ယောဘ ၁၁:၁-၂၀
၁၁ နေမတ်အမျိုးသား ဇောဖာ+ ပြန်ပြောတာက–
၂ “ဒီစကားတွေအတွက် အဖြေမရှိဘဲ နေမလား။
စကားအများကြီး ပြောတိုင်း မှန်နိုင်မှာလား။
၃ ခင်ဗျားရဲ့ အဓိပ္ပာယ်မဲ့ စကားတွေကြောင့် လူတွေ နှုတ်ဆိတ်သွားမှာလား။
လှောင်ပြောင်တဲ့ စကားတွေကို အပြစ်တင်တဲ့သူ မရှိဘဲနေမှာလား။+
၄ ‘ကျုပ်ရဲ့သွန်သင်ချက်တွေဟာ အမှန်တွေပါ။+
ဘုရားရှေ့မှာ ကျုပ် သန့်ရှင်းတယ်’ လို့ ခင်ဗျားပြောခဲ့တယ်။+
၅ ဒါပေမဲ့ ဘုရားပဲ နှုတ်ကိုဖွင့်ပြီးခင်ဗျားကို ပြောပါစေ။+
၆ လက်တွေ့ကျ ဉာဏ်ပညာမှာ အသွင်အပြင် အမျိုးမျိုးရှိတဲ့အတွက်ဉာဏ်ပညာရဲ့ လျှို့ဝှက်ချက်တွေအကြောင်း ဘုရား ပြောပြလိမ့်မယ်။
အမှားတချို့ကို ဘုရားသခင် တမင်မေ့ထားပေးမှန်း ခင်ဗျားသိလာမယ်။
၇ ဘုရားရဲ့ နက်နဲတဲ့ဉာဏ်ပညာအကြောင်း ခင်ဗျား ထုတ်ဖော်နိုင်သလား။
အနန္တတန်ခိုးရှင်အကြောင်းကို အကုန်အစင် ထုတ်ဖော်နိုင်သလား။
၈ ဉာဏ်ပညာဟာ မိုးကောင်းကင်ထက် ပိုမြင့်တဲ့အတွက် ခင်ဗျား ဘယ်လိုလုပ် ရယူနိုင်မှာလဲ။
သင်္ချိုင်းထက် ပိုနက်ရှိုင်းတဲ့အတွက် ဘယ်လိုလုပ် သိနိုင်မှာလဲ။
၉ ဉာဏ်ပညာဟာ ကမ္ဘာမြေထက် ကျယ်ဝန်းတယ်။
ပင်လယ်ထက် ကျယ်ပြန့်တယ်။
၁၀ ဘုရားက ဖြတ်သွားပြီး တစ်ယောက်ယောက်ကိုတရားရုံးဆီ ဆွဲခေါ်သွားရင် ဘယ်သူ တားနိုင်မှာလဲ။
၁၁ လှည့်စားတတ်သူတွေကို ဘုရားသိတယ်။
ဆိုးညစ်တဲ့အရာကို မြင်တဲ့အခါ အရေးမစိုက်ဘဲ နေမှာလား။
၁၂ မြည်းရိုင်းက လူကို မွေးထုတ်တဲ့အခါကျမှဦးနှောက်မရှိသူလည်း သိနားလည်မှု ရှိလာလိမ့်မယ်။
၁၃ ခင်ဗျားသာ စိတ်ကိုပြင်ဆင်ပြီး
ဘုရားဆီ လက်ဖြန့်အသနားခံမယ်ဆိုရင်၊
၁၄ ကိုယ်လုပ်နေတဲ့ မကောင်းမှုတွေကို စွန့်ပစ်ပြီးကိုယ့်တဲမှာ မဖြောင့်မတ်တာ ဘာတစ်ခုကိုမှ လက်မခံဘူးဆိုရင်၊
၁၅ အပြစ်ပြောစရာမရှိဘဲ ခေါင်းမော့နိုင်မှာ။
ဘာကိုမှ မကြောက်ဘဲ ရပ်တည်နိုင်မှာ။
၁၆ အဲဒီအခါ ကိုယ့်ဒုက္ခကို မေ့သွားမယ်။
စီးဆင်းသွားတဲ့ရေလိုပဲ ယူမှတ်လိမ့်မယ်။
၁၇ ခင်ဗျားဘဝဟာ မွန်းတည့်ချိန်ထက် တောက်ပမယ်။
ဘဝမိုးမှောင်ကျချိန်မှာတောင် မနက်ခင်းလို ဖြစ်မယ်။
၁၈ မျှော်လင့်ချက်ရှိတဲ့အတွက် ယုံကြည်စိတ်ချမှု ရှိနေမယ်။
ပတ်လည်ကို ကြည့်ပြီးတဲ့နောက် စိတ်ချလက်ချ အိပ်စက်နိုင်မယ်။
၁၉ ခြောက်လှန့်သူ တစ်ယောက်မှမရှိတဲ့အတွက် အေးအေးဆေးဆေး လဲလျောင်းရလိမ့်မယ်။
လူတွေက ခင်ဗျားရဲ့ မျက်နှာသာရဖို့ ကြိုးစားကြလိမ့်မယ်။
၂၀ လူဆိုးတွေကတော့ မျက်စိမှုန်လာမယ်။
ပြေးစရာမြေ ရှိမှာမဟုတ်ဘူး။
သူတို့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဟာ သေခြင်းပဲ။”+