ယေရမိ ၁:၁-၁၉

  • ယေရမိကို ပရောဖက်ခန့် (၁-၁၀)

  • ဗာဒံပင်အကြောင်း စိတ်အာရုံ (၁၁၊ ၁၂)

  • ဟင်းအိုးအကြောင်း စိတ်အာရုံ (၁၃-၁၆)

  • ရတဲ့တာဝန်အတွက် ယေရမိကိုအားပေး (၁၇-၁၉)

 ဒါဟာ ဗင်ယာမိန်နယ်မြေ၊ အာနသုတ်မြို့က+ ပုရောဟိတ်တစ်ယောက်ဖြစ်တဲ့ ဟိလခိရဲ့သား ယေရမိ* ပြောတဲ့စကားတွေပဲ။ ၂  အာမုန်ရဲ့သား+ ယုဒဘုရင်ယောရှိ+ နန်းစံ ၁၃ နှစ်မှာ ယေရမိဆီ ယေဟောဝါရဲ့စကားတော် ရောက်လာတယ်။ ၃  ယောရှိရဲ့သား ယုဒဘုရင်ယောယကိမ်+ လက်ထက်မှာလည်း စကားတော် ရောက်လာတယ်။ ယောရှိရဲ့သား ယုဒဘုရင်ဇေဒကိ+ နန်းစံ ၁၁ နှစ်ကုန်ဆုံးချိန်မှာရော၊ ငါးလပိုင်း ဂျေရုဆလင်မြို့ ပြည်နှင်ဒဏ်ခံရချိန်မှာပါ စကားတော် ရောက်လာတယ်။+ ၄  ယေဟောဝါက–  ၅  “မင်းကို မိခင်ဝမ်းထဲမှာ ပုံမသွင်းခင်ကတည်းက ငါသိတယ်။+ မင်း မမွေးခင်ကတည်းက မင်းကို သီးသန့်ဖယ်ထားတယ်။+ လူမျိုးတွေအတွက် ပရောဖက်အဖြစ် ငါခန့်ထားတယ်” လို့ပြောတော့၊  ၆  ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ကျွန်တော်ဟာ လူငယ်လေးပါ။+ ပြောတတ်ဆိုတတ်သူ မဟုတ်ပါဘူး” လို့ဖြေတယ်။+  ၇  ဒါနဲ့ ယေဟောဝါက “‘ကျွန်တော်ဟာ လူငယ်လေးပါ’ လို့မပြောနဲ့။ ငါစေလွှတ်မယ့်သူတွေဆီ မင်း သွားရမယ်။ ငါမိန့်မှာသမျှ ပြောရမယ်။+  ၈  သူတို့ရဲ့ပုံစံကို ကြည့်ပြီး မကြောက်ပါနဲ့။+ ‘မင်းကိုကယ်ဖို့ မင်းနဲ့အတူ ငါရှိတယ်၊’+ ဒါဟာ ငါယေဟောဝါ ပြောတဲ့စကားပဲ” လို့ ပြောတယ်။ ၉  အဲဒီနောက် ယေဟောဝါက လက်ကိုဆန့်ပြီး ကျွန်တော့်နှုတ်ခမ်းကို တို့လိုက်တယ်။+ ပြီးတော့ ယေဟောဝါက “ငါ့စကားတွေကို မင်းရဲ့နှုတ်မှာ ငါထည့်ထားပြီ။+ ၁၀  နုတ်ပစ်ဖို့၊ ဖြိုဖျက်ဖို့၊ ဖြိုချဖျက်ဆီးဖို့၊ တည်ဆောက်ဖို့၊ စိုက်ပျိုးဖို့ လူမျိုးတွေ၊ တိုင်းနိုင်ငံတွေအပေါ်မှာ မင်းကို ဒီနေ့ တာဝန်ပေးလိုက်ပြီ” လို့ပြောတယ်။+ ၁၁  အဲဒီနောက် ယေဟောဝါက “ယေရမိ၊ မင်း ဘာမြင်သလဲ” လို့မေးတဲ့အခါ “ဗာဒံပင်* အကိုင်းကို မြင်ပါတယ်” လို့ဖြေတယ်။ ၁၂  အဲဒီအခါ ယေဟောဝါက “မင်းပြောတာ မှန်တယ်။ ငါ့စကားကိုအကောင်အထည်ဖော်ဖို့ ငါနိုးကြားနေတယ်” ဆိုပြီး ပြောတယ်။ ၁၃  ယေဟောဝါက “ဘာမြင်သလဲ” လို့ထပ်မေးတယ်။ “ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးကို မြင်ပါတယ်။ အိုးနှုတ်ခမ်းက မြောက်ဘက်ကနေ တောင်ဘက်ကို စောင်းနေတယ်” လို့ ကျွန်တော်ဖြေတော့၊ ၁၄  ယေဟောဝါ ပြောတယ်– “ဘေးဆိုးက မြောက်အရပ်ကနေ ရောက်လာပြီးပြည်သူပြည်သားအားလုံးအပေါ် ကျရောက်လိမ့်မယ်။+ ၁၅  ငါယေဟောဝါပြောမယ်– ‘မြောက်အရပ်မှာရှိတဲ့ တိုင်းနိုင်ငံတွေရဲ့ မျိုးနွယ်အားလုံးကို ငါဆင့်ခေါ်မယ်။+ အဲဒီမျိုးနွယ်တွေ ရောက်လာပြီး ဂျေရုဆလင်မြို့တံခါးတွေမှာ ရာဇပလ္လင်တွေ တည်လိမ့်မယ်။+ ပတ်လည်မှာရှိတဲ့ မြို့ရိုးတွေ၊ယုဒမြို့တွေကို တိုက်ခိုက်လိမ့်မယ်။+ ၁၆  သူတို့က ငါ့ကို စွန့်ပစ်တယ်။+ တခြားဘုရားတွေဆီ ယဇ်တွေ မီးရှို့ပူဇော်တယ်။+ ကိုယ့်လက်နဲ့ လုပ်တဲ့အရာတွေကို ဦးချတယ်။+ အဲဒီမကောင်းမှုတွေကြောင့် သူတို့အပေါ် ငါ့တရားစီရင်ချက်တွေကို ကြေညာမယ်။’ ၁၇  မင်းကတော့ အသင့်ပြင်ထားပါ။ ငါမိန့်မှာသမျှ သူတို့ကို သွားပြောလိုက်ပါ။ သူတို့ကို မကြောက်ပါနဲ့။+ ကြောက်နေရင် သူတို့ရှေ့မှာ မင်း ပိုကြောက်လာအောင် ငါလုပ်မယ်။ ၁၈  ယုဒဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ ပုရောဟိတ်တွေ၊ပြည်သူပြည်သားတွေရှေ့၊+တစ်ပြည်လုံးရှေ့ ကြံ့ကြံ့ခံနိုင်အောင် ဒီနေ့ မင်းကို သံတိုင်၊ ခံတပ်မြို့၊ကြေးနီမြို့ရိုးလို ဖြစ်စေပြီ။+ ၁၉  မင်းကို သူတို့ ကျိန်းသေတိုက်ခိုက်မယ်။ ဒါပေမဲ့ အနိုင်ရမှာ မဟုတ်ဘူး။ ‘မင်းကိုကယ်ဖို့ မင်းနဲ့အတူ ငါရှိနေတယ်၊’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”

အောက်ခြေမှတ်ချက်များ

“ယေဟောဝါ ချီးမြှောက်တယ်” လို့ဆိုလိုနိုင်။
မူရင်း၊ “နိုးကြားသူ။”