ယေရမိ ၄၅:၁-၅

  • ဗာ​ရုတ်​အတွက် ယေဟောဝါ​ရဲ့​စကား (၁-၅)

၄၅  ယော​ရှိ​ရဲ့​သား ယုဒ​ဘု​ရင် ယော​ယ​ကိမ် နန်း​စံ​လေး​နှစ်​မှာ+ နေ​ရိ​ယ​ရဲ့​သား ဗာ​ရုတ်​က+ ပရော​ဖက်​ယေ​ရ​မိ နှုတ်​တိုက်​ချ​ပေး​တာ​ကို စာအုပ်​ထဲ​မှာ လိုက်​ရေး​တယ်။+ အဲဒီ​အချိန်​မှာ ဗာ​ရုတ်​ကို ယေ​ရ​မိ ပြော​တာ​က– ၂  “ဗာ​ရုတ်၊ ခင်​ဗျား​နဲ့​ပတ်​သက်​ပြီး အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ ပြော​တယ်– ၃  ‘ခင်​ဗျား​က “ငါ့​အဖြစ် ဆိုး​လိုက်​တာ။ ငါ့​ဝေ​ဒ​နာ​ပေါ်​မှာ ဝမ်း​နည်း​ပူဆွေး​မှု​ကို ယေဟောဝါ​ဘု​ရား ထပ်​ဆင့်​လိုက်​ပြီ။ ငါ့​မှာ ညည်း​တွားရ​လွန်း​လို့ ပင်ပန်း​လှ​ပြီ။ နား​ခို​တဲ့​နေ​ရာ​ကို ရှာ​မတွေ့​ပါ​လား” လို့​ပြော​တယ်။’ ၄  “ဗာ​ရုတ်​ကို ပြော​လိုက်​ပါ။ ‘ယေဟောဝါ​က “ငါ​တည်​ဆောက်​ခဲ့​တဲ့​အရာ​ကို ဖြို​ချ​မယ်။ ငါ​စိုက်​ပျိုး​ခဲ့​တဲ့​အရာ​ကို နုတ်​ပစ်​မယ်။ တစ်​ပြည်​လုံး​ကို အဲဒီ​လို​လုပ်​မယ်။+ ၅  မင်း​က ကြီးမြတ်​တဲ့​အရာတွေ​ကို ရှာ​နေ​တယ်။ အဲ​ဒါ​တွေ​ကို ဆက်​မရှာ​ပါ​နဲ့​တော့” လို့ ပြော​တယ်။’ “‘လူ​အားလုံး​အပေါ် ငါ​ဘေး​ဆိုး ကျ​ရောက်​စေ​တော့​မယ်။+ ဒါ​ပေမဲ့ မင်း ဘယ်​သွား​သွား မင်း​အသက်​ကို တိုက်​ရာ​ပါ​ဥစ္စာ​လို ငါ​ပေး​မယ်’*+ လို့ ယေဟောဝါ ပြော​တယ်။”

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “အသက်​ရှင်​လွတ်​မြောက်​လိမ့်​မယ်။”