ယေရမိ ၄၈:၁-၄၇

  • မောဘ​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက် (၁-၄၇)

၄၈  မောဘ​နဲ့​ပတ်​သက်​ပြီး+ အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင်​ ယေဟောဝါ​ပြော​တယ်– “နေ​ဗော​မြို့ အဖြစ်​ဆိုး​လိုက်​တာ။+ ဖျက်​ဆီး​ခံ​ရ​လိုက်​ရ​ပြီပဲ။ ကိ​ရ​ယ​သိမ်​မြို့​ဟာ+ အရှက်​ကွဲ​သွား​ပြီ။ သိမ်း​ပိုက်​ခံ​လိုက်​ရ​ပြီ။ လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ​ဟာ အရှက်​ကွဲ​သွား​ပြီ။ ခွဲ​ခြေ​ခံ​လိုက်​ရ​ပြီ။+  ၂  မောဘ​ကို ချီး​မွမ်း​ကြ​တော့​မှာ မဟုတ်​ဘူး။ ရန်​သူ​တွေ​က ‘လာ​ကြ။ သူ မျိုး​ပြုတ်​သွား​အောင် ဇာတ်​သိမ်း​ပစ်​ကြ​စို့’ လို့​ပြော​ပြီးမောဘ​ကျ​ဆုံး​သွား​အောင် ဟေ​ရှ​ဘုန်​မြို့​မှာ+ ကြံ​စည်​ကြ​တယ်။ မာ​ဒ​မေန​မြို့၊ တိတ်​တိတ်​လေး နေစမ်း​ပါ။ မင်း​နောက်​ကို ဓား​ဘေး လိုက်​နေ​ပြီ။  ၃  ဟော​ရ​နိမ်​မြို့​မှာ အော်​ဟစ်​သံ၊ ဖျက်​ဆီး​သံ၊ဝုန်း​ဒိုင်း​ပြို​လဲ​သံ​တွေ ကြား​ရ​တယ်။+  ၄  မောဘ ပျက်​စီး​သွား​ပြီ။ သူ့​က​လေး​ငယ်​တွေ ငို​ကြွေး​နေ​ပြီ။  ၅  သူတို့​က ငို​ကြွေး​ရင်း လု​ဟိတ်​မြို့​ကို တက်​သွား​ကြ​တယ်။ ဟော​ရ​နိမ်​မြို့ အဆင်း​လမ်း​မှာ ဘေး​ဆိုး​ကြောင့် အော်​ဟစ်​ငို​ကြွေး​သံ​ကို ကြား​နေ​ရ​တယ်။+  ၆  အသက်​လွတ်​အောင် ပြေး​ပေတော့။ တော​ကန္တာရ​ထဲ​က ဂျူ​နီ​ပါ​ထင်းရှူးပင်​လို ဖြစ်​ကြ​ပါ။  ၇  မင်း​ဟာ ကိုယ့်​လုပ်​ဆောင်​မှု​တွေ၊ အဖိုး​တန်​ရ​တ​နာ​တွေ​ကို ကိုး​စား​တဲ့​အတွက် သိမ်း​ပိုက်​ခံ​ရ​မယ်။ ခေ​မု​ရှ​ဟာ+ ပု​ရော​ဟိတ်​တွေ၊ အမှု​ထမ်း​တွေ​နဲ့​အတူ ပြည်​နှင်​ဒဏ်​ခံ​ရ​မယ်။  ၈  ဖျက်​ဆီး​သူ​က မြို့​တိုင်း​ကို ရောက်​လာ​လိမ့်​မယ်။ တစ်​မြို့​မှ မလွတ်​ဘူး။+ ယေဟောဝါ ပြော​ထား​တဲ့​အတိုင်း ချိုင့်​ဝှမ်း​လွင်​ပြင်​ဟာ ပျက်​စီး​သွား​လိမ့်​မယ်။ မြေပြန့်​ဒေ​သက​လည်း အစ​တုံး ဖျက်​ဆီး​ခံ​ရ​မယ်။  ၉  မောဘ​အတွက် လမ်း​ပြမှတ်​တိုင် စိုက်​ထူ​ကြ။ မောဘ ပျက်​စီး​ပြီး ထွက်​ပြေး​သွား​မယ်။ သူ့​မြို့​တွေ​ဟာ ကြောက်​လန့်​စ​ရာ ဖြစ်​သွား​မယ်။ နေ​ထိုင်​သူ​တစ်​ယောက်​မှ ရှိ​တော့​မှာ မဟုတ်​ဘူး။+ ၁၀  ယေဟောဝါ​ပေး​တဲ့ တာဝန်​ကို​ ပေါ့ပေါ့​ဆ​ဆ လုပ်​ဆောင်​သူ ကျိန်​စာ​သင့်​ပါ​စေ။ ဓား​ကို သွေး​စွန်း​အောင် မလုပ်​တဲ့​သူ ကျိန်​စာ​သင့်​ပါ​စေ။ ၁၁  မောဘ​လူ​တွေ​ဟာ ငယ်​ငယ်​က​တည်း​က စိတ်​အေး​လက်​အေး နေရတယ်။ ပြည်​နှင်​ဒဏ်​လည်း မခံ​ခဲ့​ဖူး​ဘူး။ အနည်​ထိုင်​နေ​တဲ့ စ​ပျစ်​ဝိုင်​လို​ပဲ။ အိုး​တစ်​လုံး​က​နေ နောက်​တစ်​လုံး​ထဲ အလှယ်​မခံ​ခဲ့ရ​ဘူး။ ဒါ​ကြောင့် ဝိုင်​အရ​သာ​ဟာ အရင်​အတိုင်း​ပဲ။ အနံ့​လည်း မပြယ်​ဘူး။ ၁၂  “ယေဟောဝါ ပြော​မယ်– ‘ငါ့​လူ​တွေ​ကို စေ​လွှတ်​ပြီး သူတို့​ကို မှောက်​ပစ်​မယ့်​အချိန် ရောက်​တော့​မယ်။ အဲဒီ​လူ​တွေ​က သူတို့​ကို မှောက်​ပစ်​လိမ့်​မယ်။ သူတို့​ရဲ့​အိုး​ခွက်​တွေ​ကို သွန်​ပစ်​ပြီး အိုး​ကြီး​တွေ​ကို ရိုက်​ခွဲ​မယ်။ ၁၃  အစ္စရေး​အမျိုး​က သူတို့​ယုံ​ကြည်​အား​ထား​တဲ့ ဗေသလ​ကြောင့် အရှက်​ကွဲ​ရ​သလို မောဘ​လူ​တွေ​က​လည်း ခေ​မု​ရှ​ကြောင့် အရှက်​ကွဲ​ရ​ကြ​လိမ့်​မယ်။+ ၁၄  “ငါ​တို့​က စစ်​တိုက်​ဖို့ အသင့်​ဖြစ်​နေ​တဲ့ ခွန်​အား​ကြီး စစ်​သူ​ရဲတွေ​ပဲ” ဆို​ပြီး မင်း​တို့​ မို့ ပြော​ရဲ​ တယ်။’+ ၁၅  ‘မောဘ ဖျက်​ဆီး​ခံ​ရ​ပြီ။ သူ့​မြို့​တွေ ကျူး​ကျော်​ခံ​ရ​ပြီ။+ လက်​ရွေး​စင်​လူငယ်​တွေ အသတ်​ခံ​ရ​ပြီ’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ဆို​တဲ့ နာ​မည်​ကို ပိုင်​ဆိုင်​တဲ့​ဘု​ရင် ပြော​တယ်။+ ၁၆  မောဘ​လူ​တွေ​အပေါ် ဘေး​ဒုက္ခ ကျရောက်​တော့​မယ်။ သူတို့​ရဲ့​ကျ​ဆုံး​ခန်း အမြန်​လာ​နေပြီ။+ ၁၇  ပတ်​ဝန်း​ကျင်​က​လူ​တွေ၊သူတို့​နာ​မည်​ကို သိ​တဲ့​လူ​တွေ ကိုယ်​ချင်း​စာ​ကြ​လိမ့်​မယ်။ ‘ခွန်​အား​ကြီး​တဲ့ ကြိမ်​လုံး၊ လှ​ပတဲ့​တောင်​ဝှေး ကျိုး​သွား​ပြီ’ လို့ ပြော​ကြ​ပါ။ ၁၈  အို ဒိ​ဘုန်​မြို့​မှာ နေ​ထိုင်​တဲ့ သမီးပျို၊+မောဘ​ကို​ဖျက်​ဆီး​တဲ့​သူ​က မင်း​ကို လာ​တိုက်​နေ​ပြီ။ ဂုဏ်​ကျက်​သရေ​ကို စွန့်​လိုက်​ပါ။ ရေ​ငတ်​ခံ​ပြီး ထိုင်​နေ​ပါ။* သူ​က မင်း​ရဲ့​ခံ​တပ်​မြို့​တွေ​ကို ဖျက်ဆီး​လိမ့်​မယ်။+ ၁၉  အာ​ရော်​မြို့​သား​တို့၊+ လမ်း​ဘေး​မှာ ရပ်​ကြည့်​နေ​ပါ။ ထွက်​ပြေး​လာ​တဲ့ ယောက်ျား၊ လွတ်​မြောက်​လာ​တဲ့ မိန်း​မကို ‘ဘာ​ဖြစ်​တာ​လဲ’ လို့​မေး​ပါ။ ၂၀  မောဘ​ဟာ အရှက်​ကွဲ​ပြီး ထိတ်လန့်​နေ​တယ်။ ငို​ကြွေး​မြည်​တမ်း​ပြီး အော်ဟစ်​ကြ။ မောဘ ပျက်​စီး​သွား​ပြီဆို​ပြီး​ အာနုန်​ချိုင့်​ဝှမ်း​မှာ+​ ကြေညာ​ကြ။ ၂၁  “မြေပြန့်​ဒေ​သမှာ​ရှိ​တဲ့+ ဟော​လုန်၊  ယာ​ဟတ်၊+  မေဖတ်၊+ ၂၂  ဒိဘုန်၊+​ နေ​ဗော၊+ ဗက်​ဒိ​ဗ​လ​သိမ်၊ ၂၃  ကိ​ရ​ယ​သိမ်၊+ ဗက်​ဂမု​လ၊ ဗက်​မောင်၊+ ၂၄  ကေ​ရုတ်၊+ ဗော​ဇ​ရ​မြို့၊ မောဘ​ပြည်​ရဲ့ ရပ်​ဝေး​ရပ်​နီး​မြို့တွေ​အား​လုံး တ​ရား​စီ​ရင်​ခံ​ရ​တော့​မယ်။ ၂၅  ယေဟောဝါ ပြော​မယ်– ‘မောဘ​ရဲ့ အစွမ်း​ခွန်​အား လျော့​နည်း​သွား​ပြီ။* သူ့​လက်​ရုံး ကျိုး​သွား​ပြီ။ ၂၆  သူ​ဟာ ယေဟောဝါ​ထက် ကိုယ့်​ကိုယ်​ကိုယ် ချီး​မြှောက်​တဲ့​အတွက်+ သူ့​ကို မူး​အောင်​တိုက်​ကြ​ပါ။+ မောဘ​ဟာ အန်​ဖတ်​ထဲ​မှာ လူး​နေ​ပြီ။ လှောင်​ပြောင်​စ​ရာ ဖြစ်​နေ​ပြီ။ ၂၇  တစ်​ချိန်​က အစ္စရေး​ကို မင်း လှောင်​ခဲ့​တယ် မဟုတ်​လား။+ မင်း​က ခေါင်း​တ​ခါ​ခါ​နဲ့ သူ့​အကြောင်း မကောင်း​ပြော​ရ​အောင် သူ​ဟာ သူ​ခိုး​ကြံ​ရာ​ပါ မို့လို့​လား။ ၂၈  မောဘ​ပြည်​သား​တို့၊ မြို့​တွေ​ကနေ ထွက်​ပြီး ကျောက်​ဆောင်​ပေါ်​မှာ နေ​ထိုင်​ကြ​ပါ။ ချောက်​ကမ်း​ပါး​တွေ​မှာ အသိုက်​လုပ်​တဲ့ ချိုး​ငှက်​လို​ပေါ့။’” ၂၉  “မောဘ​ရဲ့​မာ​န​အကြောင်း ငါ​တို့​ကြား​ဖူး​တယ်။ သူ​ဟာ ထောင်​လွှား​ပြီး မာ​န​ကြီး​တယ်။ မောက်​မာ​ပြီး စိတ်​နေ​မြင့်​တယ်။”+ ၃၀  “ယေဟောဝါ ပြော​မယ်– ‘သူ ဒေါသ​ထွက်​နေ​မှန်း ငါ​သိ​တယ်။ ကြွား​လုံး​ထုတ်​နေ​ပေမဲ့ အချည်း​နှီး​ပဲ ဖြစ်​လိမ့်​မယ်။ ဘာ​ကို​မှ ဟုတ်​တိ​ပတ်​တိ လုပ်​နိုင်​မှာ မဟုတ်​ဘူး။ ၃၁  ဒါ​ကြောင့် မောဘ​အတွက် ငါ​ငို​ကြွေး​မြည်​တမ်း​မယ်။ မောဘ​တစ်​မျိုး​လုံး​အတွက် အော်ဟစ်​ငို​ကြွေး​မယ်။ ကိ​ရ​ဟ​ရက်​မြို့​သား​တွေ​အတွက် ညည်း​တွား​မယ်။+ ၃၂  ရှိ​ဗ​မမြို့​ရဲ့ စ​ပျစ်​ပင်၊+ယာ​ဇာ​မြို့​အတွက်+ ငါ​ငို​ကြွေး​ခဲ့​တာ​ထက် မင်း​အတွက် ပို​ငို​ကြွေး​မယ်။ မင်း​ရဲ့​ဝေ​ဆာ​နေ​တဲ့ အညွန့်​တွေ ပင်လယ်​ကို ကျော်​သွား​ပြီ။ ပင်လယ်​အထိ၊ ယာ​ဇာ​မြို့​အထိ ရောက်​သွား​ပြီ။ မင်း​ရဲ့ နွေ​သီး​နှံ​တွေ၊ ဆွတ်​ခူး​ထား​တဲ့ စ​ပျစ်​သီး​တွေ​ကို ဖျက်​ဆီး​မယ့်​သူ ရောက်​လာ​ပြီ။+ ၃၃  သစ်​သီး​ခြံ​က​နေ၊ မောဘ​ပြည်​ကနေ ဝမ်း​မြောက်​ရွှင်​လန်း​မှု​ကို ဖယ်​ရှား​လိုက်​ပြီ။+ စ​ပျစ်​ကျင်း​မှာ စ​ပျစ်​ဝိုင် မရှိ​တော့​အောင် ငါ​လုပ်​လိုက်​ပြီ။ ကြွေး​ကြော်​ပြီး နင်း​နယ်​မယ့်​သူ မရှိတော့​ဘူး။ ထွက်​ပေါ်​နေ​တဲ့​အသံ​ဟာ ရွှင်​လန်း​တဲ့​အသံ​တွေ မဟုတ်​ဘူး။’”+ ၃၄  “‘ဟေ​ရှ​ဘုန်​မြို့​က+ ငို​ကြွေး​သံ​ကို​ဧ​လာ​လေ​မြို့​အထိ+ ကြားရ​တယ်။ သူတို့​ရဲ့​အသံ​ကို ယာ​ဟတ်​မြို့​အထိ+ ကြား​ရ​တယ်။ ဇော​ရ​မြို့​က ငို​ကြွေး​သံ​ကို ဟော​ရ​နိမ်​မြို့​အထိ၊+ ဧ​ဂလတ် ရှ​လိ​ရှ​အရပ်​အထိ ကြား​ရ​တယ်။ နိ​မရိမ်​ချောင်း​ရေ​တောင် ခန်းခြောက်​သွား​လိမ့်​မယ်။’+ ၃၅  ယေဟောဝါ ပြော​မယ်– ‘အထွတ်​အမြတ်​နေ​ရာ​ဆီ အလှူ​ယူ​ဆောင်​လာ​သူ၊နတ်​ဘု​ရား​ဆီ ယဇ်​ပူ​ဇော်​သူ​ကို​ မောဘ​ပြည်​မှာ ငါ​ပပျောက်​စေ​မယ်။ ၃၆  ဒါ​ကြောင့် ငါ့​ရင်​ထဲ​မှာ မောဘ​အတွက် ပလွေ​သံ​လို ညည်း​သံ​ထွက်​ပေါ်​နေ​မှာ။+ ကိ​ရ​ဟ​ရက်​မြို့​သား​တွေ​အတွက် ပလွေ​သံ​လို ညည်း​သံ​ထွက်​ပေါ်​နေ​မှာ။ သူ​စု​ဆောင်း​ထား​တဲ့ စည်း​စိမ်​တွေ ပျက်​စီး​သွား​လို့​ပေါ့။ ၃၇  လူ​တိုင်း ခေါင်း​တုံး​တုံး​ပြီး+ မုတ်​ဆိတ်​ရိတ်​ထား​ကြ​တယ်။ လက်​တွေ​ကို မွှန်း​ပြီး+ အထည်​ကြမ်း ဝတ်​ထား​ တယ်။’”+ ၃၈  “ယေဟောဝါ ပြော​မယ်– ‘စွန့်​ပစ်​ခံ​ရ​တဲ့ ရေ​တ​ကောင်း​လို မောဘ​ကို ငါ​ခွဲ​လိုက်​တဲ့​အတွက်မောဘ​ရဲ့ အိမ်​မိုး​တွေ၊ လူ​ထု​ရင်ပြင်​တွေ​မှာ ငို​ကြွေး​မြည်​တမ်း​သံ​က​လွဲ​လို့ ဘာ​အသံ​မှ မကြား​ရ​တော့​ဘူး။ ၃၉  မောဘ​ပြည်​သား​တို့၊ ငို​ကြွေး​မြည်တမ်း​ကြ။ မောဘ​ဟာ တော်​တော်​ထိတ်​လန့်​နေ​ပြီ။ ရှက်​ရှက်​နဲ့ လှည့်​ထွက်​သွား​ပြီ။ ပတ်​ဝန်း​ကျင်​က လူ​တွေ​အတွက် လှောင်​ပြောင်​စ​ရာ၊ ထိတ်​လန့်​စရာ ဖြစ်​သွား​ပြီ။’” ၄၀  “ယေဟောဝါ ပြော​တာ​က– ‘သား​ကောင်​ကို ထိုး​သုတ်​တဲ့ လင်းယုန်​လို+ အတောင်​ဖြန့်​ပြီး မောဘ​ကို ရန်​သူ​ထိုး​သုတ်​လိမ့်​မယ်။+ ၄၁  မြို့​တွေ သိမ်း​ပိုက်​ခံ​ရ​ပြီးရဲ​တိုက်​တွေ သိမ်း​ယူ​ခံ​ရ​လိမ့်​မယ်။ အဲဒီ​နေ့​ရောက်ရင် မောဘ​စစ်​သူ​ရဲတွေ​ဟာ သား​ဖွား​နေ​တဲ့​မိန်း​မလို ကြောက်​လန့်​နေ​ကြ​လိမ့်​မယ်။’” ၄၂  “‘မောဘ​ဟာ ယေဟောဝါ​ထက် ကိုယ့်​ကိုယ်​ကိုယ် ချီး​မြှောက်​တဲ့​အတွက်+ အမျိုး​ပြုတ်​သွား​အောင် ပယ်​ရှင်း​ခံ​ရ​မယ်။+ ၄၃  အို မောဘ​ပြည်​သား၊ မင်း​ရှေ့​မှာ ကြောက်​လန့်​စ​ရာ၊တွင်း၊ ထောင်​ချောက် ရှိ​နေ​တယ်’ လို့ ယေဟောဝါ ပြော​တယ်။ ၄၄  ‘ကြောက်​လို့ ထွက်​ပြေး​သူ​တွေ တွင်း​ထဲ​ကျ​မယ်။ တွင်း​ထဲ​က တက်​လာရင်​လည်း ထောင်​ချောက်​မိ​မယ်။’ ‘မောဘ​ပြည်​ကို ဒဏ်​ပေး​မယ့်​နှစ်​ ရောက်​စေ​မယ်။’ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။ ၄၅  ထွက်​ပြေး​သူ​တွေ​ဟာ အား​ပြတ်​ပြီး ဟေ​ရှ​ဘုန်​မြို့​ရဲ့ အရိပ်​အောက် လာ​ခို​ကြ​တယ်။ ဟေ​ရှ​ဘုန်​မြို့​က​နေ မီး​တွေ ထွက်​လာ​မယ်။ ရှိ​ဟုန်​မြို့​ထဲ​က​နေ မီး​လျှံတွေ ထွက်​လာ​မယ်။+ မောဘ​ရဲ့​န​ဖူး၊ဆူ​ပူ​အုံ​ကြွ​သူ​တွေရဲ့​ခေါင်း မီး​လောင်​သွား​လိမ့်​မယ်။’+ ၄၆  ‘အို မောဘ၊ အဖြစ်​ဆိုး​လှ​ချေ​လား။ ခေ​မု​ရှ​ရဲ့​လူ​တွေ+ သေဆုံး​ကုန်​ပြီ။ မင်း​ရဲ့​သား​တွေ​ဟာ သုံ့​ပန်း​ဖြစ်​သွား​ပြီ။ သမီး​တွေ​လည်း ပြည်​နှင်​ဒဏ်​ခံရပြီ။+ ၄၇  ဒါ​ပေမဲ့ အဆုံး​ပိုင်း​ကာလ​မှာ​ မောဘ​သုံ့​ပန်း​တွေ​ကို ငါ​ပြန်​စုသိမ်း​မယ်။ ဒါ​တွေ​က​တော့ မောဘ​ခံ​ရ​တဲ့​ တရား​စီ​ရင်​ချက်​ပဲ။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”

အောက်ခြေမှတ်ချက်များ

“မြေပေါ် ဆင်း​ထိုင်​ပါ” လည်း​ဖြစ်​နိုင်။
“ဦး​ချို​ကျိုး​သွား​ပြီ” လည်း​ဖြစ်​နိုင်။