ယောဘ ၃၅:၁-၁၆

  • ယောဘရဲ့အတွေး မှားတယ်လို့ ဧလိဟုထောက်ပြ (၁-၁၆)

    • ဘုရားထက် ပိုဖြောင့်မတ်တယ်လို့ ယောဘပြော ()

    • ဘုရားဟာ မြင့်မြတ်လွန်းလို့ လူတွေရဲ့အပြစ်ကြောင့် ဘာမှမထိခိုက် (၅၊ ၆)

    • ဘုရားကို ယောဘ စောင့်ဆိုင်းသင့် (၁၄)

၃၅  ဧလိဟု ဆက်ပြောတာက–  ၂  “ခင်ဗျားက ‘ဘုရားသခင်ထက် ကျုပ် ပိုဖြောင့်မတ်တယ်’ လို့ ပြောရလောက်တဲ့အထိကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယုံကြည်နေသလား။+  ၃  ‘ကျုပ်ဖြောင့်မတ်နေလို့ကော ဘုရားက ဘာအကျိုးရလို့လဲ။ အပြစ်မလုပ်ဘဲနေရင်ကော ကျုပ် ပိုကောင်းစားမှာမို့လို့လား’+ ဆိုပြီး ခင်ဗျားပြောခဲ့တယ်။  ၄  ခင်ဗျားနဲ့ ခင်ဗျားမိတ်ဆွေတွေကို+ကျွန်တော် ပြောမယ်။  ၅  အထက်မှာရှိနေတဲ့ ကောင်းကင်နဲ့ မိုးတိမ်တွေကိုမော့ကြည့်ပြီး လေ့လာပါ။+  ၆  ခင်ဗျား အပြစ်လုပ်လို့ကော ဘုရားကို ဘာထိခိုက်မှာမို့လို့လဲ။+ ပြစ်မှားမှုတွေ များလာရင်ကော ဘုရားကို ဘာလုပ်နိုင်မှာမို့လို့လဲ။+  ၇  ခင်ဗျား ဖြောင့်မတ်နေလို့ကော ဘုရားကို ဘာအကျိုးပြုလို့လဲ။ ခင်ဗျားဆီကနေ ဘုရား ဘာများရလို့လဲ။+  ၈  ခင်ဗျားရဲ့ဆိုးညစ်မှုက ခင်ဗျားလိုလူသားကိုပဲ ထိခိုက်နိုင်တယ်။ ခင်ဗျားရဲ့  ဖြောင့်မတ်မှုကလည်း လူသားကိုပဲ  အကျိုးပြုနိုင်တယ်။  ၉  လူတွေဟာ အကြီးအကျယ် ဖိနှိပ်ခံရတဲ့အခါ အော်ဟစ်ကြတယ်။ သြဇာအာဏာရှိသူရဲ့ ကြီးစိုးမှုကနေ လွတ်မြောက်ဖို့ အော်ဟစ်ကြတယ်။+ ၁၀  ဒါပေမဲ့ ‘ညအချိန်မှာ ချီးမွမ်းသီချင်း သီဆိုခွင့်ပေးတဲ့+မဟာဖန်ဆင်းရှင် ဘုရားသခင် ဘယ်မှာလဲ’+ ဆိုပြီး တစ်ယောက်မှ မမေးကြဘူး။ ၁၁  ဘုရားက မြေသားရဲတွေထက်+ ကျွန်တော်တို့ကို ပိုသင်ပေးတယ်။+ မိုးကောင်းကင်ငှက်တွေထက် ပိုပြီးဉာဏ်ပညာရှိစေတယ်။ ၁၂  လူဆိုးတွေ အော်ဟစ်အကူအညီတောင်းပေမဲ့သူတို့ရဲ့မာနကြောင့်+ ဘုရား နားမထောင်ဘူး။+ ၁၃  အဓိပ္ပာယ်မဲ့ အော်ဟစ်နေတာကို ဘုရား လုံးဝမကြားဘူး။+ အနန္တတန်ခိုးရှင်က လုံးဝ အာရုံမစိုက်ဘူး။ ၁၄  ဘုရားကို မမြင်ရဘူးဆိုပြီး ခင်ဗျားညည်းနေတာမျိုးဆိုရင်တော့ ဘုရားက ပိုလို့တောင် မကြားဘူး။+ ခင်ဗျားရဲ့အမှုက ရှေ့တော်မှာရောက်နေလို့ စိုးရိမ်တကြီး စောင့်နေလိုက်ပါ။+ ၁၅  ဒါပေမဲ့ ဘုရားက ခင်ဗျားကို ဒေါသထွက်ပြီး ဖြေရှင်းချက် မတောင်းပါဘူး။ မဆင်မခြင်ပြောလိုက်တဲ့ စကားတွေကို ဗွေမယူပါဘူး။+ ၁၆  ယောဘက အဓိပ္ပာယ်မရှိ လျှောက်ပြောနေတာ။ ဘာမှမသိဘဲ အကြီးအကျယ် လျှောက်ပြောနေတာ။”+

အောက်ခြေမှတ်ချက်များ