ယောဘ ၂၈:၁-၂၈

  • မြေထဲကဘဏ္ဍာတွေနဲ့ ဉာဏ်ပညာရဲ့ ကွာခြားမှုကို ယောဘဖော်ပြ (၁-၂၈)

    • လူတွေရဲ့ သတ္တုတူးဖော်မှု (၁-၁၁)

    • ဉာဏ်ပညာဟာ ပုလဲထက် အဖိုးတန် (၁၈)

    • ယေဟောဝါကို ကြောက်ရွံ့တာဟာ စစ်မှန်တဲ့ ဉာဏ်ပညာပဲ (၂၈)

၂၈  “ငွေကို တူးဖော်တဲ့နေရာ ရှိတယ်။ သန့်စင်ဖို့လိုတဲ့ ရွှေကို တူးဖော်တဲ့နေရာလည်း ရှိတယ်။+  ၂  သံကို မြေကြီးထဲက ထုတ်ယူတယ်။ ကျောက်ထဲကနေ ကြေးနီထွက်တယ်။+  ၃  လူက အမှောင်ထုကို ခွင်းပြီးမှောင်မည်းနေတဲ့ နေရာမှာသတ္တုရိုင်းကို ထောင့်စေ့အောင် ရှာတယ်။  ၄  လူတွေမနေတဲ့နေရာ၊ လူတွေမရောက်တဲ့နေရာ၊လူသူမသိတဲ့နေရာမှာ သတ္တုတွင်းကို တူးတယ်။ လူတချို့က တွင်းထဲကို ကြိုးနဲ့လျှောဆင်းတယ်။ ကြိုးကို တွဲလဲခိုပြီး အလုပ်လုပ်တယ်။  ၅  မြေပေါ်မှာ စားစရာတွေ ပေါက်နေပေမဲ့မြေအောက်မှာတော့ မီးလောင်သလို ဗြောင်းဆန်နေတယ်။*  ၆  အဲဒီမှာ နီလာကျောက်တွေ ရှိတယ်။ မြေမှုန့်ထဲမှာ ရွှေတွေရှိတယ်။  ၇  အဲဒီလမ်းကို ဘယ်သားရဲငှက်မှ မသိဘူး။ စွန်နက်လည်း မမြင်ဘူး။  ၈  ကြမ်းကြုတ်တဲ့ သားရဲတွေ မနင်းဖူးဘူး။ ခြင်္သေ့ပျိုလည်း မသွားဖူးဘူး။  ၉  လူက မီးခတ်ကျောက်ဆောင်ကို လက်နဲ့ ဖောက်ထွင်းတယ်။ တောင်တွေကို အရင်းကနေ မှောက်လှန်ပစ်တယ်။ ၁၀  ကျောက်ဆောင်ထဲက ရေမြောင်းတွေကို ပိတ်လိုက်တယ်။+ တန်ဖိုးရှိရာမှန်သမျှကို မတွေ့တွေ့အောင် ရှာတယ်။ ၁၁  ရေစိမ့်ထွက်တဲ့နေရာတွေကို ပိတ်ဆို့ပြီး တိမ်မြုပ်နေတဲ့အရာတွေကို အလင်းထဲ ဖော်ထုတ်တယ်။ ၁၂  ဒါပေမဲ့ ဉာဏ်ပညာကို ဘယ်မှာတွေ့နိုင်မလဲ။+ သိနားလည်မှုရဲ့ ဇာစ်မြစ်က ဘယ်မှာလဲ။+ ၁၃  ဉာဏ်ပညာရဲ့တန်ဖိုးကို ဘယ်သူမှ မသိဘူး။+ သက်ရှိလောကမှာ ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး။ ၁၄  ‘ငါ့ဆီမှာ မရှိဘူး’ လို့ နက်ရှိုင်းတဲ့ရေထုက ပြောတယ်။ ‘ငါနဲ့အတူ မရှိဘူး’ လို့ ပင်လယ်ကလည်း ပြောတယ်။+ ၁၅  ဉာဏ်ပညာကို ရွှေစင်နဲ့ ဝယ်လို့မရနိုင်ဘူး။ ငွေနဲ့ချိန်ပြီး လဲယူလို့ မရနိုင်ဘူး။+ ၁၆  သြဖိရရွှေ၊+ ရှားပါးတဲ့မဟူရာကျောက်၊နီလာကျောက်တွေ ပေးပြီး ဝယ်လို့မရနိုင်ဘူး။ ၁၇  ရွှေတွေ၊ ဖန်တွေ မယှဉ်နိုင်ဘူး။ ရွှေစင်ဖလားနဲ့လဲလို့ မရနိုင်ဘူး။+ ၁၈  သန္တာကျောက်နဲ့ သလင်းကျောက်ဆိုရင်တော့ ဝေးပါလေရော။+ ဉာဏ်ပညာပြည့်နေတဲ့ အိတ်ဟာ ပုလဲပြည့်နေတဲ့ အိတ်ထက် တန်ဖိုးကြီးတယ်။ ၁၉  ကုရှပြည်* ထွက် ဥဿဖရားက မယှဉ်နိုင်ဘူး။+ ရွှေစင်နဲ့တောင် ဝယ်လို့မရနိုင်ဘူး။ ၂၀  ဒါဆိုရင် ဉာဏ်ပညာက ဘယ်ကနေ လာသလဲ။ သိနားလည်မှုရဲ့ ဇာစ်မြစ်က ဘယ်မှာလဲ။+ ၂၁  သက်ရှိတွေ မမြင်နိုင်ဘူး။+ မိုးကောင်းကင်ငှက်တွေ မတွေ့နိုင်ဘူး။ ၂၂  ဖျက်ဆီးခြင်းနဲ့ သေခြင်းက ‘သူ့သတင်းကို ကြားဖူးရုံလေးပါပဲ’ လို့ ပြောကြတယ်။ ၂၃  ဘုရားသခင်ပဲ ဉာဏ်ပညာ ရှာတွေ့နိုင်မယ့်လမ်းကို နားလည်တယ်။ ဉာဏ်ပညာရဲ့ တည်နေရာကို သိတယ်။+ ၂၄  ဘုရားက မြေတစ်ခွင်လုံးကို ကြည့်နေတယ်။ ကောင်းကင်အောက်မှာ ရှိသမျှကို မြင်တယ်။+ ၂၅  လေကို အစွမ်းခွန်အား ပေးပြီး+ရေကို သူ့အတိုင်းအတာနဲ့သူ ပိုင်းခြားပေးတဲ့အခါ၊+ ၂၆  မိုးရေအတွက် စည်းမျဉ်းသတ်မှတ်ပြီး+မိုးကြိုးမုန်တိုင်းအတွက် လမ်းခင်းပေးတဲ့အခါ+ ၂၇  ဘုရားက ဉာဏ်ပညာကို တွေ့မြင်ပြီး အဲဒီအကြောင်းကို ရှင်းပြတယ်။ ဉာဏ်ပညာကို ဖြစ်ပေါ်စေပြီး စမ်းသပ်တယ်။ ၂၈  အဲဒီနောက် ‘ယေဟောဝါကို ကြောက်ရွံ့တာဟာ ဉာဏ်ပညာပဲ။+ မကောင်းမှုကို ရှောင်တာဟာ သိနားလည်မှုပဲ’+ လို့ လူကို ပြောတယ်။”

အောက်ခြေမှတ်ချက်များ

သတ္တုတူးဖော်တာကို ရည်ညွှန်း။
ဒါမှမဟုတ်၊ “အီသီယိုးပီးယား။”