ယောဘ ၁၇:၁-၁၆
၁၇ “အသက်စွမ်းအား ကုန်ခန်းနေပြီ။ ကျုပ်ရဲ့နေ့ရက်တွေ ကုန်ဆုံးပြီ။
သင်္ချိုင်းက ကျုပ်ကို စောင့်နေတယ်။+
၂ လှောင်ပြောင်သူတွေ ဝိုင်းရံနေတယ်။+
ပုန်ကန်တဲ့လုပ်ရပ်တွေကို ကြည့်ပဲကြည့်နေရတယ်။
၃ အို ဘုရားသခင်၊ ကျုပ်ရဲ့အာမခံပစ္စည်းကို လက်ခံပြီး သိမ်းထားပေးပါ။
အာမခံပေးပြီး လက်ဆွဲနှုတ်ဆက်မယ့်သူဆိုလို့ ကိုယ်တော်ကလွဲရင် ဘယ်သူမှ မရှိပါဘူး။+
၄ ကိုယ်တော်က သူတို့ကို ဆင်ခြင်တုံတရား ကင်းမဲ့စေတယ်။+
သူတို့ကို မချီးမြှောက်တော့ဘူး။
၅ အဲဒီလိုလူက မိတ်ဆွေတွေကို ပစ္စည်းဥစ္စာတွေ ဝေပေးတယ်။
သားသမီးတွေကတော့ ဆာလောင်လွန်းလို့ မျက်လုံးတွေ ဝေဝါးနေတယ်။
၆ ဘုရားက ကျုပ်ကို နှာခေါင်းရှုံ့စရာဖြစ်အောင် လုပ်လို့+
ကျုပ်မျက်နှာကို လူတွေ တံတွေးနဲ့ထွေးကြတယ်။+
၇ သောကတွေကြောင့် ကျုပ်မျက်လုံးတွေ မှုန်ဝါးနေပြီ။+
ခြေလက်တွေလည်း ပိန်လှီနေပြီ။
၈ ကျုပ်ရဲ့အဖြစ်ကို ကြည့်ပြီး ရိုးဖြောင့်သူတွေ အံ့သြနေတယ်။
ဘုရားတရားမဲ့သူတွေကြောင့် အပြစ်ကင်းသူလည်း စိတ်အနှောင့်အယှက် ဖြစ်နေရတယ်။
၉ ဖြောင့်မတ်သူက သူ့လမ်းစဉ်မှာ လျှောက်မြဲလျှောက်နေတယ်။+
အပြစ်ကင်းသူကလည်း ခွန်အားတိုးပွားနေတယ်။+
၁၀ ခင်ဗျားတို့အားလုံး ကျုပ်နဲ့ ဆက်ငြင်းခုံလို့ရပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ထဲမှာ ဉာဏ်ပညာရှိသူ တစ်ယောက်မှ မပါဘူး။+
၁၁ ကျုပ်ရဲ့နေ့ရက်တွေ ကုန်ဆုံးပြီ။+
အကြံအစည်တွေ၊ အလိုဆန္ဒတွေ ပျက်စီးပြီ။+
၁၂ ခင်ဗျားတို့က ညကို နေ့ဖြစ်အောင် လုပ်ကြတယ်။
‘လင်းတော့မယ်’ လို့ ပြောပေမဲ့ မှောင်နေတုန်းပဲ။
၁၃ ဆက်သာစောင့်နေရရင် သင်္ချိုင်းဟာ ကျုပ်ရဲ့အိမ် ဖြစ်လာလိမ့်မယ်။+
အမှောင်ထဲမှာပဲ အိပ်ရာခင်းရတော့မယ်။+
၁၄ သင်္ချိုင်းတွင်းကို+ ‘အဖေ၊’
လောက်ကောင်တွေကို ‘အမေ၊ နှမလေး’ လို့ ကျုပ်ခေါ်မယ်။
၁၅ ကျုပ်မျှော်လင့်ချက်တွေ ဘယ်မှာလဲ။+
ကျုပ်မျှော်လင့်ချက်ကို ဘယ်သူမြင်နိုင်မှာလဲ။
၁၆ ကျုပ်တို့အားလုံး မြေမှုန့်ထဲ ဆင်းသက်တဲ့အခါ+
မျှော်လင့်ချက်ကလည်း သင်္ချိုင်းတံခါးအထိ ဆင်းရလိမ့်မယ်။”