ယေရမိ ၄၇:၁-၇
-
ဖိလိတိတွေနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁-၇)
၄၇ ဂါဇာမြို့ကို ဖာရော မတိုက်ခိုက်ခင် ဖိလိတိလူမျိုးတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စကားတော် ပရောဖက်ယေရမိဆီ ရောက်လာတယ်။+
၂ ယေဟောဝါ ပြောတာက–
“မြောက်အရပ်ကနေ ရေတွေ စီးလာပြီးတောင်ကျချောင်းကြီး ဖြစ်သွားမယ်။
တိုင်းပြည်နဲ့ တိုင်းပြည်မှာရှိသမျှ၊မြို့နဲ့ မြို့သားရှိသမျှ ရေလွှမ်းမိုးသွားလိမ့်မယ်။
လူတွေ အော်ဟစ်ကြလိမ့်မယ်။
ပြည်မှာနေထိုင်သူတိုင်း ငိုကြွေးမြည်တမ်းကြလိမ့်မယ်။
၃ မြင်းထီးခွာသံ၊စစ်မြင်းရထား တဂျုန်းဂျုန်းမြည်သံ၊ရထားဘီးသံတွေကြောင့်
ဖခင်တွေဟာ လက်ပျော့ခွေပြီး သားတွေကိုတောင် ပြန်လှည့်ကြည့်နိုင်မှာ မဟုတ်ဘူး။
၄ ဖိလိတိလူတွေကို ဖျက်ဆီးမယ့်နေ့ ရောက်လာတော့မယ်။+
တိုင်ရာနဲ့+ ဆိုင်ဒုန်မြို့မှာရှိတဲ့+ မဟာမိတ် အကြွင်းအကျန်တွေကို ပယ်ရှင်းမယ်။
ကတ္တောရကျွန်း*+ မှာရှိတဲ့ ဖိလိတိလူ အကြွင်းအကျန်တွေကို
ယေဟောဝါ ဖျက်ဆီးမယ်။
၅ ဂါဇာမြို့ ခေါင်းပြောင်သွားလိမ့်မယ်။*
အာရှကေလုန်မြို့ နှုတ်ဆိတ်သွားလိမ့်မယ်။+
ချိုင့်ဝှမ်းလွင်ပြင်မှာ ကျန်ကြွင်းသူတို့၊ကိုယ့်အသားကို ဘယ်အချိန်အထိ မွှန်းနေမှာလဲ။+
၆ အို ယေဟောဝါရဲ့ဓား၊+ဘယ်အချိန်အထိ အငြိမ်မနေနိုင်ဘဲ ဖြစ်နေမှာလဲ။
ဓားအိမ်ထဲ ပြန်ဝင်ပါတော့။
အနားယူပြီး တိတ်တိတ်နေပါတော့။
၇ ယေဟောဝါ အမိန့်ပေးထားမှတော့
ဘယ်လိုလုပ်ပြီး ငြိမ်ငြိမ်နေနိုင်မှာလဲ။
အာရှကေလုန်နဲ့ ပင်လယ်ကမ်းရိုးတန်းကို တိုက်ဖို့+
သူ့ကို ငါခန့်ထားတယ်။”