ယေရမိ ၂၇:၁-၂၂
၂၇ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ် နန်းတက်စမှာ ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်။
၂ “ယေဟောဝါ ပြောတာက– ‘ကြိုးတွေ၊ ထမ်းပိုးတွေ လုပ်ပြီး မင်းရဲ့ပခုံးပေါ် တင်ပါ။
၃ ဂျေရုဆလင်မြို့မှာရှိတဲ့ ယုဒဘုရင်ဇေဒကိကို လာတွေ့တဲ့ တမန်တွေကတစ်ဆင့် ဧဒုံဘုရင်၊+ မောဘဘုရင်၊+ အမ္မုန်ဘုရင်၊+ တိုင်ရာဘုရင်နဲ့+ ဆိုင်ဒုန်ဘုရင်တွေဆီ+ အဲဒီကြိုးတွေ၊ ထမ်းပိုးတွေ ပါးလိုက်ပါ။
၄ အဲဒီဘုရင်တွေကို မှာလိုက်ရမှာက–
“‘“အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်– မင်းတို့ရဲ့ ဘုရင်တွေကို ဒီအတိုင်း ပြောလိုက်ပါ။
၅ ‘ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်က လူသားတွေ၊ တိရစ္ဆာန်တွေကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ဖန်ဆင်းခဲ့တာ ငါပဲ။ ငါက အဲဒါတွေကို ပေးချင်တဲ့သူကို ပေးထားတယ်။+
၆ အခု တိုင်းနိုင်ငံအားလုံးကို ငါ့ကျွန် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်ထားတယ်။+ သူ့ဆီမှာကျွန်ခံဖို့ တောသားရဲတွေကိုတောင် အပ်ထားတယ်။
၇ လူမျိုးတွေ၊ တန်ခိုးကြီးဘုရင်တွေက သူ့ကို ကျွန်အဖြစ် ခိုင်းစေမယ့်အချိန်၊+ သူ့နိုင်ငံ အဆုံးတိုင်ချိန် မရောက်မချင်း လူမျိုးအားလုံး သူ့ဆီမှာ၊ သူ့ရဲ့သားနဲ့ မြေးဆီမှာ ကျွန်ခံရလိမ့်မယ်။’+
၈ “‘“‘ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီမှာ ကျွန်မခံတဲ့၊ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို မထမ်းတဲ့ လူမျိုးတွေ၊ နိုင်ငံတွေကို ဓားဘေး၊+ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ ငါဒဏ်ခတ်မယ်။ နောက်ဆုံးမှာ သူ့လက်ချက်နဲ့ပဲ သူတို့အားလုံးကို ငါလက်စတုံးပစ်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
၉ “‘“‘ဒါကြောင့် “ဗာဗုလုန်ဘုရင်ဆီမှာ မင်းတို့ ကျွန်ခံရမှာ မဟုတ်ဘူး” ဆိုပြီး ဟောနေတဲ့ ပရောဖက်တွေ၊ နတ်ဆရာတွေ၊ အိပ်မက်မြင်သူတွေ၊ မှော်ဆရာတွေ၊ ပယောဂဆရာတွေ ပြောတာကို နားမထောင်ပါနဲ့။
၁၀ မင်းတို့ကို ဒီပြည်နဲ့ဝေးရာဆီ ရန်သူဖမ်းခေါ်သွားအောင် သူတို့လိမ်ညာပြီး ပရောဖက်ပြုနေတာ။ သူတို့စကားကို နားထောင်မယ်ဆိုရင် မင်းတို့ကို ငါတကွဲတပြား ဖြစ်စေမယ်။ မင်းတို့ ပျက်စီးသွားလိမ့်မယ်။
၁၁ “‘“‘ဒါပေမဲ့ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ထမ်းပြီး သူ့ဆီမှာ ကျွန်ခံတဲ့ လူမျိုးကိုတော့ နေရင်းပြည်မှာ ဆက်နေထိုင်ခွင့်ပေးမယ်။ အဲဒီမှာ ထွန်ယက်စိုက်ပျိုးပြီး နေထိုင်ခွင့်ရလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”’”
၁၂ ကျွန်တော်က ယုဒဘုရင် ဇေဒကိကိုလည်း+ အဲဒီလိုပဲ ပြောလိုက်တယ်– “ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ထမ်းပါ။ သူနဲ့ သူ့လူတွေဆီမှာ ကျွန်ခံပါ။ ဒါမှ မင်းကြီး အသက်ချမ်းသာရလိမ့်မယ်။+
၁၃ ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်မခံတဲ့ လူမျိုးနဲ့ပတ်သက်ပြီး ယေဟောဝါဘုရား ပြောခဲ့သလို မင်းကြီးနဲ့ မင်းကြီးရဲ့လူတွေက ဓားဘေး၊+ အငတ်ဘေး၊+ ကပ်ရောဂါဘေးနဲ့+ ဘာလို့သေရမှာလဲ။
၁၄ ‘ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံရမှာ မဟုတ်ဘူး’ ဆိုပြီး ပရောဖက်တွေ ဟောနေတာကို နားမထောင်ပါနဲ့။+ သူတို့ လိမ်ညာပြီး ဟောနေလို့ပါ။’+
၁၅ “‘ငါမစေလွှတ်ဘဲ ငါ့နာမည်သုံးပြီး သူတို့ လိမ်ညာပရောဖက်ပြုနေတယ်။ သူတို့ပြောတာကို နားထောင်မယ်ဆိုရင် မင်းတို့ကို ငါတကွဲတပြား ဖြစ်စေမယ်။ မင်းတို့ရော ဟောနေတဲ့ ပရောဖက်တွေပါ ပျက်စီးသွားလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၁၆ ပုရောဟိတ်တွေနဲ့ လူတွေကိုလည်း ကျွန်တော် ပြောလိုက်တယ်။ “ယေဟောဝါ ပြောတာက– ‘“ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေကို မကြာခင် ဗာဗုလုန်ကနေ ပြန်သယ်လာတော့မှာ” ဆိုပြီး ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+ သူတို့ လိမ်ညာပြီး ပရောဖက်ပြုနေကြတာ။+
၁၇ သူတို့ပြောတာကို နားမထောင်ပါနဲ့။ ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံကြပါ။ ဒါဆိုရင် အသက်ချမ်းသာရလိမ့်မယ်။+ ဒီမြို့ ဘာလို့ ပျက်စီးရမှာလဲ။
၁၈ သူတို့သာ ယေဟောဝါဆီက သတင်းစကားကိုရတဲ့ ပရောဖက်မှန်ရင် ယေဟောဝါရဲ့အိမ်တော်၊ ယုဒဘုရင်ရဲ့ နန်းတော်နဲ့ ဂျေရုဆလင်မှာ ကျန်နေသေးတဲ့ ပစ္စည်းတွေ ဗာဗုလုန်ဆီပါမသွားအောင် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီမှာ အသနားခံကြပါစေ။’
၁၉ “ရေကန်နဲ့+ တိုင်တွေ၊+ တွန်းလှည်းတွေ၊+ မြို့မှာကျန်နေသေးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၂၀ အဲဒါတွေဟာ ယုဒနဲ့ ဂျေရုဆလင်မှာရှိတဲ့ မှူးမတ်တွေနဲ့အတူ ယောယကိမ်ရဲ့သား ယုဒဘုရင် ယေခေါနိကို ဂျေရုဆလင်ကနေ ဖမ်းခေါ်သွားတုန်းက ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ချန်ရစ်ခဲ့တဲ့ ပစ္စည်းတွေပဲ။+
၂၁ ယေဟောဝါရဲ့ အိမ်တော်၊ ယုဒဘုရင်ရဲ့ နန်းတော်နဲ့ ဂျေရုဆလင်မှာ ကျန်နေသေးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက–
၂၂ ‘“အဲဒီပစ္စည်းတွေကို ဗာဗုလုန်မြို့ဆီ သိမ်းသွားကြလိမ့်မယ်။+ ငါပြန်လှည့်ကြည့်တဲ့နေ့ မရောက်မချင်း ဗာဗုလုန်မှာပဲ ရှိနေလိမ့်မယ်။ အဲဒီနောက် အဲဒီပစ္စည်းတွေကို ပြန်ယူဆောင်လာပြီး သူ့နေရာမှာ ငါပြန်ထားမယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”