ယောဘ ၂၁:၁-၃၄

  • ယောဘ ပြန်ပြော (၁-၃၄)

    • ‘လူဆိုးတွေ ဘာလို့ကောင်းစား’ (၇-၁၃)

    • “နှစ်သိမ့်ပေးသူတွေ” မှားကြောင်း ယောဘဖော်ထုတ် (၂၇-၃၄)

၂၁  ယောဘ ပြန်ပြောတာက– ၂  “ကျုပ်ပြောတာကို အသေအချာ နားထောင်ကြပါ။ ဒါဆို နှစ်သိမ့်ပေးရာ ရောက်လိမ့်မယ်။  ၃  ကျုပ်ပြောနေတုန်း သည်းခံပေးကြပါ။ ပြီးမှ လှောင်ချင်လည်း လှောင်ကြပေါ့။+  ၄  ကျုပ်က လူကို ညည်းပြနေတာမှ မဟုတ်တာ။ အဲဒီလိုသာဆိုရင်တော့ ကျုပ် စိတ်ရှည်နိုင်မှာ မဟုတ်ဘူး။  ၅  ကျုပ်ကို တအံ့တသြ စိုက်ကြည့်ပြီးပါးစပ်ကို လက်နဲ့ ပိတ်ထားကြပါ။  ၆  ကြုံခဲ့ရတာတွေကို ပြန်တွေးမိတိုင်း ထိတ်လန့်လွန်းလို့ ကျုပ် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတယ်။  ၇  လူဆိုးတွေ ဘာလို့ အသက်ရှည်နေကြတာလဲ။+ ဘာလို့ အသက်ကြီးတဲ့အထိ နေရပြီး ချမ်းသာနေကြတာလဲ။+  ၈  သူတို့မျက်စိအောက်မှာပဲ သားသမီးတွေ ကြီးပြင်းလာတယ်။ သားစဉ်မြေးဆက်တွေကိုလည်း မြင်ရတယ်။  ၉  သူတို့အိုးအိမ်တွေ အေးချမ်းလုံခြုံပြီး ဘာကြောက်စရာမှ မရှိဘူး။+ ဘုရားသခင်ကလည်း သူတို့ကို ကြိမ်ဒဏ်မပေးဘူး။ ၁၀  သူတို့ရဲ့ နွားထီးတွေ မျိုးပွားကြတယ်။ နွားမတွေလည်း ဇီးမလျှောဘဲ သားပေါက်ကြတယ်။ ၁၁  ကလေးတွေက သိုးအုပ်လို အပြင်မှာ ပြေးလွှားနေကြတယ်။ သားသမီးတွေ ခုန်ပေါက်နေကြတယ်။ ၁၂  ချူတပ်ဗုံနဲ့ စောင်းတွေ တီးပြီး သီချင်းဆိုကြတယ်။ ပလွေသံကို နားဆင်ကြတယ်။+ ၁၃  ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှင်ပြီးနောက် သင်္ချိုင်းကို အေးအေးသက်သာ ရောက်သွားကြတယ်။ ၁၄  ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင်ကို ‘နေပါစေ၊ဘုရားရဲ့လမ်းစဉ်တွေအကြောင်း မသိချင်ပါဘူး။+ ၁၅  အနန္တတန်ခိုးရှင်ဆိုတာ ဘယ်သူမို့လို့ ဝတ်ပြုရမှာလဲ။+ ဘုရားနဲ့သိကျွမ်းလို့ရော ဘာအကျိုးရမှာမို့လို့လဲ’ လို့ပြောကြတယ်။+ ၁၆  ဒါပေမဲ့ သူတို့စည်းစိမ်ကို သူတို့  မထိန်းထားနိုင်မှန်း ကျုပ်သိတယ်။+ လူဆိုးတွေရဲ့အတွေးမျိုး ကျုပ်မှာ လုံးဝမရှိဘူး။+ ၁၇  လူဆိုးတွေရဲ့မီးခွက် ဘယ်နှစ်ခါများ ငြိမ်းဖူးလို့လဲ။+ ဘေးဒုက္ခတွေကို ဘယ်နှစ်ခါများ ကြုံဖူးလို့လဲ။ ဘုရားသခင်က သူတို့ကို  ဘယ်နှစ်ခါများ ဒေါသနဲ့ ဖျက်ဆီးဖူးလို့လဲ။ ၁၈  သူတို့ဟာ လေနှင်ရာလွင့်တဲ့ ကောက်ရိုးလို၊လေပြင်းနှင်ရာ လွင့်သွားတဲ့ စပါးခွံလို ဖြစ်ဖူးလို့လား။ ၁၉  ဘုရားသခင်က လူတစ်ယောက်ရဲ့ အပြစ်အတွက် သူ့သားကို ဒဏ်ခတ်မှာပါ။ ဒါပေမဲ့ အသိတရားရစေဖို့ သူ့ကိုလည်း ပြန်ဆပ်ပေးပါစေ။+ ၂၀  သူက သူ့ရဲ့ပျက်စီးခြင်းကို ကိုယ်တိုင်မြင်ရပါစေ။ အနန္တတန်ခိုးရှင်ရဲ့ အမျက်ကို သောက်သုံးရပါစေ။+ ၂၁  သူနေရမယ့်လတွေ ကုန်ဆုံးသွားပြီး+သူသေဆုံးပြီးနောက် သားမြေးတွေအတွက် စိုးရိမ်ပူပန်နိုင်ပါဦးမလား။ ၂၂  ကြီးမြတ်သူတွေကို တရားစီရင်တဲ့အခါ+ဘုရားသခင်ကို အသိပညာပေးနိုင်သူ ရှိသလား။+ ၂၃  လူတစ်ယောက်က အပူအပင်ကင်းပြီး စိတ်အေးလက်အေး ဖြစ်နေတုန်း၊+သန်စွမ်းနေတုန်း၊+ ၂၄  ပေါင်တွေ တုတ်ခိုင်ပြီးအရိုးတွေ သန်မာနေတုန်းမှာပဲ သေဆုံးရတယ်။ ၂၅  နောက်တစ်ယောက်ကျတော့ ကောင်းတာတွေကို တစ်ခါမှ မမြည်းစမ်းလိုက်ရဘဲအကြီးအကျယ် သောကရောက်ပြီး သေဆုံးရတယ်။ ၂၆  ဒါပေမဲ့ နှစ်ယောက်စလုံး မြေမှုန့်ထဲမှာ လဲလျောင်းရလိမ့်မယ်။+ တစ်ကိုယ်လုံး လောက်တွေ တွယ်နေလိမ့်မယ်။+ ၂၇  ခင်ဗျားတို့ ဘာတွေတွေးနေမှန်း၊ကျုပ်ကို ဒုက္ခပေးဖို့ ဘာတွေကြံစည်နေမှန်း ကျုပ် သိတာပေါ့။+ ၂၈  ‘အရေးပါ အရာရောက်သူရဲ့အိမ်က ဘယ်မှာရှိတော့လို့လဲ။ လူဆိုးနေခဲ့တဲ့တဲကရော ဘယ်မှာရှိတော့လို့လဲ’ ဆိုပြီး ခင်ဗျားတို့ ပြောကြတယ်။+ ၂၉  ခရီးသည်တွေကို မမေးဖူးဘူးလား။ သူတို့ရဲ့တွေ့ရှိချက်တွေကို အသေအချာ မလေ့လာဖူးဘူးလား။ ၃၀  လူယုတ်မာဟာ ဘေးဒုက္ခကျရောက်တဲ့နေ့မှာ လွတ်မြောက်သွားတယ်တဲ့။ ဒုက္ခရောက်တဲ့နေ့မှာ ကယ်တင်ခံရတယ်တဲ့။ ၃၁  နည်းလမ်းတော်ကို အပြစ်တင်မယ့်သူ၊သူလုပ်ခဲ့တာတွေအတွက် ပြန်ဆပ်ပေးမယ့်သူ ရှိလို့လား။ ၃၂  သူ့ကို သင်္ချိုင်းဆီ ပို့ဆောင်ပေးပြီးအုတ်ဂူကိုလည်း စောင့်ကြပ်ပေးကြတယ်။ ၃၃  မြေစိုင်မြေခဲတွေဟာ သူ့အတွက် ချိုမြိန်နေလိမ့်မယ်။+ အရင်သွားနှင့်တဲ့ မရေတွက်နိုင်တဲ့သူတွေလိုလူအားလုံးလည်း သူ့နောက် လိုက်သွားရမှာပဲ။+ ၃၄  ဒီတော့ ကျုပ်ကို ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားနဲ့ နှစ်သိမ့်နေတာလဲ။+ ခင်ဗျားတို့စကားတွေဟာ အလိမ်အညာတွေချည်းပဲ။”

အောက်ခြေမှတ်ချက်များ