ယေဇကျေလ ၃၈:၁-၂၃

  • အစ္စရေးတွေကို ဂေါဂတိုက်ခိုက် (၁-၁၆)

  • ဂေါဂကို ယေဟောဝါ အမျက်ထွက် (၁၇-၂၃)

    • ‘ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်’ (၂၃)

၃၈  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂  “လူသား၊ မာရှက်ပြည်နဲ့ တုဗလပြည်ရဲ့ ခေါင်းဆောင်၊+ မာဂေါဂပြည်က ဂေါဂမင်း+ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃  သူ့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မာရှက်ပြည်နဲ့ တုဗလပြည်ရဲ့ခေါင်းဆောင် ဂေါဂ၊ မင်းကို ငါတိုက်ခိုက်မယ်။ ၄  မင်းကို နောက်ပြန်လှည့်စေမယ်။ မင်းရဲ့မေးရိုးကို ချိတ်နဲ့ချိတ်မယ်။+ သားသားနားနား ဝတ်ဆင်ပြီး၊ ဒိုင်းလွှားအကြီးအငယ်တွေ ကိုင်ပြီး ဓားဝှေ့ယမ်းနေတဲ့ မြင်းစီးသူရဲတွေ၊ မြင်းတွေပါဝင်တဲ့ တပ်မကြီးတစ်ခုလုံးကို မင်းနဲ့အတူ ခေါ်ထုတ်မယ်။+ ၅  ဒိုင်းငယ်တွေကိုင်ပြီး သံခမောက်ဆောင်းထားတဲ့ ပါးရှား၊ အီသီယိုးပီးယားနဲ့ ဖုတပြည်သားတွေလည်း+ ပါတယ်။ ၆  ဂေါမာအမျိုးနဲ့ စစ်သည်တွေ၊ မြောက်ဘက် အစွန်အဖျားဒေသက တောဂါမအမျိုးနဲ့+ စစ်သည်တွေလည်း ပါတယ်။ မင်းနဲ့အတူ လူအမြောက်အမြား ရှိနေတယ်။+ ၇  “‘“မင်းကိုယ်တိုင်ရော အတူစုဝေးနေတဲ့ စစ်တပ်တွေပါ အသင့်ဖြစ်နေပါ။ အသင့်ပြင်ထားပါ။ သူတို့ကို မင်းဦးဆောင်ရမယ်။ ၈  “‘“ရက်အတော်ကြာမှ မင်းကို ဆင့်ခေါ်မယ်။ အဆုံးပိုင်းကာလ ရောက်တဲ့အခါ မင်းက ဓားဘေးကနေ ကယ်တင်ခံရသူတွေ၊ လူသူကင်းမဲ့တာ ကြာပြီဖြစ်တဲ့ အစ္စရေးတောင်တန်းတွေပေါ် ပြန်စုသိမ်းခံရသူတွေရဲ့ ပြည်ကို ကျူးကျော်လိမ့်မယ်။ အဲဒီပြည်သားတွေဟာ လူမျိုးတွေထဲကနေ ပြန်စုသိမ်းခံရပြီး ဘေးကင်းလုံခြုံစွာ နေထိုင်သူတွေပဲ။+ ၉  သူတို့ကိုတိုက်ဖို့ မင်းနဲ့ မင်းရဲ့တပ်မကြီးရော အတူရှိနေသူတွေပါ မုန်တိုင်းလို ရောက်လာပြီး အဲဒီပြည်ကို မိုးတိမ်လို လွှမ်းမိုးလိမ့်မယ်။”’ ၁၀  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အဲဒီနေ့မှာ မင်းရဲ့စိတ်ထဲ အကြံအစည်တွေ ပေါ်လာလိမ့်မယ်။ မကောင်းတဲ့အကြံကို ကြံစည်လိမ့်မယ်။ ၁၁  မင်းက “အကာအကွယ်မဲ့နေတဲ့ ကျေးရွာတွေရှိတဲ့ပြည်ကို ငါကျူးကျော်မယ်။+ မြို့ရိုး၊ ကန့်လန့်ကျင်၊ မြို့တံခါးမရှိတဲ့ ကျေးရွာတွေမှာ အနှောင့်အယှက်မရှိဘဲ ဘေးကင်းလုံခြုံစွာ နေထိုင်နေသူတွေကို ဝင်တိုက်မယ်” လို့ ပြောလိမ့်မယ်။ ၁၂  မင်းရဲ့အကြံက တိုက်ခိုက်လုယက်ပြီး တိုက်ရာပါဥစ္စာတွေကို သိမ်းသွားဖို့၊ တစ်ချိန်က ပျက်စီးခဲ့ပေမဲ့ အခု လူနေထိုင်တဲ့နေရာတွေကို၊+ လူမျိုးခြားတွေထဲကနေ ပြန်စုသိမ်းခံရတဲ့ လူမျိုးတစ်မျိုးကို+ တိုက်ခိုက်ဖို့ပဲ။ အဲဒီလူမျိုးဟာ စည်းစိမ်ဥစ္စာတွေ စုဆောင်းပြီး+ ကမ္ဘာမြေရဲ့ အလယ်ဗဟိုမှာနေထိုင်နေသူတွေဖြစ်တယ်။ ၁၃  “‘ရှေဘပြည်၊+ ဒေဒန်ပြည်၊+ တာရှိပြည်ရဲ့ ကုန်သည်တွေနဲ့+ သူတို့ရဲ့စစ်သည်တွေက မင်းကို “တိုက်ရာပါဥစ္စာတွေရဖို့ ကျူးကျော်မလို့လား။ ရွှေငွေ၊ စည်းစိမ်ဥစ္စာ၊ တိုက်ရာပါပစ္စည်းတွေကို အမြောက်အမြား သိမ်းယူဖို့ မင်းရဲ့တပ်ကို စုရုံးထားတာလား” ဆိုပြီး မေးကြလိမ့်မယ်။’ ၁၄  “အို လူသား၊ ပရောဖက်ပြုပြီး ဂေါဂမင်းကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အဲဒီနေ့မှာ ငါ့လူမျိုးအစ္စရေးတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နေမှန်း မင်းသတိထားမိမှာပဲ။+ ၁၅  အဲဒီအခါ မင်းက မြင်းစီးသူရဲအလုံးအရင်းပါတဲ့ တပ်မဟာကြီးနဲ့အတူ+ မင်းရဲ့နေရာ မြောက်ဘက် အစွန်အဖျားဒေသကနေ ရောက်လာလိမ့်မယ်။+ ၁၆  ပြည်ကိုလွှမ်းမိုးတဲ့ မိုးတိမ်တွေလို မင်းက ငါ့လူမျိုးအစ္စရေးတွေကို လာတိုက်လိမ့်မယ်။ ဂေါဂမင်း၊ အဆုံးပိုင်းကာလမှာ ငါ့ပြည်ကို တိုက်ခိုက်ဖို့ မင်းကို ငါခေါ်လာမယ်။+ မင်းကိုသုံးပြီး ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေမှန်း လူမျိုးတွေ မြင်တဲ့အခါ ငါဘယ်သူလဲဆိုတာ သိလာကြလိမ့်မယ်။”’+ ၁၇  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါ့ကျွန် အစ္စရေးပရောဖက်တွေကတစ်ဆင့် ရှေးကတည်းက ငါပြောခဲ့တဲ့သူဟာ မင်းပဲ။ ငါ့လူတွေကိုတိုက်ဖို့ မင်းကိုခေါ်လာမယ်ဆိုပြီး နှစ်ပေါင်းများစွာကတည်းက အဲဒီပရောဖက်တွေ ကြိုဟောခဲ့တယ်။’ ၁၈  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးပြည်ကို ဂေါဂမင်း ကျူးကျော်တဲ့နေ့မှာ ငါ့ဒေါသမီး ဟုန်းဟုန်းတောက်လိမ့်မယ်။+ ၁၉  မီးလို တောက်လောင်နေတဲ့ ထက်သန်တဲ့စိတ်နဲ့၊ အမျက်ဒေါသနဲ့ ငါပြောမယ်။ အဲဒီနေ့ရောက်ရင် အစ္စရေးပြည်မှာ ငလျင်ကြီး လှုပ်လိမ့်မယ်။ ၂၀  ပင်လယ်ငါးတွေ၊ မိုးကောင်းကင်ငှက်တွေ၊ သားရဲတွေ၊ တွားသွားသတ္တဝါတွေနဲ့ ကမ္ဘာမြေပေါ်ကလူတွေ အားလုံး ငါ့ကြောင့် တုန်လှုပ်ကြလိမ့်မယ်။ တောင်တန်းတွေ၊ ချောက်ကမ်းပါးတွေ ပြိုကျလိမ့်မယ်။+ မြို့ရိုးတွေလည်း မြေမှာ ပြားပြားဝပ်သွားလိမ့်မယ်။’ ၂၁  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါ့တောင်တန်းတွေပေါ်မှာ ဂေါဂကိုတိုက်ဖို့ ဓားကို ငါဆင့်ခေါ်လိုက်မယ်။ အချင်းချင်း ဓားနဲ့ တိုက်ခိုက်လိမ့်မယ်။+ ၂၂  ကပ်ရောဂါဘေး၊+ သေဘေးနဲ့ သူ့ကို တရားစီရင်မယ်။ သူနဲ့ စစ်သည်တွေအပေါ်၊ အတူရှိနေသူတွေအပေါ် မိုးတွေ၊ မိုးသီးတွေ၊+ မီးတွေ၊+ ကန့်တွေ+ သဲကြီးမဲကြီး ရွာကျစေမယ်။+ ၂၃  လူမျိုးအမြောက်အမြားရှေ့ ငါ့ကိုယ်ငါ ဂုဏ်တင်ချီးမြှောက်မယ်။ ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေပြီး ငါဘယ်သူလဲဆိုတာ သိစေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရလိမ့်မယ်။’

အောက်ခြေမှတ်ချက်များ