ယောဘ ၁၈:၁-၂၁
၁၈ ရှုအာအမျိုးသား ဗိလဒဒ်+ ပြန်ပြောတာက–
၂ “ခင်ဗျားပြောလို့ မပြီးနိုင်သေးဘူးလား။
နားလည်မှုလေး ရှိစမ်းပါ။ ကျုပ်တို့လည်း ပြောဦးမှာပေါ့။
၃ ကျုပ်တို့ကို တိရစ္ဆာန်တွေလို့ ဘာကြောင့် ထင်နေရတာလဲ။+
ငတုံးတွေ* လို့ ဘာကြောင့် သဘောထားရတာလဲ။
၄ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဒေါသတကြီးနဲ့ အပိုင်းပိုင်း ဆွဲဖဲ့နေရင်တောင်ခင်ဗျားအတွက်နဲ့ ကမ္ဘာကြီးဟာ လူသူဆိတ်သုဉ်းသွားမတဲ့လား။
ကျောက်ဆောင် နေရာရွေ့သွားမတဲ့လား။
၅ လူဆိုးရဲ့အလင်း ငြိမ်းသွားလိမ့်မယ်။
သူ့မီးလျှံကလည်း တောက်ပမှာ မဟုတ်ဘူး။+
၆ သူ့တဲထဲက အလင်းဟာ အမှောင်ကျသွားလိမ့်မယ်။
သူ့မီးခွက်လည်း ငြိမ်းသွားလိမ့်မယ်။
၇ သူက အားမာန်အပြည့်နဲ့ ခြေလှမ်းကျဲကျဲ လှမ်းနိုင်တော့မှာ မဟုတ်ဘူး။
သူ့အကြံအစည်နဲ့သူ လဲကျသွားလိမ့်မယ်။+
၈ သူ့ခြေထောက်ဟာ ပိုက်ကွန်ထဲ တိုးဝင်လိမ့်မယ်။
ညွှတ်ကွင်းထဲ သူငြိနေလိမ့်မယ်။
၉ သူ့ဖနောင့် ထောင်ချောက်မိသွားမယ်။
ကျော့ကွင်းထဲ သူမိနေမယ်။+
၁၀ သူ့ကိုထောင်ဖမ်းမယ့် ကြိုးကွင်းကို မြေပေါ်မှာ ဝှက်ထားလိမ့်မယ်။
သူသွားမယ့်လမ်းမှာ ထောင်ချောက် ဆင်ထားလိမ့်မယ်။
၁၁ ကြောက်လန့်စရာတွေ သူ့ကို အဘက်ဘက်ကနေ ခြောက်လှန့်ပြီး+
တကောက်ကောက် လိုက်နေလိမ့်မယ်။
၁၂ ခွန်အားတွေ ဆုတ်ယုတ်လာပြီး
ဘေးဒုက္ခတွေကြောင့်+ ဒယိမ်းဒယိုင် ဖြစ်နေလိမ့်မယ်။
၁၃ သူ့အသားတွေ တစ်တိတိ စားကုန်လိမ့်မယ်။
ရောဂါဆိုးက ခြေလက်တွေကို ဝါးမျိုပစ်လိမ့်မယ်။
၁၄ လုံခြုံတဲ့ သူ့တဲထဲကနေ ဆွဲထုတ်ပြီး+
ဘေးဒဏ်တို့ရဲ့မင်းဆီ ခေါ်သွားကြလိမ့်မယ်။
၁၅ သူ့တဲထဲမှာ သူစိမ်းတွေ နေလိမ့်မယ်။
သူ့အိမ်ကို ကန့်တွေ ကြဲချလိမ့်မယ်။+
၁၆ သူ့အမြစ်တွေ ခြောက်သွေ့သွားမယ်။
သူ့အကိုင်းအခက်တွေ ညှိုးနွမ်းသွားမယ်။
၁၇ ကမ္ဘာပေါ်မှာ သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေ ကျန်ရစ်တော့မှာ မဟုတ်ဘူး။
လမ်းပေါ်မှာလည်း သူ့နာမည်ကိုသိတဲ့သူ ရှိမှာမဟုတ်ဘူး။
၁၈ အလင်းထဲကနေ အမှောင်ထဲကို မောင်းထုတ်ခံရမယ်။
ကမ္ဘာပေါ်ကနေ နှင်ထုတ်ခံရမယ်။
၁၉ သူ့အမျိုးထဲမှာ သားသမီးတွေ၊ သားစဉ်မြေးဆက်တွေ ရှိမှာမဟုတ်ဘူး။
သူနေထိုင်တဲ့နေရာမှာလည်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။
၂၀ သူပျက်စီးတဲ့နေ့မှာ အနောက်အရပ်ကလူတွေ ချောက်ချားသွားမယ်။
အရှေ့အရပ်ကလူတွေလည်း တုန်လှုပ်သွားမယ်။
၂၁ အမှားလုပ်သူနေထိုင်တဲ့ တဲတွေ၊ဘုရားသခင်ကို မသိတဲ့သူရဲ့ နေရာဟာ အဲဒီလိုပဲ ဖြစ်သွားမယ်။”
အောက်ခြေမှတ်ချက်များ
^ “မသန့်ရှင်းသူ” လည်းဖြစ်နိုင်။