ယောဘ ၃၁:၁-၄၀

  • သမာ​ဓိ​ရှိ​ကြောင်း ယောဘ​ချေ​ပ (၁-၄၀)

    • “ကိုယ့်​မျက်​စိ​နဲ့ ကတိ​သစ္စာ​ပြု​ထား​ပြီးပြီ” ()

    • ချိန်​တွယ်​ကြည့်​ပါ​လို့ ဘု​ရား​ကို တောင်း​ဆို ()

    • အိမ်​ထောင်​ရေး​ဖောက်​ပြန်​သူ မဟုတ် (၉-၁၂)

    • ငွေ​မက်​သူ မဟုတ် (၂၄၊ ၂၅)

    • ရုပ်​တု​ကိုးကွယ်​သူ မဟုတ် (၂၆-၂၈)

၃၁  “ကျုပ်​က တ​ခြား​မိန်း​မကို တပ်မက်​တဲ့​စိတ်​နဲ့ မကြည့်​ဘူး​လို့+ ကိုယ့်​မျက်​စိ​နဲ့ ကတိ​သစ္စာ​ပြု​ထား​ပြီး​ပြီ။+  ၂  အဲဒီ​လို​သာ​ကြည့်​ခဲ့​ရင် ကောင်း​ကင်​မှာ​ရှိ​တဲ့ ဘုရား​သခင်​ဆီ​က​နေ ဝေ​စု​ရ​ပါ​ဦး​မလား။ အမြင့်​မှာ​ရှိ​တဲ့ အနန္တ​တန်ခိုး​ရှင်​ဆီ​က​နေ အမွေ​ရ​ပါ​ဦး​မလား။  ၃  အမှား​ကျူး​လွန်​သူ​ကို ဘေး​ဒုက္ခတွေ စောင့်​ကြို​နေ​တယ် မဟုတ်​လား။ ဒုက္ခ​ရောက်​စေ​သူ​က ဘေး​ဆိုး​တွေ ကြုံ​ရ​တယ် မဟုတ်​လား။+  ၄  ဘုရား​က ကျုပ်​ရဲ့​လမ်း​စဉ်တွေ​ကို မြင်​တယ် မဟုတ်​လား။+ ခြေ​လှမ်း​တိုင်း​ကို ရေ​တွက်​နေ​တယ် မဟုတ်​လား။  ၅  မမှန်​တဲ့​လမ်း​စဉ်​မှာ ကျုပ်​လျှောက်​ဖူး​လို့​လား။ လှည့်​စား​ဖို့ အပြေး​အလွှား သွား​ဖူး​လို့​လား။+  ၆  ဘုရား​သခင်​က ကျုပ်​ကို မှန်​တဲ့​ချိန်​ခွင်​ထဲ​မှာ ချိန်​တွယ်​ကြည့်​ပါ​စေ။+ အဲ​ဒါ​ဆို​ရင် ကျုပ်​ရဲ့​သမာ​ဓိ​ကို သိ​လာ​ပါ​လိမ့်​မယ်။+  ၇  ကျုပ်​ခြေ​လှမ်း​တွေ​က လမ်း​မှန်​ က​နေ လွဲ​သွား​ခဲ့​ရင်၊+ စိတ်​နှလုံး​က မျက်​စိ​ရဲ့​အလို​ဆန္ဒ​နောက်​ကို လိုက်​ပါ​သွား​ခဲ့​ရင်၊+ လက်​တွေ စွန်း​ထင်း​သွား​ခဲ့​ရင်၊  ၈  ကျုပ် မျိုး​ကြဲ​တာ​ကို သူ​များ စား​သွား​ပါ​စေ။+ ကျုပ်​စိုက်​တဲ့​အပင်​ဟာ အမြစ်​ပါ​မကျန် နုတ်​ပစ်​ခံ​ရ​ပါ​စေ။  ၉  မိန်း​မတစ်​ယောက်​ရဲ့ သွေး​ဆောင်​မှု​နောက် စိတ်​ပါ​သွား​ပြီး+ အိမ်​နီး​ချင်း​ရဲ့​တံခါး​ဝ​မှာ ချောင်း​မြောင်း​နေ​ခဲ့​မိ​ရင်၊+ ၁၀  ကျုပ်​ရဲ့​ဇနီး​က တ​ခြား​ယောက်ျား​အတွက် ကောက်​နှံ​ကြိတ်​ပေး​ရ​ပါ​စေ။ သူ့​ကို တ​ခြား​ယောက်ျားတွေ စော်​ကား​ပါ​စေ။+ ၁၁  ဘာ​ကြောင့်​လဲ​ဆို​တော့ ဒါ​ဟာ အရှက်​မရှိ​တဲ့​လုပ်​ရပ်၊တရား​သူကြီး​တွေ​ပေး​တဲ့ ပြစ်​ဒဏ်ကို ခံ​ထိုက်​တဲ့​လုပ်​ရပ်​ဖြစ်​လို့​ပဲ။+ ၁၂  ကျုပ်​ရဲ့​ပစ္စည်း​ဥစ္စာ​ရှိ​သမျှ​ကို အစ​အန​မကျန်​အောင် ဝါး​မျို​ဖျက်​ဆီး​ပစ်​မယ့် မီး​ပဲ။+ ၁၃  ကျွန်​တွေ​က ကျုပ်​ကို မကျေ​မနပ်​ဖြစ်​ပြီး လာ​ပြော​တဲ့​အခါ ကျုပ် တရား​သဖြင့် မစီရင်​ပေး​ခဲ့​ဘူး​ဆို​ရင်၊ ၁၄  ဘုရား​သခင်​နဲ့ ရင်ဆိုင်​ရ​တဲ့​အခါ ဘယ်​လို​လုပ်​မလဲ။ ဖြေရှင်း​ချက်​တောင်း​တဲ့​အခါ ဘယ်လို​ပြော​ရ​မလဲ။+ ၁၅  အမေ့​ဝမ်း​ထဲ​မှာ ကျုပ်​ကို​ဖန်​ဆင်း​တဲ့​အရှင်​ဟာ သူတို့​ကို​လည်း ဖန်ဆင်း​ခဲ့​တယ် မဟုတ်​လား။+ ကျုပ်​တို့​ကို မမွေး​ခင်​က​တည်း​က ပုံ​သွင်း​တာ​လည်း အဲဒီ​အရှင်​ပဲ မဟုတ်​လား။+ ၁၆  ကျုပ်​က ဆင်း​ရဲ​သား​ကို လို​ချင်​တာ​မပေး​ခဲ့​ရင်၊+ မု​ဆိုး​မကို မျက်​စိ​မျက်​နှာ ညှိုး​ငယ်​သွား​အောင် လုပ်​ခဲ့​ရင်၊+ ၁၇  ကိုယ်​စား​မယ့်​အစာ​ကို မိ​ဘ​မဲ့​တွေနဲ့ မဝေ​မျှ​ဘဲ တစ်​ယောက်​တည်း စား​ပစ်​ခဲ့​ရင်၊+ ၁၈  (ကျုပ်​ဟာ ငယ်​ငယ်​က​တည်း​က မိဘ​မဲ့​က​လေး​ကို ဖခင်​သဖွယ် ပြုစု​စောင့်​ရှောက်​ခဲ့​တယ်။ က​လေး​ဘဝ​က​တည်း​က မု​ဆိုး​မကို လမ်း​ပြပေး​ခဲ့​တယ်။) ၁၉  ဝတ်​စ​ရာ​မရှိ​လို့ အေး​ခဲ​ပြီး သေရ​တော့​မယ့်​သူ၊ခြုံ​စ​ရာ​မရှိ​တဲ့ ဆင်း​ရဲ​သား​ကို တွေ့​တဲ့​အခါ၊+ ၂၀  သိုး​မွေး​ထည်​နဲ့ နွေး​သွား​အောင် မလုပ်​ပေး​မိ​လို့ ကျုပ်​ကို သူ​ဆု​မွန်​ကောင်း မတောင်း​ပေး​ခဲ့​ရင်၊+ ၂၁  မြို့​တံခါး​နား​မှာ ကျုပ်​ရဲ့​အကူ​အညီ လို​နေ​တဲ့ မိ​ဘ​မဲ့​က​လေး​ကို+ ခြိမ်း​ခြောက်​တဲ့​အနေ​နဲ့ လက်​သီး​ဆုပ်​ပြခဲ့​ရင်၊+ ၂၂  ကျုပ်​လက်​မောင်း​ဟာ ပခုံး​က​နေ ပြုတ်​ထွက်​ပါ​စေ။ တံ​တောင်​ဆစ်​က​နေ​ကျိုး​ပါ​စေ။ ၂၃  ဘုရား​သခင်​ဆီ​က ဘေး​ဒုက္ခ​ကို ကျုပ်​ကြောက်​တယ်။ ဂုဏ်​အရှိန်​အဝါ​ကြောင့် ရှေ့​တော်​မှာ ကျုပ် မရပ်​တည်​နိုင်​ဘူး။ ၂၄  ရွှေ​ကို ကျုပ်​အား​ကိုး​ခဲ့​ရင်၊ရွှေ​စင်​ကို ‘အာ​မခံ​ချက်​ပဲ’ လို့​ပြော​ခဲ့​ရင်၊+ ၂၅  စု​ဆောင်း​ထား​တဲ့ ပစ္စည်း​ဥစ္စာတွေ များ​လာ​ပြီး+ စည်း​စိမ်​ချမ်း​သာ​ကို သာ​ယာ​ ခဲ့​ရင်၊+ ၂၆  တောက်​ပတဲ့ နေ​မင်း​ကို​ဖြစ်​စေ၊ခံ့​ခံ့​ညား​ညား ရွေ့​လျား​နေ​တဲ့ လ​မင်း​ကို​ဖြစ်​စေ တွေ့​တဲ့​အခါ၊+ ၂၇  စိတ်​နှလုံး လမ်း​လွဲ​သွား​ပြီး အဲ​ဒါ​တွေ​ကို ဝတ်​ပြု​တဲ့​အနေ​နဲ့ ကိုယ့်​လက်​ကို နမ်း​ခဲ့​ရင်၊+ ၂၈  ကောင်း​ကင်​မှာ​ရှိ​တဲ့ စစ်​မှန်​တဲ့​ဘုရား​သခင်​ကို ငြင်း​ပယ်​ရာ​ရောက်​တယ်။ ဒါ​ဟာ တရား​သူကြီး​တွေ​ပေး​တဲ့ ပြစ်​ဒဏ်​ကို ခံ​ထိုက်​တဲ့​အမှား​ပဲ။ ၂၉  ရန်​သူ​ပျက်​စီး​တဲ့​အခါ ကျုပ်​ဝမ်း​သာ​ဖူး​လို့​လား။+ သူ​ဒုက္ခ​ရောက်​တဲ့​အခါ အား​ရ​ဖူး​လို့​လား။ ၃၀  သူ့​အသက်​ကို ရင်း​ပြီး သစ္စာ​ဆို​ခိုင်း​တဲ့ အပြစ်​မျိုး ကျုပ် တစ်​ခါ​မှ မလုပ်​ခဲ့​ဘူး။+ ၃၁  ‘သူ​ကျွေး​တဲ့​အခါ ဝ​ဝ​လင်​လင် မစား​ရ​တဲ့​သူ ရှိ​လို့​လား’ ဆို​ပြီး ကျုပ်​တဲ​မှာ​နေ​တဲ့ လူ​တွေ ပြော​ကြ​တယ်။+ ၃၂  ဘယ်​သူ​စိမ်း​မှ အပြင်​မှာ ည​မအိပ်​ခဲ့​ရ​ဘူး။+ ခ​ရီး​သွား​ဧည့်​သည်​တွေ​အတွက် တံခါး​ကို ဖွင့်​ထား​တယ်။ ၃၃  ကျုပ်​က တ​ခြား​လူ​တွေ​လို ကိုယ့်အပြစ်​ကို ဖုံး​ကွယ်​ဖူးသလား။+ ကိုယ့်​အမှား​ကို လူ​မမြင်​အောင်* ဝှက်​ထား​ဖူး​သလား။ ၃၄  အများ​တ​ကာ ဘယ်​လို​တုံ့​ပြန်​မလဲ​ဆို​ပြီး တွေး​ပူ​ခဲ့​ဖူး​လို့​လား။ တ​ခြား​မိသား​စု​တွေ အထင်​သေး​မှာ ကြောက်​လို့ နှုတ်​ဆိတ်​နေ​ပြီး အိမ်​တွင်း​ပုန်း​ခဲ့​ဖူးလို့​လား။ ၃၅  ကျုပ်​ပြော​တာ​ကို နား​ထောင်​ပေးမယ့်​သူ​ရှိ​ရင် သိပ်​ကောင်း​မှာပဲ။+ ပြော​ခဲ့​တာ​တွေ​အတွက် ကျုပ်​နာမည်​ကို လက်​မှတ်​ထိုး​ ပါ့မယ်။ အနန္တ​တန်ခိုး​ရှင် ပြန်​ဖြေပါ​စေ။+ စွပ်​စွဲ​သူ​က​လည်း စွဲ​ချက်​တွေ​ကို ရေး​မှတ်​ထား​ရင် သိပ်​ကောင်း​မှာ​ပဲ။ ၃၆  အဲဒီ​စွဲ​ချက်​တွေ​ကို ကျုပ်​ထမ်း​ထား​ပြီး ခေါင်း​ပေါ်​မှာ သရ​ဖူ​လို ဆောင်း​ထား​မယ်။ ၃၇  ကျုပ်​ရဲ့​ခြေ​လှမ်း​တိုင်း​အတွက် ဘုရား​ကို အစီရင်​ခံ​မယ်။ မင်း​ညီ​မင်း​သား​တစ်ပါး​လို ယုံကြည်​မှု​အပြည့်​နဲ့ ဘုရား​အနား  သွား​မယ်။ ၃၈  မြေက ကျုပ်​ကို အပြစ်​တင်​အော်​ဟစ်​ပြီး ထယ်​ကြောင်း​တွေ​က ငို​ကြွေး​ခဲ့​ရင်၊ ၃၉  မြေထွက်​သီး​နှံ​တွေ​ကို ငွေ​မပေး​ဘဲ စား​သုံး​ခဲ့​ရင်၊+ မြေပိုင်​ရှင်​တွေ​ကို စိတ်​ဆင်း​ရဲ​အောင်​လုပ်​ခဲ့​ရင်၊+ ၄၀  ဂျုံ​ပင်​အစား ဆူး​ပင်၊မု​ယော​ပင်​အစား နံ​စော်​တဲ့​ပေါင်း​ပင်​တွေ ပေါက်​ပါ​စေ။” ယောဘ​ရဲ့​စကား ပြီး​ဆုံး​ပြီ။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “အင်္ကျီ​ရင်​ဖုံး​ထဲ​မှာ။”