ယောဘ ၂၉:၁-၂၅

  • စမ်းသပ်မှုမတိုင်ခင်က ပျော်စရာနေ့တွေကို ယောဘတမ်းတ (၁-၂၅)

    • မြို့တံခါးမှာ လေးစားခံရ (၇-၁၀)

    • တရားမျှတတဲ့လမ်းစဉ် (၁၁-၁၇)

    • သူ့အကြံဉာဏ်ကို လူတိုင်း လက်ခံ (၂၁-၂၃)

၂၉  ယောဘ ဆက်ပြောတာက–  ၂  “ကုန်လွန်သွားတဲ့ လတွေ၊ဘုရားသခင် ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ နေ့တွေကို ပြန်လိုချင်လိုက်တာ။  ၃  အဲဒီအချိန်တုန်းက ဘုရားက ကျုပ်ရဲ့ခေါင်းပေါ်မှာ မီးခွက် ထွန်းပေးတဲ့အတွက်မှောင်မိုက်ထဲမှာ အလင်းနဲ့ လျှောက်ခဲ့ရတယ်။+  ၄  အဲဒီတုန်းက ကျုပ်ဟာ အရွယ်ကောင်းလေးပါ။ ကျုပ်တဲမှာ ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ခွင့်ရခဲ့တယ်။+  ၅  ကျုပ်နဲ့အတူ အနန္တတန်ခိုးရှင် ရှိခဲ့တယ်။ သားသမီးတွေလည်း ခြံရံနေတယ်။  ၆  ကျုပ်ခြေချတဲ့နေရာမှာ ထောပတ်တွေ လျှံကျနေပြီးကျောက်ဆောင်တွေက ဆီတွေ စီးဆင်းပေးခဲ့တယ်။+  ၇  မြို့တံခါးကို သွားပြီး+လူထုရင်ပြင်မှာ ထိုင်ခဲ့တယ်။+  ၈  လူငယ်တွေက ကျုပ်ကိုတွေ့တာနဲ့ လမ်းဖယ်ပေးကြတယ်။ အသက်ကြီးသူတွေတောင် ထရပ်ကြတယ်။+  ၉  ခေါင်းဆောင်တွေဆို စကားဆက်မပြောတော့ဘဲပါးစပ်ကို လက်နဲ့ပိတ်ထားကြတယ်။ ၁၀  အရေးပါအရာရောက်သူတွေလည်း နှုတ်ဆိတ်နေကြတယ်။ သူတို့လျှာဟာ အာခေါင်မှာ ကပ်နေတယ်။ ၁၁  ကျုပ်အကြောင်းကို ကြားသူတိုင်း အကောင်းပြောကြတယ်။ ကျုပ်ကို မြင်သူတိုင်းလည်း ကျုပ်ဘက်ကနေ ထောက်ခံကြတယ်။ ၁၂  အော်ဟစ်အကူအညီတောင်းနေတဲ့ ဆင်းရဲသားတွေ၊+ဖတဆိုးတွေ၊ ခိုကိုးရာမဲ့နေသူတွေကို ကျုပ်ကယ်ခဲ့တယ်။+ ၁၃  ဒုက္ခနွံထဲ နစ်နေသူက ကျုပ်ကို ကောင်းချီးပေးတယ်။+ မုဆိုးမတွေကို ကျုပ်ရွှင်လန်းစေခဲ့တယ်။+ ၁၄  ကျုပ်က ဖြောင့်မတ်ခြင်းကို ဝတ်ဆင်တယ်။ တရားမျှတခြင်းဟာ ကျုပ်ရဲ့ဝတ်ရုံလို၊ ခေါင်းပေါင်းလိုပါပဲ။ ၁၅  ကျုပ်ဟာ မျက်မမြင်အတွက် မျက်စိ၊ခြေမသန်သူအတွက် ခြေထောက် ဖြစ်ခဲ့တယ်။ ၁၆  ဆင်းရဲသားတွေအတွက် ဖခင်သဖွယ် ဖြစ်ခဲ့တယ်။+ သူစိမ်းတွေရဲ့ အမှုအခင်းတွေကိုလည်း စုံစမ်းစစ်ဆေးပေးခဲ့တယ်။+ ၁၇  အမှားကျူးလွန်သူရဲ့ မေးရိုးကို ရိုက်ချိုးပြီး+သူဝါးမျိုနေတဲ့ သားကောင်ကို ဆွဲထုတ်ပေးခဲ့တယ်။ ၁၈  ‘ကျုပ်ဟာ ကိုယ့်အသိုက်အမြုံမှာပဲ သေဆုံးရလိမ့်မယ်။+ ကျုပ်ရဲ့နေ့ရက်တွေ သဲပွင့်တွေလို များပြားလိမ့်မယ်။ ၁၉  ကျုပ်ရဲ့အမြစ်တွေ ရေထဲမှာ ဖြာထွက်ပြီးသစ်ကိုင်းတွေလည်း တစ်ညလုံး နှင်းတွေ စိုနေလိမ့်မယ်။ ၂၀  ကျုပ်ရဲ့ဂုဏ်ကျက်သရေ ဘယ်တော့မှ မညှိုးနွမ်းဘူး။ လက်ထဲက လေးဟာ တရစပ် ပစ်ခတ်နေရလိမ့်မယ်’ လို့ ကျုပ်ပြောခဲ့ဖူးတယ်။ ၂၁  ကျုပ်ပြောမယ့်စကားကို လူတွေ မျှော်လင့်ကြတယ်။ ကျုပ်ရဲ့အကြံဉာဏ်ကို တိတ်တိတ်နေပြီး စောင့်မျှော်ကြတယ်။+ ၂၂  ကျုပ်ပြောပြီးတဲ့နောက် သူတို့ ဘာမှထပ်မပြောတော့ဘူး။ ကျုပ်ရဲ့စကားတွေ သူတို့နားထဲ ညင်ညင်သာသာ ရောက်သွားတယ်။ ၂၃  မိုးကိုမျှော်သလို ကျုပ်ကို မျှော်ကြတယ်။ နွေဦးမိုးကို သောက်သုံးသလို ကျုပ်ရဲ့စကားတွေကို သောက်သုံးကြတယ်။+ ၂၄  ကျုပ်ပြုံးပြတဲ့အခါ မယုံနိုင်အောင် ဖြစ်ကုန်တယ်။ ကျုပ်ရဲ့မျက်နှာအလင်းက သူတို့ကို စိတ်အေးစေတယ်။* ၂၅  ကျုပ်က ခေါင်းဆောင်အနေနဲ့ သူတို့ကို လမ်းညွှန်ပေးခဲ့တယ်။ စစ်သည်တွေ ခြံရံထားတဲ့ ဘုရင်လို၊+ငိုကြွေးသူတွေကို နှစ်သိမ့်ပေးတဲ့သူလို ဖြစ်ခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

“ကျုပ်မျက်နှာညှိုးအောင် မလုပ်ကြဘူး” လည်းဖြစ်နိုင်။