ယောဘ ၃၃:၁-၃၃

  • ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ထင်တဲ့ ယောဘကို ဆုံးမ (၁-၃၃)

    • ရွေးဖိုး တွေ့ပြီ (၂၄)

    • လူငယ့်အားမာန် ပြန်ရ (၂၅)

၃၃  “ယောဘ၊ အခု ကျွန်တော်ပြောတာကို တစ်ဆိတ်လောက် နားထောင်ပါ။ ကျွန်တော်ပြောသမျှကို နားထောင်ပေးပါ။  ၂  ကျွန်တော် နှုတ်ဆိတ်မနေတော့ဘဲပြောတော့မယ်။  ၃  ရိုးဖြောင့်တဲ့စိတ်နဲ့ ပြောပါ့မယ်။+ သိထားသလောက် စိတ်ရင်းမှန်နဲ့ ပြောပါ့မယ်။  ၄  ဘုရားသခင်ရဲ့ စွမ်းအားတော်က ကျွန်တော့်ကို ဖန်ဆင်းတယ်။+ အနန္တတန်ခိုးရှင်ရဲ့ ထွက်သက်ဝင်သက်က အသက်ရှင်စေတယ်။+  ၅  ခင်ဗျား ပြောနိုင်ရင် ပြန်ပြောပါ။ ကျွန်တော့်ကို ချေပဖို့ အသင့်ပြင်ထားပါ။  ၆  ကျွန်တော်နဲ့ ခင်ဗျားဟာ စစ်မှန်တဲ့ဘုရားသခင်ရှေ့မှာ အတူတူပါပဲ။ ကျွန်တော့်ကိုလည်း ရွှံ့မြေနဲ့ပဲ ပုံသွင်းထားတာပါ။+  ၇  ဒါကြောင့် ကျွန်တော့်ကို ကြောက်စရာ မလိုပါဘူး။ ကျွန်တော့်စကားတွေက ခင်ဗျား စိတ်ထိခိုက်လောက်တဲ့အထိ မဖြစ်စေရပါဘူး။  ၈  ဒါပေမဲ့ ခင်ဗျားပြောခဲ့တဲ့ စကားတွေဟာ ကျွန်တော့်နားထဲကနေ အခုထိ မထွက်သေးဘူး။  ၉  ‘ကျုပ်ဟာ စင်ကြယ်တယ်၊ အပြစ်မရှိဘူး။+ သန့်ရှင်းပြီး အမှားကင်းတယ်။+ ၁၀  ဘုရားသခင်ကသာ ကျုပ်ကို အကြောင်းမရှိ အကြောင်းရှာပြီး တိုက်ခိုက်နေတာ။ ရန်သူလို သဘောထားနေတာ။+ ၁၁  ကျုပ်ခြေကို ထိတ်တုံးခတ်ပြီး ကျုပ်သွားတဲ့လမ်းတွေကို စစ်ဆေးနေတာ’+ လို့ ခင်ဗျားပြောခဲ့တယ်။ ၁၂  အဲဒီလိုပြောတာ မမှန်ဘူး။ ဒါကြောင့် ကျွန်တော်ပြောမယ်– ဘုရားသခင်ဟာ သေမျိုးဖြစ်တဲ့လူထက် အဆပေါင်းများစွာ ပိုကြီးမြတ်ပါတယ်။+ ၁၃  ခင်ဗျားက ဘုရားကို ဘာလို့ မကျေမနပ်ဖြစ်နေရတာလဲ။+ ခင်ဗျားပြောသမျှကို ပြန်မဖြေလို့လား။+ ၁၄  ဘုရားသခင်က တစ်ကြိမ် ပြောတယ်။ နှစ်ကြိမ် ထပ်ပြောတယ်။ ဒါပေမဲ့ ဘယ်သူမှ အရေးမစိုက်ဘူး။ ၁၅  လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်၊အိပ်ရာပေါ် အိပ်မောကျနေတဲ့ ညအချိန်မှာအိပ်မက်တွေ၊ စိတ်အာရုံတွေကတစ်ဆင့် ပြောတယ်။+ ၁၆  လူတွေရဲ့နားကို ဖွင့်ပေးတယ်။+ ညွှန်ကြားချက်ကို စိတ်ထဲ စွဲမှတ်စေတယ်။ ၁၇  အဲဒီလိုလုပ်တာဟာ လူတွေ အမှားမလုပ်မိအောင်၊+ မာနကြီးမလာအောင် ကာကွယ်ပေးဖို့ပဲ။+ ၁၈  ဘုရားသခင်က လူကို သင်္ချိုင်းတွင်းထဲ မရောက်စေဘဲ၊+ ဓားဘေးနဲ့မသေစေဘဲ အသက်ချမ်းသာပေးတယ်။ ၁၉  အိပ်ရာပေါ်မှာ နာကျင်တဲ့ ဝေဒနာနဲ့၊အရိုးတွေ တဆစ်ဆစ် ကိုက်ခဲတဲ့ဝေဒနာနဲ့ ဆုံးမတယ်။ ၂၀  ဒါကြောင့် လူဟာ စားစရာကို ရွံလာတယ်။ စားကောင်းသောက်ဖွယ်တွေကိုတောင် မစားချင်တော့ဘူး။+ ၂၁  အသားတွေ ကြုံလှီသွားပြီး အရိုးတွေ ပြိုင်းပြိုင်းထလာတယ်။ ၂၂  သူ့အသက်ဟာ သင်္ချိုင်းတွင်းနဲ့ နီးလာပြီ။ အသက်အန္တရာယ်ပေးမယ့်သူတွေလက်ထဲ ရောက်လုပြီ။ ၂၃  လူကို ဖြောင့်မှန်မှုအကြောင်း ပြောပြဖို့စေတမန်* တစ်ယောက်သာ ရှိရင်၊လူတစ်ထောင်မှာ ရှေ့နေလိုက်ပေးမယ့်သူ တစ်ယောက်သာရှိရင်၊ ၂၄  ဘုရားသခင်က လူကိုမျက်နှာသာပေးပြီး‘သူ့ကို လွှတ်ပေးလိုက်ပါ။ သင်္ချိုင်းတွင်းထဲ မဆင်းစေနဲ့။+ ရွေးဖိုးကို ငါတွေ့ပြီ။+ ၂၅  သူက လူငယ်ဘဝတုန်းကထက် အသားအရေ စိုပြည်လာပါစေ။+ လူငယ့်အားမာန်နဲ့ပြည့်တဲ့ နေ့ရက်တွေကို ပြန်ရပါစေ’ လို့ပြောတယ်။+ ၂၆  သူအသနားခံတဲ့အခါ+ ဘုရားသခင် လက်ခံလိမ့်မယ်။ ရွှင်လန်းစွာ ဟစ်ကြွေးရင်း မျက်နှာတော်ကို ဖူးမြင်ခွင့်ရလိမ့်မယ်။ ဘုရားက သေမျိုးဖြစ်တဲ့လူကို ရှေ့တော်မှာ ဖြောင့်မတ်တဲ့ အနေအထား ပြန်ရစေမယ်။ ၂၇  အဲဒီလူက ‘ကျုပ် အပြစ်လုပ်ခဲ့တယ်။+ မှန်တဲ့အရာကို တလွဲဖြစ်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ် မခံခဲ့ရဘူး။* ၂၈  ဘုရားက ကျုပ်အသက်ကို သင်္ချိုင်းတွင်းထဲကနေ ရွေးနုတ်ခဲ့တယ်။+ ဒါကြောင့် အလင်းကို ကျုပ် မြင်နေရတာ’ လို့ တခြားသူတွေကို ပြောလိမ့်မယ်။ ၂၉  ဘုရားက ဒါတွေကိုလူတစ်ယောက်အတွက် နှစ်ကြိမ်မက သုံးကြိမ်တောင် လုပ်ဆောင်တယ်။ ၃၀  အဲဒီလိုလုပ်တာက သူ့ကို သင်္ချိုင်းတွင်းထဲကနေ ပြန်ခေါ်လာပြီး အသက်ရောင်ခြည် ထွန်းလင်းပေးဖို့ပဲ။+ ၃၁  ယောဘ၊ တိတ်တိတ်နေပြီး ကျွန်တော်ပြောတာကို အာရုံစိုက်နားထောင်ပါ။ ကျွန်တော် ဆက်ပြောပါ့မယ်။ ၃၂  ပြောစရာရှိရင်တော့ ပြန်ပြောပါ။ ခင်ဗျားမှန်တယ်ဆိုတာ ကျွန်တော် သက်သေပြချင်ပါတယ်။ ဒါကြောင့် ပြောသာပြောပါ။ ၃၃  ဘာမှပြောစရာမရှိရင်တော့ တိတ်တိတ်နေပြီး နားထောင်ပေးပါ။ ဉာဏ်ပညာအကြောင်း ကျွန်တော် သင်ပေးမယ်။”

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကောင်းကင်တမန်။”
“ကျုပ်ကို ဘာမှကောင်းကျိုးမပြုဘူး” လည်းဖြစ်နိုင်။