ယောဘ ၂၇:၁-၂၃
၂၇ ယောဘ ဆက်ပြောတာက–
၂ “ကျုပ်ကို တရားသဖြင့် မစီရင်တဲ့ဘုရား၊ အသက်ရှင်နေတဲ့ဘုရားကို တိုင်တည်ပြီး ပြောမယ်။+
ကျုပ်ကို စိတ်နာကြည်းစေတဲ့ဘုရား၊ အသက်ရှင်နေတဲ့ အနန္တတန်ခိုးရှင်ကို တိုင်တည်ပြီး ပြောမယ်။+
၃ ကျုပ် အသက်ရှူနေသရွေ့၊နှာခေါင်းထဲမှာ ဘုရားပေး အသက်စွမ်းအား ရှိနေသရွေ့၊+
၄ ကျုပ်ရဲ့နှုတ်ကနေ မဖြောင့်မတ်တဲ့စကား မထွက်စေရဘူး။
ကျုပ်ရဲ့လျှာက လှည့်စားတဲ့စကားကို မပြောဘူး။
၅ ခင်ဗျားတို့ကို ဖြောင့်မတ်တယ်လို့ ပြောဖို့ဆိုတာ ဝေလာဝေးပဲ။
သေတဲ့အထိ ကျုပ်ရဲ့သမာဓိကို မစွန့်ဘူး။+
၆ ဖြောင့်မတ်ခြင်းတရားကို ကိုယ်နဲ့မကွာ ထိန်းသိမ်းထားမယ်။+
ကျုပ်အသက်ရှင်နေသရွေ့ ကိုယ့်စိတ်က ကိုယ့်ကိုအပြစ်မတင်ဘူး။
၇ ရန်သူက လူဆိုးလို၊ကျုပ်ကိုတိုက်ခိုက်တဲ့သူက မဖြောင့်မတ်သူလို ဖြစ်သွားပါစေ။
၈ ဘုရားတရားမဲ့သူ ဖျက်ဆီးခံရတဲ့အခါ၊သူ့အသက်ကို ဘုရားသခင် နုတ်ယူလိုက်တဲ့အခါ သူ့မှာ ဘာမျှော်လင့်ချက် ရှိဦးမှာလဲ။+
၉ ဒုက္ခရောက်တဲ့အခါ
သူအော်ဟစ်တာကို ဘုရား နားထောင်ပါ့မလား။+
၁၀ အနန္တတန်ခိုးရှင်ကြောင့် သူ ကြည်နူးနိုင်ပါ့မလား။
ဘုရားသခင်ကို တစ်ချိန်လုံး ဆုတောင်းနေပါ့မလား။
၁၁ ဘုရားသခင်ရဲ့ တန်ခိုးတော်* အကြောင်း ကျုပ်သင်ပေးမယ်။
အနန္တတန်ခိုးရှင်အကြောင်း မထိမ်ဝှက်ဘဲ ပြောပြမယ်။
၁၂ ခင်ဗျားတို့သာ စိတ်အာရုံတွေ မြင်ရတယ်ဆိုရင်ခင်ဗျားတို့ရဲ့စကားတွေ ဘာလို့ အဓိပ္ပာယ်မရှိ ဖြစ်နေရတာလဲ။
၁၃ ဘုရားဆီကနေ လူဆိုးတွေရတဲ့ ဝေစု၊+အနန္တတန်ခိုးရှင်ဆီကနေ အာဏာရှင်တွေရတဲ့ အမွေကတော့–
၁၄ သူ့သားတွေ များလာခဲ့ရင် ဓားစာဖြစ်သွားမယ်။+
သူ့သားစဉ်မြေးဆက်တွေလည်း ဝဝလင်လင် စားရမှာမဟုတ်ဘူး။
၁၅ အသက်ရှင်ကျန်ရစ်သူတွေက ကပ်ရောဂါကြောင့် သေလိမ့်မယ်။
ကျန်ရစ်သူမုဆိုးမတွေက သူတို့အတွက် ငိုမှာမဟုတ်ဘူး။
၁၆ လူဆိုးက ငွေကို မြေမှုန့်လို ပုံထားရင်တောင်၊ဝတ်ကောင်းစားလှတွေ များလွန်းလို့ ရွှံ့လို ပုံနေရင်တောင်၊
၁၇ သူသိမ်းထားတဲ့ အဲဒီအဝတ်တွေကို
ဖြောင့်မတ်သူက ဝတ်ဆင်လိမ့်မယ်။+
သူ့ငွေတွေကို အပြစ်ကင်းသူက ခွဲဝေယူလိမ့်မယ်။
၁၈ သူဆောက်တဲ့အိမ်က ပိုးအိမ်လို၊ကင်းသမားဆောက်တဲ့ ကင်းတဲလို+ ပျက်စီးလွယ်လိမ့်မယ်။
၁၉ သူက လူချမ်းသာအဖြစ်နဲ့ အိပ်ရာဝင်ပေမဲ့ ဘာကိုမှ စုဆောင်းမိမှာ မဟုတ်ဘူး။
မျက်လုံးပွင့်လာတဲ့အခါ ဘာမှရှိတော့မှာ မဟုတ်ဘူး။
၂၀ ကြောက်စရာတွေက သူ့ကို ရေလို လွှမ်းမိုးလိမ့်မယ်။
ညဘက်မှာ လေပြင်းမုန်တိုင်းက ဆွဲခေါ်သွားလိမ့်မယ်။+
၂၁ အရှေ့လေနဲ့ လွင့်ပါသွားတဲ့အတွက် သူရှိတော့မှာ မဟုတ်ဘူး။
လေက သူ့ကို နေရာကနေ တိုက်ချပစ်လိမ့်မယ်။+
၂၂ လေအရှိန်ကနေ လွတ်အောင် အသည်းအသန် ထွက်ပြေးပေမယ့်+သူ့ကို မသနားဘဲ တိုက်ချပစ်လိမ့်မယ်။+
၂၃ လူတွေ လက်ခုပ်လက်ဝါးတီးပြီးသရော်တဲ့အနေနဲ့ လေချွန်ကြလိမ့်မယ်။+
အောက်ခြေမှတ်ချက်များ
^ “လက်တော်” လည်းဖြစ်နိုင်။