ယောဘ ၂၂:၁-၃၀

  • ဧလိဖတ်ရဲ့ တတိယပြောဆိုချက် (၁-၃၀)

    • ‘လူဟာ ဘုရားကို အကျိုးပြုလို့လား’ (၂၊ ၃)

    • လောဘကြီးသူ၊ မတရားတဲ့သူလို့ ယောဘကိုစွပ်စွဲ ()

    • ‘ဘုရားဆီ ပြန်လှည့်လာပါ၊ ပြန်ထူထောင်ပေးလိမ့်မယ်’ (၂၃)

၂၂  တေမန်အမျိုးသား ဧလိဖတ်+ ပြန်ပြောတာက–  ၂  “လူက ဘုရားသခင်အတွက် အသုံးဝင်လို့လား။ ထိုးထွင်းဉာဏ်ရှိသူကရော ဘုရားကို အကျိုးပြုလို့လား။+  ၃  ခင်ဗျားဖြောင့်မတ်တာကို အနန္တတန်ခိုးရှင် အရေးစိုက်ပါ့မလား။ သမာဓိလမ်းစဉ်အတိုင်း ခင်ဗျားလိုက်လျှောက်လို့ကော ဘုရားက ဘာအကျိုးရလို့လဲ။+  ၄  ခင်ဗျားသာ တကယ်ကြည်ညိုတယ်ဆိုရင်ဘုရားက ဒဏ်ပေးပြီး တရားစီရင်ပါ့မလား။  ၅  ကမ်းကုန်အောင် ဆိုးညစ်လို့၊အမှားတွေ များလွန်းလို့ အခုလိုခံနေရတာ မဟုတ်လား။+  ၆  ခင်ဗျားက ညီအစ်ကိုတွေရဲ့ အပေါင်ပစ္စည်းကို မတရားသိမ်းတယ်။ မရှိဆင်းရဲသားတွေရဲ့ အဝတ်ကိုတောင် ချွတ်ယူတယ်။+  ၇  မောပန်းနေသူကို ရေမတိုက်ဘူး။ ဆာလောင်နေသူကို စားစရာမပေးဘူး။+  ၈  ခင်ဗျားလို သြဇာအာဏာရှိသူတွေကတော့ မြေယာတွေ ပိုင်ဆိုင်တယ်။+ အခွင့်ထူးခံတွေ အဲဒီမှာ နေထိုင်တယ်။  ၉  ခင်ဗျားက မုဆိုးမတွေကို လက်ဗလာနဲ့ နှင်လွှတ်တယ်။ မိဘမဲ့ကလေးတွေရဲ့ လက်ရုံးကို ချိုးပစ်တယ်။ ၁၀  ဒါကြောင့် ပတ်လည်မှာ ထောင်ချောက်တွေ ဝိုင်းနေတာ။+ ကြောက်စရာတွေ ရုတ်တရက်ပေါ်လာပြီး ခင်ဗျားကို ခြောက်လှန့်နေတာ။ ၁၁  ဘာကိုမှ မမြင်နိုင်လောက်အောင် မှောင်မိုက်နေတာ။ ခင်ဗျားကို ရေတွေ လွှမ်းမိုးနေတာ။ ၁၂  ဘုရားသခင်က အမြင့်ဆုံးကောင်းကင်မှာ ရှိတယ်မဟုတ်လား။ ကြယ်တွေ ဟိုးအမြင့်မှာရှိနေတာကို ကြည့်လိုက်စမ်းပါ။ ၁၃  ဒါတောင် ခင်ဗျားက ‘ဘုရားသခင် ဘာသိမှာတုံး။ အမှောင်ထုကြီးကို ထိုးဖောက်ပြီး တရားစီရင်နိုင်လို့လား။ ၁၄  တိမ်တိုက်ကြီး ကာဆီးထားလို့ ဘုရား မမြင်ဘူး။ ဘုရားက ကောင်းကင်အမိုးခုံးပေါ်မှာပဲ သွားလာနေတာ’ လို့ ပြောသေးတယ်။ ၁၅  လူဆိုးတွေ လျှောက်ခဲ့တဲ့လမ်းဟောင်းကို ခင်ဗျားလိုက်မလို့လား။ ၁၆  သူတို့ဟာ အချိန်မတန်ခင် ဖယ်ရှားခံလိုက်ရတာ။ သူတို့ရဲ့အုတ်မြစ် ရေထုကြီးနဲ့ မျောပါသွားတာ။+ ၁၇  စစ်မှန်တဲ့ဘုရားသခင်ကို ‘လာမနှောင့်ယှက်ပါနဲ့၊’‘အနန္တတန်ခိုးရှင်က ကျုပ်တို့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုပြီး သူတို့ပြောကြတယ်။ ၁၈  ဒါပေမဲ့ ဘုရားကပဲ သူတို့အိမ်ကို ကောင်းတဲ့အရာတွေ ဖြည့်ပေးတယ်။ (အဲဒီလို ဆိုးညစ်တဲ့အတွေးမျိုး ကျုပ် လုံးဝမတွေးဘူး။) ၁၉  သူတို့ပျက်စီးတာကို မြင်ပြီး ဖြောင့်မတ်သူတွေ ဝမ်းမြောက်လိမ့်မယ်။ အပြစ်ကင်းသူတွေက လှောင်ပြောင်ပြီး၊ ၂၀  ‘ငါတို့ရန်ဘက်တွေ ဖျက်ဆီးခံရပြီ။ ကျန်တာတွေကိုလည်း မီးလောင်ကုန်မှာ’ လို့ ပြောလိမ့်မယ်။ ၂၁  ဘုရားကို သိကျွမ်းအောင် လုပ်ပါ။ ဒါဆို ဘုရားနဲ့ သင့်မြတ်နေလိမ့်မယ်။ ခင်ဗျားဆီ ကောင်းတဲ့အရာတွေ ရောက်လာလိမ့်မယ်။ ၂၂  နှုတ်တော်ထွက်ပညတ်တွေကို လက်ခံပါ။ မိန့်မှာချက်တွေကို နှလုံးသွင်းပါ။+ ၂၃  အနန္တတန်ခိုးရှင်ဆီ ပြန်လှည့်လာပါ။ ခင်ဗျားကို ပြန်ထူထောင်ပေးလိမ့်မယ်။+ မဖြောင့်မတ်မှုတွေကို ကိုယ့်တဲကနေ ဖယ်ရှားမယ်ဆိုရင်၊ ၂၄  ရွှေတုံးကို မြေပေါ် လွင့်ပစ်ပြီး သြဖိရရွှေကို+ ကျောက်ပေါတဲ့ လျှိုမြောင်ထဲ ပစ်ချမယ်ဆိုရင်၊ ၂၅  အနန္တတန်ခိုးရှင်ဟာ ခင်ဗျားရဲ့ရွှေတုံး၊ခင်ဗျားရဲ့ငွေစင် ဖြစ်လာမယ်။ ၂၆  အဲဒီအခါ အနန္တတန်ခိုးရှင်ကြောင့် ခင်ဗျား ကြည်နူးရလိမ့်မယ်။ ဘုရားသခင်ကို မော်ဖူးနိုင်လိမ့်မယ်။ ၂၇  ခင်ဗျား အသနားခံတဲ့အခါ ဘုရားနားထောင်မယ်။ သစ္စာကတိပြုထားတဲ့အတိုင်း ခင်ဗျား လုပ်ဆောင်နိုင်မယ်။ ၂၈  ကြံတိုင်းအောင်လိမ့်မယ်။ ခင်ဗျားသွားမယ့်လမ်းမှာ အလင်းထွန်းလင်းနေမယ်။ ၂၉  မောက်မောက်မာမာ ပြောဆိုရင် အရှက်ခွဲခံရလိမ့်မယ်။ နှိမ့်ချသူကိုတော့ ဘုရား ကယ်တင်မယ်။ ၃၀  အပြစ်မဲ့သူကို ဘုရား ကယ်မှာဖြစ်လို့ခင်ဗျားသာ အပြစ်ကင်းမယ်ဆိုရင် ကျိန်းသေ ကယ်တင်ခံရမှာပါ။”

အောက်ခြေမှတ်ချက်များ