ယောရှု ၁၃:၁-၃၃

  • သိမ်းယူရမယ့် နယ်မြေ (၁-၇)

  • ဂျော်ဒန်မြစ်အရှေ့ပိုင်း နယ်မြေခွဲဝေခြင်း (၈-၁၄)

  • ရုဗင်အနွယ် အမွေ (၁၅-၂၃)

  • ဂဒ်အနွယ် အမွေ (၂၄-၂၈)

  • အရှေ့ပိုင်းက မနာရှေအနွယ် အမွေ (၂၉-၃၂)

  • ယေဟောဝါဟာ လေဝိအနွယ်ရဲ့အမွေ (၃၃)

၁၃  ယောရှုဟာ အသက်ကြီးပြီး အိုမင်းလာပြီ။+ ဒါကြောင့် ယေဟောဝါက ယောရှုကို “မင်း အသက်ကြီးပြီး အိုမင်းနေပြီ။ သိမ်းပိုက်ရမယ့်နယ်မြေ အများကြီး ကျန်နေသေးတယ်။ ၂  ဖိလိတိလူမျိုးရဲ့ နယ်မြေတစ်ခုလုံးနဲ့ ဂေရှုရိလူမျိုးရဲ့+ နယ်မြေတစ်ခုလုံး ကျန်သေးတယ်။+ ၃  (အီဂျစ်ပြည်အရှေ့ဘက် နိုင်းမြစ်ရဲ့ မြစ်လက်တက်ကနေ မြောက်ဘက် ဧကြုန်မြို့နယ်စပ်အထိကို ခါနန်လူမျိုးရဲ့ နယ်မြေလို့ သတ်မှတ်ကြတယ်။)+ ဂါဇာ၊ အာဇုတ်၊+ အာရှကေလုန်၊+ ဂါသ၊+ ဧကြုန်မြို့တို့ကို+ အုပ်ချုပ်တဲ့ ဖိလိတိမင်း ငါးပါးရဲ့+ နယ်မြေ၊ အာဝိမ်လူမျိုးရဲ့+ နယ်မြေ၊ ၄  တောင်ဘက်မှာ ခါနန်လူမျိုးရဲ့ နယ်မြေတစ်ခုလုံး၊ ဆိုင်ဒုန် လူမျိုးပိုင်တဲ့+ မာရာမြို့၊ အာမောရိနယ်စပ်နားက အာဖက်မြို့အထိ၊ ၅  ဂေဗလမြို့သားတွေရဲ့ နယ်မြေ၊+ ဟေရမုန်တောင်ခြေရင်းမှာရှိတဲ့ ဗာလဂဒ်မြို့ကနေ ဟာမတ်လမ်းဝအထိ လက်ဘနွန်ပြည် အရှေ့ဘက်တစ်ခုလုံး၊+ ၆  လက်ဘနွန်ကနေ+ မိသရဖောသမိမ်အရပ်အထိ+ တောင်တန်းဒေသ တစ်လျှောက်မှာ နေထိုင်တဲ့ လူတွေရဲ့နယ်မြေ၊ ဆိုင်ဒုန်လူမျိုးရဲ့ နယ်မြေတွေလည်း+ ကျန်သေးတယ်။ အဲဒီလူမျိုးတွေကို အစ္စရေးတွေရှေ့ကနေ ငါမောင်းထုတ်မယ်။+ ငါမိန့်မှာထားတဲ့အတိုင်း ဒီပြည်ကို အစ္စရေးတွေအတွက် အမွေအဖြစ် မင်း ခွဲဝေပေးရမယ်။+ ၇  အခု၊ ဒီပြည်ကို ခွဲဝေပြီး အနွယ်ကိုးနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်ကို အမွေပေးလိုက်ပါ” လို့ပြောတယ်။+ ၈  ယေဟောဝါရဲ့ကျွန် မောရှေပေးခဲ့တဲ့အတိုင်း မနာရှေအနွယ်တစ်ဝက်၊ ရုဗင်အနွယ်၊ ဂဒ်အနွယ်တို့က ဂျော်ဒန်မြစ်အရှေ့ဘက်မှာ အမွေရခဲ့တယ်။ သူတို့ရတဲ့ အမွေမြေ ကတော့–+ ၉  အာနုန်သဲချောင်း ကမ်းနားမှာရှိတဲ့+ အာရော်မြို့ကနေ+ သဲချောင်းအလယ်မှာ ရှိတဲ့မြို့၊ ဒိဘုန်မြို့အထိ မေဒဘကုန်းပြင်မြင့် တစ်ခုလုံး၊ ၁၀  ဟေရှဘုန်မြို့မှာ နန်းထိုင်တဲ့ အာမောရိဘုရင် ရှိဟုန်ရဲ့ မြို့အားလုံးနဲ့ အမ္မုန်လူမျိုးရဲ့ နယ်စပ်အထိ ကျယ်ပြန့်တယ်။+ ၁၁  ဂိလဒ်ပြည်၊ ဂေရှုရိပြည်သားနဲ့ မာခါသိပြည်သားတွေရဲ့ နယ်မြေ၊+ ဟေရမုန်တောင် တစ်ကြောလုံး၊ သာလကမြို့အထိ+ ဗာရှန်တစ်ပြည်လုံး၊+ ၁၂  အာရှတရုတ်မြို့နဲ့ ဧဒြိမြို့မှာ နန်းထိုင်တဲ့ ဗာရှန်ဘုရင်ဩဂတ်ရဲ့ ပိုင်နက်တစ်ခုလုံးလည်း ပါဝင်တယ်။ (ဩဂတ်ဟာ ရေဖိမ်လူမျိုးရဲ့ နောက်ဆုံးဘုရင်ပဲ။)+ မောရှေက သူတို့ကို အနိုင်ရပြီး မောင်းထုတ်ခဲ့တယ်။+ ၁၃  ဂေရှုရိပြည်သားနဲ့ မာခါသိပြည်သားတွေကိုတော့ အစ္စရေးတွေ မောင်းမထုတ်ခဲ့ကြဘူး။+ ဒါကြောင့် ဂေရှုရိပြည်သားနဲ့ မာခါသိပြည်သားတွေက ဒီနေ့အထိ အစ္စရေးတွေနဲ့အတူ နေထိုင်ကြတယ်။ ၁၄  လေဝိအနွယ်ကိုတော့ မောရှေက အမွေမပေးဘူး။+ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ ပူဇော်သက္ကာတွေဟာ ကိုယ်တော် ကတိပေးထားတဲ့အတိုင်း+ သူတို့ရဲ့အမွေပဲ။+ ၁၅  အဲဒီနောက် မောရှေက ရုဗင်အနွယ်မှာရှိတဲ့ မိသားစုတိုင်းကို အမွေပေးခဲ့တယ်။ ၁၆  သူတို့ရဲ့နယ်မြေဟာ အာနုန်သဲချောင်း ကမ်းနားမှာရှိတဲ့ အာရော်မြို့ကနေ သဲချောင်းအလယ်မှာရှိတဲ့မြို့၊ မေဒဘမြို့နားက ကုန်းပြင်မြင့် တစ်ခုလုံး၊ ၁၇  ဟေရှဘုန်နဲ့ ကုန်းပြင်မြင့်ပေါ်က ပတ်ဝန်းကျင်မြို့ငယ်အားလုံး၊+ ဒိဘုန်၊ ဗာမုတ်ဗာလ၊ ဗက်ဗာလမုန်၊+ ၁၈  ယာဟတ်၊+ ကေဒမုတ်၊+ မေဖတ်၊+ ၁၉  ကိရယသိမ်၊ ရှိဗမ၊+ ချိုင့်ဝှမ်းအနီး တောင်ပေါ်မှာရှိတဲ့ ဇာရက်ရှာဟာ၊ ၂၀  ဗက်ပေဂုရ၊ ပိသဂါတောင်စောင်း၊+ ဗက်ယေရှိမုတ်အရပ်၊+ ၂၁  ကုန်းပြင်မြင့်ပေါ်က မြို့အားလုံး၊ ဟေရှဘုန်မြို့မှာ နန်းထိုင်တဲ့ အာမောရိဘုရင် ရှိဟုန်ရဲ့ ပိုင်နက်တစ်ခုလုံးအထိ ကျယ်ပြန့်တယ်။+ မောရှေက ရှိဟုန်ဘုရင်နဲ့ မိဒျန်ခေါင်းဆောင်တွေဖြစ်တဲ့ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို အနိုင်ရခဲ့တယ်။+ အဲဒီခေါင်းဆောင်ငါးယောက်ဟာ ရှိဟုန်ရဲ့ပိုင်နက်ထဲမှာ နေထိုင်တဲ့ လက်အောက်ခံဘုရင်တွေ ဖြစ်တယ်။ ၂၂  အစ္စရေးတွေ ဓားနဲ့ ကွပ်မျက်လိုက်တဲ့သူတွေထဲမှာ ဗောရရဲ့သား၊ နတ်ဆရာ+ ဗာလမ်လည်း+ ပါတယ်။ ၂၃  ရုဗင်အနွယ်ရဲ့ နယ်နိမိတ်ကတော့ ဂျော်ဒန်မြစ်ပဲ။ ဒီနယ်မြေတစ်ခုလုံးနဲ့ ကျေးရွာတွေကို ရုဗင်အနွယ်မှာရှိတဲ့ မိသားစုတွေ အမွေရခဲ့တယ်။ ၂၄  အဲဒီနောက် မောရှေက ဂဒ်အနွယ်မှာရှိတဲ့ မိသားစုတိုင်းကို အမွေပေးခဲ့တယ်။ ၂၅  သူတို့ရဲ့နယ်မြေဟာ ယာဇာမြို့၊+ ဂိလဒ်ပြည်က မြို့အားလုံး၊ ရဗာမြို့အရှေ့ဘက်က+ အာရော်မြို့အထိ ကျယ်ပြန့်တဲ့ အမ္မုန်ပြည်ရဲ့ တစ်ဝက်၊+ ၂၆  ဟေရှဘုန်မြို့ကနေ+ ရာမတ်မိဇပါမြို့နဲ့ ဗေတောနိမ်မြို့အထိ၊ မဟာနိမ်မြို့ကနေ+ ဒေဗိရမြို့ရဲ့ နယ်စပ်အထိ၊ ၂၇  ချိုင့်ဝှမ်းထဲမှာရှိတဲ့ ဗေသာရံ၊ ဗက်နိမရာ၊+ သုကုတ်၊+ ဇာဖုန်မြို့တွေနဲ့ ဟေရှဘုန်ဘုရင်ရှိဟုန်ရဲ့+ ကျန်တဲ့ပိုင်နက်အထိ ကျယ်ပြန့်တယ်။ သူတို့ရဲ့ နယ်နိမိတ်ထဲမှာ ခိနေရက်အိုင်ရဲ့*+ အောက်ဘက် အစွန်ပိုင်းကစပြီး ဂျော်ဒန်မြစ်အရှေ့ဘက် တစ်လျှောက်လုံး ပါတယ်။ ၂၈  ဒီနယ်မြေတစ်ခုလုံးနဲ့ မြို့ရွာတွေဟာ ဂဒ်အနွယ်မှာရှိတဲ့ မိသားစုတွေရတဲ့ အမွေမြေပဲ။ ၂၉  အဲဒီနောက် မောရှေက မနာရှေအနွယ်တစ်ဝက်ထဲက မိသားစုတိုင်းကို အမွေမြေ ပေးခဲ့တယ်။+ ၃၀  သူတို့ရဲ့ နယ်မြေဟာ မဟာနိမ်မြို့ကနေ+ ဗာရှန်တစ်ပြည်လုံး၊ ဗာရှန်ဘုရင်ဩဂတ်ရဲ့ ပိုင်နက်တစ်ခုလုံးအထိ ကျယ်ပြန့်ပြီး ဗာရှန်ပြည်မှာရှိတဲ့ ယာအိရမြို့ငယ်အားလုံးနဲ့+ မြို့ပေါင်း ၆၀ လည်း ပါတယ်။ ၃၁  ဂိလဒ်ပြည်တစ်ဝက်၊ ဗာရှန်ပြည်မှာရှိတဲ့ ဘုရင်ဩဂတ်ရဲ့ ပိုင်နက်ထဲက အာရှတရုတ်မြို့နဲ့ ဧဒြိမြို့ကို+ မနာရှေရဲ့သား မာခိရရဲ့ သားမြေးတစ်ဝက်ကို+ မိသားစုအလိုက် ခွဲဝေပေးလိုက်တယ်။ ၃၂  ဒါတွေကတော့ ယေရိခေါမြို့အရှေ့ဘက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း မောဘလွင်ပြင်မှာ သူတို့ကို မောရှေ ခွဲဝေပေးခဲ့တဲ့ အမွေမြေတွေပဲ။+ ၃၃  လေဝိအနွယ်ကိုတော့ မောရှေက အမွေမြေ မပေးဘူး။+ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဟာ သူတို့ကို ကတိပေးထားတဲ့အတိုင်း သူတို့ရဲ့အမွေပဲ။+

အောက်ခြေမှတ်ချက်များ

ဂင်နေသရက်အိုင် ဒါမှမဟုတ် ဂါလိလဲအိုင်။