ယေရမိ ၂:၁-၃၇

  • ယေဟောဝါ​ကို​စွန့်​ပြီး တ​ခြား​ဘု​ရား ကိုးကွယ်​ကြ (၁-၃၇)

    • စ​ပျစ်​ရိုင်း​ပင်​နဲ့​တူ​တဲ့ အစ္စရေး (၂၁)

    • အဝတ်​မှာ သွေး​တွေ စွန်း​ထင်း​နေ (၃၄)

 ကျွန်​တော့်​ကို ယေဟောဝါ ပြော​တယ်– ၂  “ဂျေရု​ဆ​လင်​မြို့​ကို​သွား​ပြီး အားလုံး​ကြား​အောင် ကြေ​ညာ​ပါ။ ‘ယေဟောဝါ ပြော​တာ​က– “မင်း ငယ်​ငယ်​တုန်း​က ကိုးကွယ်​ဆည်း​ကပ်​ခဲ့​တာ၊*+ လက်​ထပ်​ဖို့ စေ့​စပ်​ချိန်​မှာ မေတ္တာ​ပြခဲ့​တာ၊+မျိုး​စေ့​မကြဲ​တဲ့​ပြည်၊ တော​ကန္တာရ​မှာ ငါ့​နောက် လိုက်​ခဲ့​တာ​တွေ​ကို ငါ​ကောင်း​ကောင်း မှတ်​မိ​တယ်။+  ၃  အစ္စရေး​ဟာ ယေဟောဝါ​အတွက် သန့်​ရှင်း​တဲ့​သူ၊+ သီး​ဦး​သီး​ဖျား ဖြစ်​ခဲ့​တယ်။”’ ‘သူ့​ကို​ဝါး​မျို​သူ​တွေ​ဟာ အပြစ်​သင့်​ရုံ​မက ဘေး​ဒုက္ခ ကြုံ​ရ​လိမ့်​မယ်။’ ဒါဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”+  ၄  အို ယာကုပ်​အမျိုး၊ အစ္စရေး​အမျိုး​ရဲ့ မိသား​စု​အပေါင်း​တို့၊ယေဟောဝါ​ပြော​တာ​ကို နားထောင်​ကြ။  ၅  ယေဟောဝါ ပြော​တာ​က– “မင်း​တို့​ရဲ့​ဘိုး​ဘေး​တွေ​က ငါ့​ဆီ​မှာ ဘာ​အမှား​တွေ့​လို့+ လမ်း​လွဲ​သွား​ရ​တာ​လဲ။ အသုံး​မဝင်​တဲ့ ရုပ်​တု​တွေ​နောက် လိုက်​ပြီး+ အသုံး​မကျ​သူ​တွေ ဘာ​လို့ ဖြစ်​သွား​ရ​တာ​လဲ။+  ၆  ‘ယေဟောဝါ ဘယ်​မှာ​လဲ’ လို့ သူတို့ မမေး​ကြ​ဘူး။ ‘ငါ​တို့​ကို အီဂျစ်​ပြည်​က​နေ ခေါ်​ထုတ်​ခဲ့​တဲ့​အရှင်၊+တော​ကန္တာရ​တစ်​လျှောက်၊ကန္တာရ​နဲ့+ တွင်းတွေ​ရှိ​တဲ့ ပြည်​တစ်လျှောက်၊မိုး​ခေါင်​ပြီး+ မှောင်​ရိပ်​ဖုံး​လွှမ်း​တဲ့ ပြည်​တစ်​လျှောက်၊လူ​သူ​မနေ​တဲ့၊ ဖြတ်​သန်း​သွား​လာ​သူ​မရှိ​တဲ့ ပြည်​တစ်​လျှောက် ငါ​တို့​ကို ဦး​ဆောင်​ခေါ်​ခဲ့​တဲ့​အရှင် ဘယ်​မှာ​လဲ’ လို့​မမေး​ကြ​ဘူး။  ၇  ငါ​က မင်း​တို့​ကို သစ်​သီး​ခြံ​ပေါ​များ​တဲ့ ပြည်​ထဲ ခေါ်​ဆောင်​ခဲ့​တယ်။ ပြည်​ထွက်​သီး​နှံ​တွေ၊ ကောင်း​မွန်​ရာတွေ​ကို စား​သုံး​စေ​တယ်။+ ဒါ​ပေမဲ့ မင်း​တို့ ရောက်​လာ​တဲ့​အခါ ငါ့​ပြည်​ကို ညစ်​ညူး​စေ​တယ်။+ ငါ့​ရဲ့​အမွေ​ကို ရွံ​မုန်း​စ​ရာ ဖြစ်​စေ​တယ်။  ၈  ပု​ရော​ဟိတ်​တွေ​က ‘ယေဟောဝါ ဘယ်​မှာ​လဲ’ လို့​မမေး​ဘူး။+ ပညတ်​တ​ရား သွန်သင်​သူ​တွေ ငါ့ကို​မသိ​ဘူး။ သိုးထိန်း​တွေ ငါ့​ကို​ပုန်​ကန်​ တယ်။+ ပရော​ဖက်​တွေ​က ဗာလကို​ အားကိုး​ပြီး ပရော​ဖက်​ပြု​ကြ​တယ်။+ ဘာ​မှ အကျိုး​မပေး​နိုင်​သူ​တွေ​နောက် လိုက်​ကြ​တယ်။  ၉  ‘ဒါ​ကြောင့် မင်း​တို့​ကို ငါ ထပ်​ပြီး​စွဲချက်​တင်​မယ်။+ မင်း​တို့​သား​မြေး​တွေ​ကို ငါ​စွဲ​ချက်​တင်​မယ်။’ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၁၀  ‘ခိ​တိမ်​ကမ်း​ရိုး​တန်း​ဒေ​သတွေ​ကို+ ဖြတ်​သွား​ပါ။ ကေ​ဒါ​ပြည်​ကို+ လူ​လွှတ်​ပြီး အသေအချာ စဉ်း​စား​ကြည့်​ပါ။ ဒီ​လို​ဖြစ်​ခဲ့​ဖူး​သလား​ဆို​တာ ကြည့်​ကြ​ပါ။ ၁၁  ကိုယ့်​ရဲ့​ဘု​ရား​ကို ဘု​ရား​မဟုတ်​တဲ့​အရာ​နဲ့ အစား​ထိုး​တဲ့​လူမျိုး ရှိ​သလား။ ငါ့​လူ​တွေ​က​တော့ ငါ့​ဘုန်း​အသရေ​ကို အသုံး​မဝင်​တဲ့​အရာ​နဲ့ အစား​ထိုး​လိုက်​ပြီ။+ ၁၂  အို မိုး​ကောင်း​ကင်၊ အံ့​သြတ​ကြီး ကြည့်​လိုက်​ပါ။ လန့်​ဖျပ်​ပြီး တ​ဆတ်​ဆတ်​တုန်​နေ​ပါ။’ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၁၃  ‘ငါ့​လူ​တွေ မကောင်း​မှု​နှစ်​ခု ကျူးလွန်​ခဲ့​တယ်– အသက်​ရေရဲ့ ပင်​ရင်း​ဖြစ်​တဲ့ ငါ့​ကို စွန့်​ပစ်​တယ်။+ ပြီး​တော့ ရေ​မသို​လှောင်​နိုင်​တဲ့၊အက်​ကွဲ​နေ​တဲ့ ရေ​လှောင်​ကန်​တွေ​ကို တူး​တယ်။’ ၁၄  ‘အစ္စရေး​ဟာ အစေ​ခံ​လား။ ကျွန်သပေါက်​လား။ ဒါ​ဆို သူ ဘာ​လို့ လု​ယက်​ခံ​ရ​တာ​လဲ။ ၁၅  ခြင်္သေ့​ပျို​တွေ သူ့​ကို အကျယ်​ကြီး ဟိန်း​ဟောက်​တယ်။+ သူ့​ရဲ့​ပြည်​ကို ကြောက်​စ​ရာ​ကောင်း​တဲ့​ပြည် ဖြစ်​စေ​တယ်။ သူ့​ရဲ့​မြို့​တွေ မီး​ရှို့​ခံ​လိုက်​ရလို့ နေ​ထိုင်​သူ လုံး​ဝ​မရှိ​တော့​ဘူး။ ၁၆  နော​ဖမြို့​နဲ့*+ တာ​ပနက်​မြို့​သား​တွေ​က+ မင်း​ရဲ့ဦး​ထိပ်​ကို စား​ပြီး ပြောင်​တ​လင်း​ခါ​အောင် လုပ်​ပစ်​တယ်။ ၁၇  မင်း​ကို ဦး​ဆောင်​ခေါ်​လာ​တဲ့​ဘု​ရား ယေဟောဝါ​ကို စွန့်​ပစ်​ပြီး+ ဒီ​လို​အဖြစ်​မျိုး ကြုံ​ရ​အောင် ကိုယ်​တိုင်​ဖန်​တီး​ခဲ့​တာ မဟုတ်​လား။ ၁၈  အခု မင်း​က ရှိ​ဟော​ရရဲ့* ရေ​ကို သောက်​ဖို့ အီဂျစ်​ကို ဘာ​လို့ သွား​ချင်​နေ​တာ​လဲ။+ မြစ်​ကြီး​ရဲ့* ရေ​ကို သောက်​ဖို့ အဆီး​ရီး​ယား​ကို ဘာ​လို့ သွား​ချင်​နေ​တာ​လဲ။+ ၁၉  မင်း​ရဲ့​ဆိုး​ညစ်​မှု​က မင်း​ကို တည့်​မတ်​ပေး​သင့်​တယ်။ မင်း​ရဲ့​သစ္စာ​မဲ့​မှု​က​လည်း မင်း​ကို ပဲ့ပြင်​ပေး​သင့်​တယ်။ မင်း​ရဲ့​ဘု​ရား ယေဟောဝါ​ကို စွန့်​ပစ်​တာ​ဟာ ဘယ်​လောက် ဆိုး​ရွား​ခါး​သီး​သလဲ​ဆို​တာ သိ​နား​လည်​ပါ။+ မင်း​ဟာ ငါ့​ကို နည်း​နည်း​လေး​မှ မကြောက်​ပါ​လား။’+ ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တဲ့​စကား​ပဲ။ ၂၀  ‘ဟိုး​အရင်​က မင်း​ရဲ့​ထမ်း​ပိုး​ကို ငါ​ချိုး​ခဲ့​တယ်။+ ခြေ​ထိတ်​လက်​ထိတ်​တွေ​ကို​လည်း ဆွဲ​ဖြတ်​ခဲ့​တယ်။ ဒါ​ပေမဲ့ မင်း​က “ဘု​ရား​ကို ငါ​ဝတ်​ပြု​မှာ မဟုတ်​ဘူး” လို့​ပြော​တယ်။ မြင့်​မား​တဲ့ တောင်​ကုန်း​တွေ​ပေါ်​မှာ၊ စိမ်း​လန်း​တဲ့ အပင်​တွေ​အောက်​မှာ+ ပိုး​လိုး​ပက်​လက် လဲ​လျောင်း​ပြီး ပြည့်​တန်​ဆာ​လုပ်​တယ်။+ ၂၁  မင်း​ကို အကောင်း​ဆုံး စ​ပျစ်​နီ​မျိုး​အဖြစ် ငါ​စိုက်​ပျိုး​ခဲ့​တယ်။+ အားလုံး မျိုး​ကောင်း​မျိုး​သန့်​တွေ​ချည်း​ပဲ။ ဘယ်​လို​လုပ်​ပြီး စ​ပျစ်​ရိုင်း​ပင်​ရဲ့ ညံ့ဖျင်း​တဲ့​အကိုင်း​တွေ ဖြစ်​သွား​ရ​တာ​လဲ။’+ ၂၂  ‘ဆော်​ဒါ​ရည်၊ ပြာ​ရည်​အများ​ကြီး​နဲ့ ဆေး​ကြော​ရင်​တောင် မင်း​ရဲ့​အပြစ်​တွေ​ဟာ ငါ့​ရှေ့​မှာ စွန်း​ထင်း​နေ​ဦး​မှာ​ပဲ။’+ ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၂၃  ‘ငါ မညစ်​ညူး​ပါ​ဘူး။ ဗာလ​ဘုရား​တွေ​နောက်​ကို​လည်း မလိုက်​ပါဘူး’ လို့မင်း ဘယ်​လို​လုပ် ပြော​ထွက်​တာ​လဲ။ ချိုင့်​ဝှမ်း​ထဲ​မှာ မင်း​လျှောက်​ခဲ့​တဲ့​လမ်း​ကို ကြည့်​လိုက်​ပါ။ မင်း​လုပ်​ခဲ့​တာ​တွေ​ကို ပြန်​စဉ်း​စား​ကြည့်​ပါ။ မင်း​ဟာ လမ်း​ပေါ်​မှာ ဟို​ဟို​ဒီ​ဒီ လျှောက်​ပြေး​နေ​တဲ့ နု​ပျို​လျင်​မြန်​တဲ့ ကု​လား​အုတ်​မနဲ့ တူ​တယ်။ ၂၄  တော​ကန္တာရ​မှာ ကျက်​စား​တဲ့၊ရာ​ဂစိတ်​နဲ့ အနံ့​ခံ​တတ်​တဲ့ မြည်း​ရိုင်း​မနဲ့​တူ​တယ်။ မိတ်​လိုက်​ချိန်​မှာ ဘယ်​သူ​မှ မတား​နိုင်​ဘူး။ မြည်း​ထီး​တွေ​က အပင်​ပန်း​ခံ​ပြီး လိုက်​ရှာ​နေ​စ​ရာ မလို​ဘူး။ မိတ်​လိုက်​တဲ့​ရာ​သီ​မှာ သူ့​ကို တွေ့​လိမ့်​မယ်။ ၂၅  မင်း ခြေ​ဗ​လာ​နဲ့ မသွား​နဲ့။ အာ​ခေါင်​မခြောက်​စေ​နဲ့။ ဒါ​ပေမဲ့ မင်း​က ‘မျှော်​လင့်​မနေ​နဲ့​တော့။+ သူ​စိမ်း​တွေ​ကို* ကျွန်​မ ချစ်​နေ​မိပြီ။+ သူတို့​နောက် လိုက်​သွား​မယ်’ လို့​ပြော​တယ်။+ ၂၆  အစ္စရေး​အမျိုး​နဲ့ သူတို့​ရဲ့​ဘုရင်​တွေ၊မင်း​ညီ​မင်း​သား​တွေ၊ပု​ရော​ဟိတ်​တွေ၊ပရော​ဖက်​တွေ​ဟာ သူ​ခိုး လူ​မိ​သလို​မျိုး အရှက်​ကွဲ​ရ​ပြီ။+ ၂၇  သူတို့​က သစ်​ပင်​ကို ‘ဖခင်၊’+ ကျောက်​တုံး​ကို ‘မွေး​မိ​ခင်’ လို့​ခေါ်​တယ်။ ငါ့​ကို​ကျ​တော့ ကျော​ခိုင်း​ထား​တယ်၊ ပြန်​လှည့်​မလာ​ဘူး။+ ဒုက္ခရောက်​တော့​မှ ‘ထ​ပါ​ဦး၊ ကယ်​ပါ​ဦး’ လို့ တ​ကြ​လိမ့်​မယ်။+ ၂၈  မင်း​လုပ်​ထား​တဲ့​ဘု​ရားတွေ ဘယ်​မှာ​လဲ။+ မင်း ဒုက္ခရောက်​တဲ့​အခါ သူတို့​ကယ်​နိုင်​ရင် လာ​ကယ်​ပါ​စေ။ အို ယုဒ၊ မင်း​ရဲ့ ဘု​ရားတွေ​ဟာ မင်း​ရဲ့​မြို့​တွေ​လောက်​နီး​ပါး များ​တာ​ပဲ။+ ၂၉  ‘မင်း​တို့ ဘာ​လို့ ငါ​နဲ့​ပြိုင်​ငြင်း​နေ​တာ​လဲ။ အားလုံး​က ဘာ​လို့ ပုန်​ကန်​နေ​တာ​လဲ။’+ ဒါ​ဟာ ယေဟောဝါ ပြော​တဲ့​စကား​ပဲ။ ၃၀  မင်း​တို့​ရဲ့​သား​တွေ​ကို ငါ​ဒဏ်​ခတ်​ပေမဲ့ အလ​ကား​ပဲ။+ သူတို့​က ဆုံးမ​တာ​ကို လက်မခံ​​ဘူး။+ မင်း​တို့​ရဲ့​ဓား​ဟာ ပရောဖက်​တွေကို လှည့်​လည်​သောင်း​ကျန်း​နေ​တဲ့ ခြင်္သေ့​လို ဝါး​မျို​ပစ်​တယ်။+ ၃၁  အို လူမျိုး​ဆက်၊ ယေဟောဝါ ပြော​တာ​ကို ပြန်​စဉ်း​စား​ကြည့်​ပါ​ဦး။ ငါ​ဟာ အစ္စရေး​အတွက် တော​ကန္တာရ​လို ဖြစ်​နေ​လို့​လား။ မှောင်​မိုက်​တဲ့​ပြည်​လို ဖြစ်​နေ​လို့​လား။ ‘သွား​ချင်​ရာ​သွား​မယ်။ ကိုယ်​တော့်​ဆီ ပြန်​မလာ​တော့​ဘူး’+ ဆို​ပြီး ဘာ​လို့​ပြော​နေ​တာ​လဲ။ ၃၂  အပျို​စင်​က လက်​ဝတ်​လက်​စား ဆင်​ယင်​ဖို့ မေ့​ပါ့​မလား။ သတို့​သမီး​က ရင်​စည်း​စည်း​ဖို့​ မေ့ပါ့​မလား။ ငါ့​လူ​တွေ​က​တော့ ငါ့​ကို အချိန်​အကြာ​ကြီး မေ့​ထား​ကြ​တယ်။+ ၃၃  မင်း​ရဲ့ အချစ်​ရှာ​ပုံ​တော်​ဖွင့်​နည်း​ဟာ ပြောင်​မြောက်​လိုက်​တာ။ မကောင်း​တဲ့​လမ်း​စဉ်​မှာ ကျင်​လည်​နေ​လိုက်​တာ။+ ၃၄  မင်း​ရဲ့​အဝတ်​မှာ အပြစ်​မဲ့​တဲ့ ဆင်း​ရဲ​သား​တွေရဲ့​သွေး စွန်း​ထင်း​နေ​တယ်။+ အဲဒီ​သွေး​တွေ​ကို ဖောက်​ထွင်း​မှု​ဖြစ်​တဲ့​နေ​ရာ​မှာ မဟုတ်​ဘဲ မင်း​ရဲ့​အဝတ်​ပေါ်​မှာ ငါ​တွေ့​တယ်။+ ၃၅  ဒါ​ပေမဲ့ မင်း​က ‘ငါ့​မှာ အပြစ်​မှ​မရှိ​တာ။ ဒါ​ကြောင့် အမျက်​တော်​ကို ရုပ်​သိမ်း​လိုက်​ပြီ’ လို့​ပြော​တယ်။ ‘ငါ​အပြစ်​မလုပ်​ဘူး’ လို့​ပြော​တဲ့​အတွက် မင်း​ကို ငါ​စီ​ရင်​ချက်​ချ​မယ်။ ၃၆  မင်း​ရဲ့ မတည်​ငြိမ်​တဲ့​လမ်း​စဉ်​ကို ဘာ​လို့ ပေါ့​ပေါ့​တန်​တန် သဘော​ထား​နေ​ရ​တာ​လဲ။ မင်း​က အဆီး​ရီး​ယား​ကြောင့်+ အရှက်​ကွဲ​ရ​သလို အီဂျစ်​ကြောင့်​လည်း အရှက်​ကွဲ​ရ​လိမ့်​မယ်။+ ၃၇  မင်း​က ခေါင်း​ပေါ် လက်​တင်​ပြီး ထွက်​သွား​ရ​မယ်။+ မင်း အား​ကိုး​တဲ့​သူ​တွေ​ကို ယေဟောဝါ ငြင်း​ပယ်​လိုက်​ပြီ။ သူတို့​ကြောင့် မင်း​အောင်​မြင်​မှာ မဟုတ်​ဘူး။”

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ခိုင်​မြဲတဲ့​မေတ္တာ​ပြခဲ့​တာ။”
ဒါ​မှ​မဟုတ်၊ “မင်​ဖိ​မြို့။”
ယူ​ဖရေး​တီး​မြစ်။
နိုင်း​မြစ်​ရဲ့ မြစ်​လက်​တက်။
ဒါ​မှ​မဟုတ်၊ “တ​ခြား​နတ်​ဘု​ရားတွေ​ကို။”