ယောန ၄:၁-၁၁

  • ယောန ဒေါသ​ထွက်​ပြီး သေချင် (၁-၃)

  • ကရု​ဏာ​ထား​တတ်​ဖို့ ယေဟောဝါ သင်​ပေး (၄-၁၁)

    • “မင်း ဒီ​လောက် စိတ်​ဆိုး​သင့်​သလား” ()

    • ဘူး​ပင်​ကို​သုံး​ပြီး သင်​ခန်း​စာပေး (၆-၁၀)

 ယောန​က​တော့ အကြီး​အကျယ် မကျေ​မနပ်​ဖြစ်​ပြီး  ဒေါသ​ထွက်​တယ်။ ၂  အဲဒီ​အခါ ယေဟောဝါ​ဆီ သူ​ဆုတောင်း​တာ​က–  “ယေဟောဝါ​ဘုရား၊​ ဒီ​လို​ဖြစ်​လာ​မယ်​ဆို​တာ​ နေ​ရင်း​ပြည်​မှာ​ရှိ​က​တည်း​က ကျွန်​တော်​တွေး​ပူ​မိ​သား​ပဲ။ ဒါ​ကြောင့် တာ​ရှိ​ပြည်​ကို+ ချက်​ချင်း​ပြေး​ခဲ့​တာ။ ကိုယ်​တော်​ဟာ သနား​စာ​နာ​တတ်​ပြီး  ကရု​ဏာ​ရှိ​တဲ့​ဘုရား၊ အမျက်​ထွက်​နှေး​ပြီး ခိုင်​မြဲတဲ့​မေတ္တာ ကြီး​မား​တဲ့​ဘု​ရား၊+ ဘေး​ဆိုး​အတွက်  စိတ်​မကောင်း​ဖြစ်​တတ်​တဲ့​ ဘုရား​ပဲ​ဆို​တာ  ကျွန်​တော်  သိ​တာ​ပေါ့။ ၃  ယေဟောဝါ​ဘု​ရား၊  အခု ကျွန်​တော့်​အသက်​ကို နုတ်​ယူ​လိုက်​ပါ​တော့။ အသက်​ရှင်​နေ​ရ​တာ​ထက် သေသွား​တာ​က​မှ ပို​ကောင်း​ဦး​မယ်။”+ ၄  အဲဒီ​အခါ ယေဟောဝါ​က “မင်း ဒီ​လောက်  စိတ်​ဆိုး​သင့်​သလား”  လို့​မေး​တယ်။ ၅  အဲဒီ​နောက် ယောန​က မြို့​ပြင်​ထွက်​သွား​တယ်။ မြို့​ရဲ့​အရှေ့​ဘက်​မှာ တဲ​ထိုး​ပြီး အရိပ်​အောက် ထိုင်​နေ​ရင်း မြို့​ထဲ​မှာ ဘာ​များ​ဖြစ်​လာ​မလဲ​လို့ စောင့်​ကြည့်​နေ​တယ်။+ ၆  ယေဟောဝါ​က ယောန​အတွက် အရိပ်ရ​အောင်၊ စိတ်​သက်​သာ​ရာရ​အောင် ဘူး​ပင်​တစ်​ပင်* ပေါက်​စေ​တယ်။ အဲဒီ​ဘူး​ပင်​ကြောင့် ယောန သိပ်​ကျေ​နပ်​သွား​တယ်။ ၇  ဒါ​ပေမဲ့ နောက်​တစ်​နေ့ အရုဏ်​တက်​ချိန်​မှာ စစ်​မှန်​တဲ့​ဘု​ရား​သခင်​က ပိုး​ကောင်​ကို  စေ​လွှတ်​လိုက်​တယ်။ ပိုး​ကိုက်လို့  ဘူး​ပင် ခြောက်​သွား​တယ်။ ၈  နေ​မြင့်​လာ​တဲ့​အခါ ဘု​ရား​သခင်​က ချစ်​ချစ်​တောက်​ပူ​တဲ့  အရှေ့​လေ​ကို​လည်း  တိုက်​စေ​တယ်။  နေ​ရှိန်​ပြင်း​လွန်းတော့ ယောန နုံး​ချည့်​လာ​တယ်။ ဒါ​ကြောင့် သေပါ​ရ​စေ​လို့​သာ တစာစာ​တောင်း​ဆို​ပြီး “အသက်​ရှင်​နေ​ရ​တာ​ထက်  သေတာ​က​မှ  ပို​ကောင်း​ဦး​မယ်” လို့​ပဲ ပြော​နေ​တော့​တယ်။+ ၉  အဲဒီ​အခါ ဘု​ရား​သခင်​က “ဘူး​ပင်​တစ်​ပင်​အတွက် မင်း ဒီ​လောက်​တောင် စိတ်​ဆိုး​သင့်​သလား”+ လို့​မေး​တော့၊ ယောန​က  “စိတ်​ဆိုး​သင့်​တာ​ပေါ့။ သေချင်​လောက်​အောင်​ကို စိတ်​ဆိုး​ပါ​တယ်” လို့​ဖြေတယ်။ ၁၀  ယေဟောဝါ​က​လည်း “ကိုယ်​တိုင် မစိုက်​ဘဲ၊ မပြု​စု​ဘဲ ည​တွင်း​ချင်း​ပေါက်​ပြီး ည​တွင်း​ချင်း​သေသွား​တဲ့ ဘူး​ပင်​ကို မင်း နှ​မြော​နေ​တယ်။ ၁၁  ဒါ​ဆို​ရင် တိ​ရစ္ဆာန်​အများ​ကြီး​ကို မပြော​နဲ့​ဦး၊+ အမှား​အမှန်​ကို​တောင်* ခွဲ​ခြား​မသိ​နိုင်​တဲ့ လူ ၁၂၀,၀၀၀ ကျော်​ရှိ​တဲ့ နိ​န​ဝေ​မြို့​ကြီး​ကို ငါ ပို​မနှ​မြော​သင့်​ဘူး​လား”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ကြက်​ဆူ​ပင်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “ဘယ်​လက်​နဲ့ ညာ​လက်​ကို​တောင်။”