ယေရမိ ၄၃:၁-၁၃

  • မနာခံဘဲ အီဂျစ်ပြည်ကိုသွား (၁-၇)

  • အီဂျစ်ပြည်မှာ ယေရမိကို ယေဟောဝါမိန့်မှာ (၈-၁၃)

၄၃  ယေရမိက လူတွေကို ယေဟောဝါဘုရားရဲ့စကား၊ ယေဟောဝါဘုရား မိန့်မှာသမျှကို ပြောပြပြီးတဲ့အခါ၊ ၂  ဟောရှာယရဲ့သား အာဇရိ၊ ကာရာရဲ့သား ယောဟနန်နဲ့+ ရောင့်တက်သူတွေက “ခင်ဗျား လိမ်ပြောနေတာ။ ယေဟောဝါဘုရားက ခင်ဗျားကို စေလွှတ်ပြီး ‘အီဂျစ်ပြည်မှာ သွားမနေကြနဲ့’ လို့ပြောခိုင်းမှာ မဟုတ်ဘူး။ ၃  တကယ်တော့ နေရိယရဲ့သား ဗာရုတ်က+ ခင်ဗျားကို သွေးထိုးပေးနေတာ။ ခါလဒဲလူတွေလက်ချက်နဲ့ ကျွန်တော်တို့ သေသွားအောင် ဒါမှမဟုတ် ဗာဗုလုန်ဆီ ပြည်နှင်ခံရအောင် လုပ်နေတာ” လို့ ယေရမိကို ပြောကြတယ်။+ ၄  ကာရာရဲ့သား ယောဟနန်၊ ဗိုလ်ချုပ်တွေနဲ့ လူတွေက ယုဒပြည်မှာ ဆက်နေထိုင်ကြဆိုတဲ့ ယေဟောဝါရဲ့ စကားကို မနာခံကြဘူး။ ၅  ကာရာရဲ့သား ယောဟနန်နဲ့ ဗိုလ်ချုပ်တွေက တကွဲတပြား ရောက်သွားတဲ့နေရာကနေ ယုဒပြည်မှာ နေထိုင်ဖို့ပြန်လာတဲ့ ယုဒအကြွင်းအကျန်တွေကို ခေါ်သွားတယ်။+ ၆  ယောက်ျား၊ မိန်းမ၊ ကလေးတွေနဲ့ ဘုရင့်သမီးတော်တွေအပြင် ရှာဖန်ရဲ့မြေး+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်+ ချန်ထားခဲ့သူအားလုံးကို ခေါ်သွားတယ်။ ပရောဖက် ယေရမိနဲ့ နေရိယရဲ့သား ဗာရုတ်ကိုလည်း ခေါ်သွားတယ်။ ၇  သူတို့က ယေဟောဝါရဲ့စကားကို မနာခံဘဲ အီဂျစ်ပြည်ကို သွားတယ်။ တာပနက်မြို့အထိ+ ရောက်လာကြတယ်။ ၈  တာပနက်မြို့မှာ ယေဟောဝါက ယေရမိကို ပြောတယ်– ၉  “ကျောက်တုံးကြီးတွေကို ယူပြီး တာပနက်မြို့မှာရှိတဲ့ ဖာရောရဲ့နန်းတော်အဝင်ဝက အုတ်ခင်းလမ်းမှာ မြှုပ်ထားပြီး အင်္ဂတေနဲ့ မံလိုက်ပါ။ ဒါကို ဂျူးတွေမြင်အောင် လုပ်ပါ။ ၁၀  ပြီးတော့ သူတို့ကို ပြောလိုက်– ‘အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ငါ့ကျွန်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မယ်။+ ငါမြှုပ်လိုက်တဲ့ ဒီကျောက်တုံးတွေပေါ် ရာဇပလ္လင်ကို သူတည်မယ်။ တဲနန်းကိုလည်း တည်ဆောက်လိမ့်မယ်။+ ၁၁  အီဂျစ်ပြည်ကို သူလာတိုက်ခိုက်လိမ့်မယ်။+ ရောဂါဆိုးနဲ့ သေထိုက်သူတိုင်း ရောဂါဆိုးနဲ့ သေလိမ့်မယ်။ သုံ့ပန်းဘဝ ရောက်ထိုက်သူတိုင်း သုံ့ပန်းဘဝရောက်လိမ့်မယ်။ ဓားဘေးနဲ့ သေထိုက်သူတိုင်း ဓားဘေးနဲ့ သေလိမ့်မယ်။+ ၁၂  အီဂျစ်ဘုရားကျောင်းတွေကို ငါမီးရှို့ပစ်မယ်။+ အဲဒါတွေကို သူမီးရှို့ပြီး ဘုရားရုပ်တုတွေကို သယ်သွားလိမ့်မယ်။ သိုးထိန်းက ဝတ်ရုံကိုခြုံသလို သူက အီဂျစ်ပြည်ကို လွှမ်းခြုံလိမ့်မယ်။ ပြီးတော့ အဲဒီကနေ အေးအေးဆေးဆေး ထွက်သွားလိမ့်မယ်။ ၁၃  အီဂျစ်ပြည်မှာရှိတဲ့ ဗက်ရှေမက်မြို့ရဲ့တိုင်တွေကို အပိုင်းပိုင်း ချိုးလိမ့်မယ်။ အီဂျစ်ဘုရားကျောင်းတွေကို မီးရှို့လိမ့်မယ်။”’”

အောက်ခြေမှတ်ချက်များ