ယေဇကျေလ ၄၂:၁-၂၀

  • စားသောက်ဆောင်တွေ (၁-၁၄)

  • ဗိမာန်တော် ဘေးဖက်လေးတန်ကို တိုင်းတာ (၁၅-၂၀)

၄၂  အဲဒီနောက် သူက ကျွန်တော့်ကို မြောက်ဘက် အပြင်ရင်ပြင်ဆီ ခေါ်သွားတယ်။+ ပြီးတော့ ကပ်လျက်အဆောက်အအုံရဲ့*+ မြောက်ဘက်၊ နေရာလပ်ရဲ့ဘေးက စားသောက်ဆောင်ဆီ+ ခေါ်သွားတယ်။ ၂  အဲဒီစားသောက်ဆောင်ရဲ့ မြောက်ဘက်ဝင်ပေါက်ရှိတဲ့ အခြမ်းက အလျားအတောင် ၁၀၀ ရှိတယ်။ အဲဒီစားသောက်ဆောင်က အနံအတောင် ၅၀ ရှိတယ်။ ၃  အဲဒီစားသောက်ဆောင်က အတွင်းရင်ပြင်မှာရှိတဲ့ အတောင် ၂၀ ကျယ်တဲ့ နေရာလပ်နဲ့+ အပြင်ရင်ပြင်ရဲ့ ကျောက်ခင်းစင်္ကြံကြားမှာ ရှိတယ်။ စားသောက်ဆောင်စင်္ကြံတွေက မျက်နှာချင်းဆိုင်ရှိပြီး သုံးထပ်မြင့်တယ်။ ၄  စားသောက်ခန်းတွေရှေ့မှာ ၁၀ တောင် ကျယ်ပြီး အတောင် ၁၀၀ ရှည်တဲ့ အတွင်းလျှောက်လမ်းတစ်ခု ရှိတယ်။+ စားသောက်ခန်း ဝင်ပေါက်တွေက မြောက်ဘက်ကို လှည့်ထားတယ်။ ၅  စင်္ကြံတွေက အတွင်းဘက်ကို ဆုတ်သွားတဲ့အတွက် အပေါ်ဆုံးထပ် စားသောက်ခန်းတွေဟာ အောက်ထပ်နဲ့ အလယ်ထပ် စားသောက်ခန်းတွေထက် ပိုကျဉ်းတယ်။ ၆  စားသောက်ခန်းတွေက သုံးထပ်မြင့်ပေမဲ့ ရင်ပြင်တွေမှာလို တိုင်တွေ မရှိဘူး။ ဒါကြောင့် အပေါ်ဆုံးထပ်ရဲ့ ကြမ်းပြင်က အောက်ထပ်နဲ့ အလယ်ထပ်တွေထက် ပိုကျဉ်းတယ်။ ၇  အပြင်ရင်ပြင်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေနားက အပြင်ဘက် ကျောက်တံတိုင်းဟာ တစ်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေကို မျက်နှာမူထားပြီး အတောင် ၅၀ ရှိတယ်။ ၈  အပြင်ရင်ပြင်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေက အတောင် ၅၀ ရှိတယ်။ သန့်ရှင်းရာဌာနတော်ဘက်ခြမ်းမှာရှိတဲ့ စားသောက်ခန်းတွေက အတောင် ၁၀၀ ရှိတယ်။ ၉  စားသောက်ခန်းတွေရဲ့ အရှေ့ဘက်မှာအဝင်လမ်းရှိတယ်။ အပြင်ရင်ပြင်ကနေ အဲဒီစားသောက်ခန်းတွေကို အဲဒီလမ်းက ဝင်လို့ရတယ်။ ၁၀  တောင်ဘက်မှာလည်း စားသောက်ခန်းတွေ ရှိတယ်။ အဲဒီစားသောက်ခန်းတွေက နေရာလပ်နဲ့အဆောက်အအုံနားမှာ၊+ အရှေ့ဘက်မှာရှိတဲ့ ကျောက်တံတိုင်း အတွင်းဘက်မှာ ရှိတယ်။ ၁၁  အဲဒီစားသောက်ခန်းတွေဟာ မြောက်ဘက်က စားသောက်ခန်းတွေနဲ့ အလျား၊ အနံ၊ ဝင်ပေါက်ထွက်ပေါက်၊ ဖွဲ့စည်းပုံတွေ တူညီကြပြီး အရှေ့မှာ လျှောက်လမ်းတစ်ခု ရှိတယ်။+ ဝင်ပေါက်တွေဟာ၊ ၁၂  တောင်ဘက်ကို မျက်နှာမူထားတဲ့ စားသောက်ခန်းဝင်ပေါက်တွေနဲ့ တူတယ်။ လျှောက်လမ်းရဲ့အစ၊ အရှေ့ဘက် ကပ်လျက်ကျောက်တံတိုင်းမှာ ဝင်ပေါက်တစ်ခု ရှိတယ်။+ ၁၃  ကျွန်တော့်ကို သူပြောတယ်– “နေရာလပ်ဘေးမှာရှိတဲ့ မြောက်ဘက် စားသောက်ခန်းတွေနဲ့ တောင်ဘက် စားသောက်ခန်းတွေဟာ+ သန့်ရှင်းတဲ့ စားသောက်ခန်းတွေပဲ။ အဲဒီမှာ ယေဟောဝါရှေ့ကိုလာတဲ့ ပုရောဟိတ်တွေက အသန့်ရှင်းဆုံးအလှူတွေကို စားကြတယ်။+ သန့်ရှင်းတဲ့နေရာဖြစ်လို့ အသန့်ရှင်းဆုံး အလှူတွေဖြစ်တဲ့ ကောက်နှံအလှူ၊ အပြစ်ဖြေရာအလှူ၊ ဒုစရိုက်ဖြေရာအလှူတွေကို အဲဒီမှာ ထားကြတယ်။+ ၁၄  ပုရောဟိတ်တွေက သန့်ရှင်းရာဌာနတော်ထဲ ဝင်လာပြီးနောက် အမှုဆောင်တုန်းဝတ်ခဲ့တဲ့ အဝတ်တွေကို မချွတ်ဘဲ အပြင်ရင်ပြင်ကို မထွက်သွားရဘူး။+ သန့်ရှင်းတဲ့အဝတ်တွေ ဖြစ်လို့ပဲ။ လူအများ ဝင်ထွက်ခွင့်ရှိတဲ့နေရာကို သွားမယ်ဆိုရင် တခြားအဝတ်တွေကို လဲဝတ်ရမယ်။” ၁၅  သူဟာ ဗိမာန်တော်ဧရိယာရဲ့ အတွင်းဘက်ကို တိုင်းပြီးတဲ့နောက် အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးကနေ အပြင်ဘက်ဆီ ကျွန်တော့်ကို ခေါ်သွားတယ်။+ ပြီးတဲ့နောက် ဧရိယာတစ်ခုလုံးကို တိုင်းတယ်။ ၁၆  အရှေ့ဘက်ခြမ်းကို တိုင်းစရာကျူရိုးနဲ့* သူတိုင်းတဲ့အခါ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်အထိ ကျူရိုးအပြန် ၅၀၀ ရှိတယ်။ ၁၇  မြောက်ဘက်ခြမ်းကို တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။ ၁၈  တောင်ဘက်ခြမ်းကို တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။ ၁၉  အနောက်ဘက်ခြမ်းကို သွားပြီး တိုင်းတဲ့အခါ ကျူရိုးအပြန် ၅၀၀ ရှိတယ်။ ၂၀  အဲဒီဧရိယာရဲ့ လေးဖက်စလုံးကို သူတိုင်းတယ်။ ပတ်လည်တံတိုင်းက+ အလျား ကျူရိုးအပြန် ၅၀၀၊ အနံ ကျူရိုးအပြန် ၅၀၀ ရှိတယ်။+ အဲဒီတံတိုင်းက သန့်ရှင်းတဲ့မြေနဲ့ လူအများနဲ့ဆိုင်တဲ့မြေကို ပိုင်းခြားထားတယ်။+

အောက်ခြေမှတ်ချက်များ

အနောက်ဘက် အဆောက်အအုံ။