိုခွင့်ပြုမယ်။ ၃၈  သန့်ရှင်းတဲ့ လူအုပ်လို၊ ပွဲခံချိန်မှာ+ ဂျေရုဆလင်မှာရှိတဲ့ သိုးအုပ်လို* မြို့ပျက်တွေမှာ လူအုပ်တွေ ပြည့်နေလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။’”

အောက်ခြေမှတ်ချက်များ

မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
ဘုရားသခင့်လမ်းညွှန်ချက်ကို လက်ခံလွယ်တဲ့ နှလုံးသား။
“ဂျေရုဆလင်မှာ ပူဇော်ဆက်သမယ့် သိုးအုပ်လို” လည်းဖြစ်နိုင်။