ယောရှု ၁၂:၁-၂၄

  • ဂျော်ဒန်မြစ်အရှေ့ဘက် ဘုရင်တွေကို အနိုင်ရ (၁-၆)

  • ဂျော်ဒန်မြစ်အနောက်ဘက် ဘုရင်တွေကို အနိုင်ရ (၇-၂၄)

၁၂  အစ္စရေးတွေက ဂျော်ဒန်မြစ်အရှေ့ဘက် အာနုန်သဲချောင်းကနေ+ ဟေရမုန်တောင်အထိ၊+ အရှေ့ဘက် အရာဗာအရပ်တစ်ခုလုံးကို+ သိမ်းပိုက်ပြီး အဲဒီမှာရှိတဲ့ ဘုရင်တွေကို အနိုင်ရခဲ့တယ်။ ၂  ဟေရှဘုန်မြို့မှာ စိုးစံတဲ့ အာမောရိဘုရင် ရှိဟုန်ကို+ အနိုင်ရခဲ့တယ်။ သူ့နယ်မြေက အာနုန်သဲချောင်းကမ်းနားမှာရှိတဲ့ အာရော်မြို့၊+ အာနုန်သဲချောင်း+ အလယ်ပိုင်းကနေ အမ္မုန်လူမျိုးရဲ့ နယ်နိမိတ် ယာဗုတ်သဲချောင်းအထိ ကျယ်ပြန့်တယ်။ ဂိလဒ်ပြည်တစ်ဝက်အပါအဝင်၊ ၃  ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း ခိနေရက်အိုင်*+ ကနေ အရာဗာလို့ခေါ်တဲ့ ဆားငန်အိုင်နားက ဗက်ယေရှိမုတ်အရပ်အထိ၊ တောင်ဘက် ပိသဂါတောင်ခြေအထိ+ ကျယ်ပြန့်တယ်။ ၄  အစ္စရေးတွေက အာရှတရုတ်မြို့နဲ့ ဧဒြိမြို့မှာစိုးစံတဲ့ ဗာရှန်ဘုရင် ဩဂတ်ကိုလည်း+ အနိုင်ရတယ်။ ရေဖိမ်လူမျိုးရဲ့ နောက်ဆုံးဘုရင်+ ဩဂတ်က၊ ၅  ဟေရမုန်တောင်၊ သာလကမြို့၊ ဗာရှန်တစ်ပြည်လုံး၊+ ဂေရှုရိနဲ့မာခါသိတို့ရဲ့+ နယ်နိမိတ်အထိ၊ ဟေရှဘုန်ဘုရင် ရှိဟုန်ရဲ့ နယ်နိမိတ်အထိ ဂိလဒ်ပြည်တစ်ဝက်ကို အုပ်ချုပ်တယ်။+ ၆  ယေဟောဝါရဲ့ကျွန် မောရှေနဲ့ အစ္စရေးတွေက သူတို့ကို အနိုင်ရခဲ့တယ်။+ ယေဟောဝါရဲ့ကျွန် မောရှေက သူတို့ရဲ့နယ်မြေကို ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ မနာရှေအနွယ်တစ်ဝက်ကို အမွေပေးလိုက်တယ်။+ ၇  ယောရှုနဲ့ အစ္စရေးတွေက ဂျော်ဒန်မြစ်အနောက်ဘက်မှာရှိတဲ့ ဘုရင်တွေကို အနိုင်ရတယ်။ သူတို့ရဲ့နယ်မြေက လက်ဘနွန်ချိုင့်ဝှမ်းမှာရှိတဲ့+ ဗာလဂဒ်မြို့ကနေ+ စိရတောင်တန်းဘက်+ တက်သွားတဲ့ ဟာလက်တောင်အထိ+ ကျယ်ပြန့်တယ်။ ယောရှုက အဲဒီနယ်မြေကို အစ္စရေးအနွယ်အလိုက် ဝေစုတွေခွဲပြီး အမွေပေးလိုက်တယ်။+ ၈  အဲဒီနယ်မြေက ဟိတ္တိ၊ အာမောရိ၊+ ခါနန်၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတွေ+ နေထိုင်ခဲ့တဲ့ တောင်တန်းဒေသ၊ ရှဖိလာအရပ်၊ အရာဗာအရပ်၊ တောင်စောင်းတစ်လျှောက်၊ တောကန္တာရ၊ နေဂပ်အရပ်+ ဖြစ်တယ်။ ယောရှုနဲ့ အစ္စရေးတွေ အနိုင်ရခဲ့တဲ့ ဘုရင်တွေကတော့–  ၉  (၁) ယေရိခေါဘုရင်၊+ (၂) ဗေသလမြို့နားက အာအိဘုရင်၊+ ၁၀  (၃) ဂျေရုဆလင်ဘုရင်၊ (၄) ဟေဗြုန်ဘုရင်၊+ ၁၁  (၅) ယာမုတ်ဘုရင်၊ (၆) လာခိရှဘုရင်၊ ၁၂  (၇) ဧဂလုန်ဘုရင်၊ (၈) ဂေဇာဘုရင်၊+ ၁၃  (၉) ဒေဗိရဘုရင်၊+ (၁၀) ဂေဒါဘုရင်၊ ၁၄  (၁၁) ဟောမာဘုရင်၊ (၁၂) အာရဒ် ဘုရင်၊ ၁၅  (၁၃) လိဗနဘုရင်၊+ (၁၄) အဒုလံဘုရင်၊ ၁၆  (၁၅) မက်ကဒါဘုရင်၊+ (၁၆) ဗေသလဘုရင်၊+ ၁၇  (၁၇) တာပွာဘုရင်၊ (၁၈) ဟေဖာဘုရင်၊ ၁၈  (၁၉) အာဖက်ဘုရင်၊ (၂၀) လာရှရုန်ဘုရင်၊ ၁၉  (၂၁) မာဒုန်ဘုရင်၊ (၂၂) ဟာဇော်ဘုရင်၊+ ၂၀  (၂၃) ရှိမရုန်မေရုန်ဘုရင်၊ (၂၄) အာခရှပ်ဘုရင်၊ ၂၁  (၂၅) တာနက်ဘုရင်၊ (၂၆) မေဂိဒေါဘုရင်၊ ၂၂  (၂၇) ကေဒေရှဘုရင်၊ (၂၈) ကရမေလအရပ်က ယောကနမ်ဘုရင်၊+ ၂၃  (၂၉) ဒေါရတောင်စောင်းတွေပေါ်က ဒေါရဘုရင်၊+ (၃၀) ဂိလဂါလအရပ်က ဂေါအိမ်ဘုရင်၊ ၂၄  (၃၁) တိရဇာဘုရင်၊ စုစုပေါင်း ဘုရင် ၃၁ ပါးဖြစ်တယ်။

အောက်ခြေမှတ်ချက်များ

ဂင်နေသရက်အိုင် ဒါမှမဟုတ် ဂါလိလဲအိုင်။