ယောဘ ၂၆:၁-၁၄

  • ယောဘ ပြန်ပြော (၁-၁၄)

    • “ခွန်အားမရှိသူကို အခုလို ကူညီကြတယ်ပေါ့” (၁-၄)

    • ‘ဘုရားက ကမ္ဘာမြေကို ဘာနဲ့မှမချိတ်ဆွဲဘဲ ဆိုင်းထားတယ်’ ()

    • “ဘုရားရဲ့လုပ်ဆောင်မှုတွေထဲမှာ အရိပ်အမြွက်ပဲ ရှိသေးတယ်” (၁၄)

၂၆  ယောဘ ပြန်ပြောတာက– ၂  “ခင်ဗျားတို့က ခွန်အားမရှိသူကို အခုလို ကူညီကြတယ်ပေါ့။ အားမရှိတဲ့လက်ကို အခုလို အားပေးကြတယ်ပေါ့။+  ၃  ဉာဏ်ပညာမရှိသူကို ခင်ဗျားတို့ပေးတဲ့ အကြံဉာဏ်က ကောင်းလိုက်တာ။+ လက်တွေ့ကျ ဉာဏ်ပညာရှိမှန်း ပြနေကြတာပေါ့။  ၄  ခင်ဗျားတို့ ဘယ်သူ့ကို ပြောနေတာလဲ။ ဒီလိုပြောဖို့ ဘယ်သူ သင်ပေးတာလဲ။  ၅  အစွမ်းမရှိတော့တဲ့ လူသေတွေ တုန်လှုပ်နေတယ်။ ပင်လယ်နဲ့ ပင်လယ်သတ္တဝါတွေထက်တောင် နိမ့်ကျသွားတယ်။  ၆  ဘုရားသခင်ရှေ့မှာ သင်္ချိုင်းကိုတောင် ဖုံးကွယ်ထားလို့ မရဘူး။+ ဖျက်ဆီးခြင်းအရပ်ကလည်း အဖုံးအကာ မရှိဘူး။  ၇  ဘုရားက မြောက်ဘက်မိုးကောင်းကင်ကို လဟာပြင်ဘက် ပြန့်ကားစေတယ်။+ ကမ္ဘာမြေကို ဘာနဲ့မှမချိတ်ဆွဲဘဲ ဆိုင်းထားတယ်။  ၈  ရေရဲ့အလေးချိန်ကြောင့် တိမ်တွေ ပေါက်ထွက်မသွားအောင်တိမ်စိုင်တွေထဲ ရေကို ပတ်ရစ်သိမ်းဆည်းတယ်။+  ၉  ရာဇပလ္လင်ကို မမြင်နိုင်အောင်တိမ်တိုက်တွေ ဖြန့်ပြီး ကွယ်ထားတယ်။+ ၁၀  ရေမျက်နှာပြင်ပေါ်မှာ မိုးကုပ်စက်ဝိုင်းကို သတ်မှတ်တယ်။+ အလင်းနဲ့အမှောင်ကို ပိုင်းခြားတယ်။ ၁၁  မိုးကောင်းကင်ရဲ့တိုင်တွေ လှုပ်ခါတယ်။ ဘုရား ဆုံးမလိုက်တဲ့အခါ မှင်တက်သွားတယ်။ ၁၂  ပင်လယ်ကို တန်ခိုးတော်နဲ့ မွှေနှောက်တယ်။+ ပင်လယ်သတ္တဝါကြီးကို ဉာဏ်ပညာနဲ့ အပိုင်းပိုင်းဖြတ်တယ်။+ ၁၃  ကောင်းကင်ကို ရှူထုတ်လိုက်တဲ့လေနဲ့ သန့်စင်စေတယ်။ လျှောခနဲပြေးတဲ့ မြွေကို လက်တော်နဲ့ အဆုံးစီရင်တယ်။ ၁၄  ဒါတွေဟာ ဘုရားရဲ့ လုပ်ဆောင်မှုတွေထဲမှာ အရိပ်အမြွက်ပဲ ရှိသေးတယ်။+ ဘုရားရဲ့အသံကို သဲ့သဲ့လေးကြားရရုံပဲ ရှိသေးတယ်။ ဒီတော့ ဘုရားဖြစ်ပေါ်စေတဲ့ မိုးခြိမ်းသံအကြောင်းကို ဘယ်သူနားလည်နိုင်မှာလဲ။”+

အောက်ခြေမှတ်ချက်များ