ယောဘ ၁၆:၁-၂၂

  • ယောဘ ပြန်​ပြော (၁-၂၂)

    • “ကျုပ်​ကို နှစ်​သိမ့်​ပေး​မယ့်​အစား နှိပ်​စက်​နေကြ​တာ” ()

    • ဘု​ရားရဲ့​ပစ်​မှတ် ဖြစ်​နေ​ကြောင်း ပြော (၁၂)

၁၆  ယောဘ ပြန်​ပြော​တာ​က– ၂  “ဒီ​လို​အကြောင်း​တွေ​ကို အရင်​က အများ​ကြီး ကြား​ဖူး​သား​ပဲ။ ခင်​ဗျား​တို့​က ကျုပ်​ကို နှစ်​သိမ့်​ပေး​မယ့်​အစား နှိပ်​စက်​နေ​ကြ​တာ​ပဲ။+  ၃  အဓိပ္ပာယ်​မဲ့​စကား​တွေ ပြော​လို့​ပြီး​ဦး​မှာ​လား။ ဘာ​လို့ ဒီ​လို​ပြော​နေ​ကြ​တာ​လဲ။  ၄  ကျုပ်​လည်း ခင်​ဗျား​တို့​လောက်​တော့ ပြော​တတ်​ပါ​တယ်။ ခင်​ဗျား​တို့​သာ ကျုပ်​နေ​ရာ​မှာ​ဆိုရင်ကျုပ်​လည်း ခင်​ဗျား​တို့​မကောင်း​ကြောင်း​ကို စီ​ကာ​ပတ်​ကုံး​ပြော​ပြီးခေါင်း​တ​ခါ​ခါ လုပ်​တတ်​သား​ပဲ။+  ၅  ဒါ​ပေမဲ့ အဲဒီ​အစား အား​ပေး​စကား၊ နှစ်​သိမ့်​စကား ပြော​ပြီးခင်​ဗျား​တို့​ကို စိတ်​သက်​သာ​ရာ ရ​စေ​မှာ​ပါ။+  ၆  ကျုပ်​ပြော​တော့​ကော ဝေဒနာ​ သက်​သာ​သွား​တာ​မှ မဟုတ်​တာ။+ မပြော​ဘဲ​နေ​တော့​လည်း နာ​ကျင်​နေ​တုန်း​ပဲ။  ၇  အခု​တော့ ဘုရား​က ကျုပ်​ကို မော​ပန်း​စေ​ပြီ။+ အိမ်​သား​အားလုံး​ကို ဆုံး​ပါး​စေ​ပြီ။  ၈  ကျုပ်​ကို ဘုရား​ဖမ်း​ထား​တာ အများ​အမြင်​ပဲ။ ကျုပ်​ပိန်​ချုံး​နေ​တာ သက်​သေပဲ။  ၉  ဘုရား​က ကျုပ်​ကို ဒေါသ​တ​ကြီး အပိုင်း​ပိုင်း ​ဆွဲ​ဖဲ့​နေ​တယ်။+ အမုန်း​ရန်​ငြိုး​တွေ သို​ထား​ပြီး အံ​ကြိတ်​နေ​တယ်။ ရန်​သူ​က ကျုပ်​ကို စိန်း​စိန်း​ကြီး ကြည့်​နေ​တယ်။+ ၁၀  လူ​တွေ​က ကျုပ်​ကို​ဝါး​မျို​ဖို့ ပါး​စပ်​ဟ​ထား​ကြ​တယ်။+ အထင်​သေး​တဲ့​စိတ်​နဲ့ ပါး​ရိုက်​ကြ​တယ်။ ရန်​မူ​ဖို့ အုပ်​စု​လိုက် ဝိုင်း​အုံ​လာ​ကြ​တယ်။+ ၁၁  ဘုရား​သခင်​က ကျုပ်​ကို လူငယ်​တွေ​လက်​ထဲ အပ်​တယ်။ လူ​ဆိုး​တွေ​လက်​ထဲ ထိုး​အပ်​လိုက်​တယ်။+ ၁၂  ဒုက္ခ​ကင်း​ဝေး​နေ​တဲ့​အခါ ဘုရား​က ကျုပ်​ကို တစ်​စ​စီ ခြေ​မွှ​တယ်။+ လည်​ကုပ်​က​နေ ကိုင်​ပြီး နင်း​ခြေ​တယ်။ ကျုပ်​ကို ပစ်​မှတ်​ထား​တယ်။ ၁၃  ဘုရား​ရဲ့​လေး​သမား​တွေ ကျုပ်​ကို ဝိုင်း​ထား​တယ်။+ မညှာ​တာ​ဘဲ ကျုပ်​ရဲ့​ကျောက်​ကပ်​ကို မြား​နဲ့​ခွင်း​တယ်။+ သည်း​ခြေ​ကို​လည်း မြေပေါ်​သွန်​ပစ်​တယ်။ ၁၄  ကျုပ်​ရင်​ဘတ်​ကို အကြိမ်​ကြိမ် ထိုး​ဖောက်​တယ်။ စစ်​သူ​ရဲ​လို တစ်​ဟုန်​ထိုး ပြေး​ဝင်​လာ​တယ်။ ၁၅  ကျုပ်​ဟာ အထည်​ကြမ်း* ဝတ်​ထား​ရ​တယ်။+ ဂုဏ်​သိက္ခာ* ကို မြေမှာ မြှုပ်​ထား​ရ​တယ်။+ ၁၆  ငို​ရ​လွန်း​လို့ မျက်​နှာ နီ​ရဲ​နေ​ပြီ။+ မျက်​ကွင်း​တွေ​လည်း ညို​မည်း​နေ​ပြီ။ ၁၇  တ​ကယ်​တော့ အကြမ်း​ဖက်​မှု​တစ်​ခု​မှ ကျုပ်​မလုပ်​ခဲ့​ဘူး။ စိတ်​ရင်း​မှန်​နဲ့​ပဲ ဆုတောင်း​ခဲ့​တယ်။ ၁၈  မြေကြီး၊ ကျုပ်​ရဲ့​သွေး​ကို မဖုံး​ထား​ပါ​နဲ့။+ ကျုပ်​ရဲ့​ငို​ကြွေး​သံ​လည်း မရပ်​စဲ​ပါ​စေ​နဲ့။ ၁၉  အခု၊ ကျုပ်​ရဲ့​သက်​သေက ကောင်း​ကင်​မှာ ရှိ​တယ်။ ကျုပ်​ဘက်​က​နေ သက်​သေထွက်​ဆို​ပေး​မယ့်​သူ​က ဟိုး​အမြင့်​မှာ ရှိ​တယ်။ ၂၀  မျက်​ရည်​ကျ​ပြီး ဘုရား​သခင်​ဆီ အသနား​ခံ​တဲ့​အတွက်*+ ကျုပ်​ကို မိတ်ဆွေ​တွေ လှောင်​ပြောင်​ကြ​တယ်။+ ၂၁  လူ​နှစ်​ယောက်​စပ်​ကြား​မှာ ဆုံး​ဖြတ်​ပေး​မယ့်​သူ ရှိ​သလို ဘုရား​သခင်​နဲ့​လူ စပ်​ကြား​မှာ​လည်း ဆုံး​ဖြတ်​ပေး​မယ့်​သူ​ရှိ​ပါစေ။+ ၂၂  ကျုပ်​နေ​ရ​မယ့်​နှစ်​တွေ သိပ်​မကျန်​တော့​ပါ​ဘူး။ ပြန်​လှည့်​လို့​မရ​တဲ့ လမ်း​ကို သွား​ရ​တော့​မယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ခွန်​အား။” မူ​ရင်း၊ “ဦး​ချို။”
“မအိပ်​ဘဲ ဘုရား​ကို မျှော်​ကြည့်​တဲ့​အတွက်” လည်း​ဖြစ်​နိုင်။