ယေရမိ ၃၅:၁-၁၉

  • ရေ​ခပ်​အမျိုး​သား​တွေ နာ​ခံ​မှု​ပြ (၁-၁၉)

၃၅  ယော​ရှိ​ရဲ့​သား ယုဒ​ဘု​ရင် ယော​ယ​ကိမ်​လက်​ထက်​မှာ+ ယေဟောဝါ​က ယေ​ရ​မိ​ကို၊ ၂  “ရေ​ခပ်​အမျိုး​သား​တွေ​ဆီ+ သွား​ပြီး စကား​ပြော​ပါ။ သူတို့​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​ထဲ​က စား​သောက်​ခန်း​ဆီ ခေါ်​သွား​ပြီး စ​ပျစ်​ဝိုင် တိုက်​ပါ” လို့​ပြော​တယ်။ ၃  ဒါ​နဲ့ ကျွန်​တော်​လည်း ဟာ​ဗ​ဇိ​ညာ​ရဲ့​မြေး၊ ယေ​ရ​မိ​ရဲ့​သား ယာ​ဇ​ညာ၊ သူ့​ညီ​အစ်​ကို​တွေ၊ သူ့​သား​တွေ​နဲ့ ရေ​ခပ်​အမျိုး​သား မှန်​သမျှ​ကို၊ ၄  ယေဟောဝါ​ရဲ့ အိမ်​တော်​ဆီ ခေါ်​သွား​တယ်။ အဲဒီ​နောက် အိ​ဂဒါ​လိရဲ့​မြေး၊ စစ်​မှန်​တဲ့​ဘု​ရား​သခင့်​လူ ဟာ​နန်​ရဲ့​သား​တွေ သုံးတဲ့​ စား​သောက်​ခန်း​ဆီ ခေါ်​သွား​တယ်။ အဲဒီ​အခန်း​က တံခါး​စောင့်​ရှလုံ​ရဲ့​သား မာသေ​ယ​ရဲ့ စား​သောက်​ခန်း အပေါ်​ထပ်၊ မင်း​ညီ​မင်း​သား​တွေရဲ့ စား​သောက်​ခန်း ဘေး​ကပ်​လျက်​မှာ ရှိတယ်။ ၅  ကျွန်​တော်​က စ​ပျစ်​ဝိုင်​အပြည့် ထည့်​ထား​တဲ့ ခွက်​တွေ၊ ခွက်​ဖလားတွေ​ကို ရေ​ခပ်​အမျိုး​သား​တွေ​ရှေ့​မှာ ချ​ပေး​ပြီး “သောက်​ကြ​ပါ” လို့ ပြော​တယ်။ ၆  ဒါ​ပေမဲ့ သူတို့​က “ကျွန်​တော်​တို့ စပျစ်​ဝိုင် မသောက်​ဘူး။ ရေ​ခပ်​ရဲ့​သား ဘိုး​ဘေး​ယောန​ဒပ်​က+ ‘မင်း​တို့​ရော သား​မြေး​တွေ​ပါ စ​ပျစ်​ဝိုင် လုံး​ဝ​မသောက်​ရ​ဘူး။ ၇  အိမ်​မဆောက်​ရ​ဘူး။ မျိုး​စေ့​မကြဲ​ရ​ဘူး။ မစိုက်​ပျိုး​ရ​ဘူး။ စ​ပျစ်​ခြံ မရှိ​ရ​ဘူး။ တိုင်း​တစ်ပါး​သား​အဖြစ် မင်း​တို့​နေ​ထိုင်​တဲ့ မြေပေါ်​မှာ ရေ​ရှည်​နေ​နိုင်​ဖို့ တဲ​တွေ​နဲ့​ပဲ အမြဲနေ​ရ​မယ်’ ဆို​ပြီး​မှာ​ခဲ့လို့​ပါ။ ၈  ဒါ​ကြောင့် ရေ​ခပ်​ရဲ့​သား ဘိုး​ဘေး​ယောန​ဒပ် မှာ​ခဲ့​တဲ့​စကား​ကို အမြဲနာ​ခံ​တဲ့​အနေ​နဲ့ ကျွန်​တော်​တို့​ရော သား​မယား​တွေ​ပါ စ​ပျစ်​ဝိုင် လုံး​ဝ​မသောက်​ပါ​ဘူး။ ၉  နေ​စရာ​အိမ်​တွေ မဆောက်​ဘူး။ ကျွန်​တော်​တို့​မှာ စ​ပျစ်​ခြံ​တွေ၊ လယ်​မြေတွေ၊ မျိုး​စေ့​တွေ မရှိ​ပါ​ဘူး။ ၁၀  ဘိုး​ဘေး​ယောန​ဒပ် မှာ​ခဲ့​သမျှ​ကို နာ​ခံ​ပြီး တဲ​တွေ​နဲ့​ပဲ နေ​ထိုင်​ကြ​တယ်။ ၁၁  ဒါ​ပေမဲ့ တိုင်း​ပြည်​ကို ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခ​ဒ်​နေ​ဇာ လာ​တိုက်​ခိုက်​တဲ့​အခါ​မှာ​တော့+ ကျွန်​တော်​တို့​က ‘ခါလဒဲ​နဲ့ ဆီး​ရီး​ယား​စစ်​တပ်​ရဲ့ ရန်​က​နေ လွတ်​မြောက်​အောင် ဂျေရု​ဆ​လင်​မြို့​ထဲ ဝင်​ကြ​စို့’ လို့​တိုင်​ပင်​ပြီး အခု ဂျေရု​ဆ​လင်​မှာ နေ​ထိုင်​ကြ​ပါ​တယ်” လို့​ပြော​တယ်။ ၁၂  ယေဟောဝါ​က ယေ​ရ​မိ​ကို​မှာ​တယ်– ၁၃  “အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ‘ယုဒ​လူ​တွေ၊ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ​ကို သွား​ပြော​လိုက်။ “ယေဟောဝါ ပြော​မယ်။ ငါ့​စကား​ကို နာခံ​ပါ​လို့ မင်း​တို့​ကို အမြဲတိုက်​တွန်း​ခဲ့ရ​တယ် မဟုတ်​လား။+ ၁၄  ရေ​ခပ်​ရဲ့​သား ယောန​ဒပ်​က သူ့​သား​မြေး​တွေ​ကို စ​ပျစ်​ဝိုင်​မသောက်​ဖို့ မှာ​ခဲ့​တယ်။ မှာခဲ့​တဲ့​အတိုင်း ဒီ​နေ့​အထိ သူတို့ စ​ပျစ်​ဝိုင်​မသောက်​ကြ​ဘူး။ ဘိုး​ဘေး​ရဲ့​အမိန့်​ကို နာ​ခံ​ကြ​တယ်။+ မင်း​တို့​က​တော့ ငါ​အကြိမ်​ကြိမ် ပြော​တာ​တောင် မနာ​ခံ​ဘူး။+ ၁၅  ငါ့​ကျွန်​ပရော​ဖက်​တွေ​ကို အထပ်​ထပ် လွှတ်​ပြီး+ ‘မကောင်း​တဲ့ လမ်း​စဉ်​က​နေ ပြန်​လှည့်​လာ​ကြ​ပါ။+ မှန်​ရာ​ကို လုပ်​ဆောင်​ကြ​ပါ။ တ​ခြား​ဘု​ရားတွေ​နောက်​ကို​လိုက်​ပြီး ဝတ်​မပြု​ကြ​နဲ့။ ဒါ​ဆို​ရင် မင်း​တို့​ကို​ရော ဘိုး​ဘေး​တွေ​ကို​ပါ ငါ​ပေး​ခဲ့​တဲ့​ပြည်​မှာ မင်း​တို့ ဆက်​နေ​ထိုင်​ရ​လိမ့်​မယ်’ လို့ သတိ​ပေး​ခဲ့​တယ်။+ ဒါ​ပေမဲ့ မင်း​တို့ နား​မစွင့်​ကြ​ဘူး။ နား​မထောင်​ကြ​ဘူး။ ၁၆  ရေ​ခပ်​ရဲ့​သား ယောန​ဒပ်ရဲ့ သား​မြေး​တွေ​က သူတို့​ဘိုး​ဘေး မှာ​ခဲ့​တဲ့​အတိုင်း+ လိုက်​နာ​ပေမဲ့ ဒီ​လူ​တွေ​က​တော့ ငါ့​စကား​ကို နား​မ​ထောင်​ကြ​ဘူး။”’” ၁၇  “ဒါ​ကြောင့် အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ‘ငါ​သတိ​ပေး​ခဲ့​တဲ့ ဘေး​ဆိုး​အားလုံး​ကို ယုဒ​ပြည်​နဲ့ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ​အပေါ် ကျ​ရောက်​စေ​မယ်။+ ဘာ​ကြောင့်​လဲ​ဆို​တော့ သူတို့​က ငါ​ပြော​ပေမဲ့ နား​မထောင်​ခဲ့​ကြ​ဘူး။ ငါ​အကြိမ်​ကြိမ် ခေါ်​ပေမဲ့ ပြန်​မထူး​ခဲ့​ကြ​ဘူး။’”+ ၁၈  ရေ​ခပ်​အမျိုး​သား​တွေ​ကို ယေ​ရ​မိ မှာ​တယ်– “အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က ‘မင်း​တို့​က ဘိုး​ဘေး​ယောန​ဒပ်​မိန့်​မှာ​တာ​ကို နာ​ခံ​တဲ့​အတွက်၊ သူ​မှာ​ခဲ့​တဲ့​အတိုင်း ဆက်​လိုက်​နာ​ပြီး တစ်သ​ဝေ​မတိမ်း လုပ်​ဆောင်​နေ​တဲ့​အတွက်၊ ၁၉  အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​မယ်– “ရေ​ခပ်​ရဲ့​သား ယောန​ဒပ်ရဲ့ သား​မြေး​တွေ​ထဲ​မှာ ငါ့​ရှေ့​မှာ အမှု​ဆောင်​မယ့်​သူ အမြဲရှိ​နေ​လိမ့်​မယ်။”’”

အောက်ခြေမှတ်ချက်များ