ယောရှု ၁၆:၁-၁၀

  • ယောသပ်ရဲ့သားတို့ အမွေ (၁-၄)

  • ဧဖရိမ်အနွယ် အမွေ (၅-၁၀)

၁၆  ယောသပ်ရဲ့ သားမြေးတွေ+ မဲကျပြီး+ ရတဲ့နယ်မြေက ယေရိခေါမြို့အနီး ဂျော်ဒန်မြစ်ကနေ ယေရိခေါအရှေ့ဘက်မှာရှိတဲ့ စမ်းရေတွင်းအထိ၊ ယေရိခေါမြို့ကနေ တောကန္တာရကို ဖြတ်ပြီး ဗေသလတောင်တန်းဒေသအထိ၊+ ၂  လုဇမြို့နားက ဗေသလအရပ်ကနေ အာခိလူမျိုးရဲ့ နယ်နိမိတ်ဖြစ်တဲ့ အတရုတ်မြို့အထိ ရောက်တယ်။ ၃  အဲဒီနောက် အနောက်ဘက် ယာဖလက်လူမျိုးရဲ့ နယ်နိမိတ်ကို ဆင်းသွားပြီး အောက်ဗေသောရုန်နဲ့+ ဂေဇာမြို့အထိ+ ဆက်သွားတယ်။ ပင်လယ်မှာ နယ်နိမိတ်ဆုံးတယ်။ ၄  ယောသပ်ရဲ့ သားမြေးတွေဖြစ်တဲ့+ မနာရှေအနွယ်နဲ့ ဧဖရိမ်အနွယ်က နယ်မြေရတယ်။+ ၅  ဧဖရိမ်ရဲ့သားမြေးတွေ မိသားစုအလိုက်ရတဲ့ အမွေမြေရဲ့ နယ်နိမိတ်ကတော့ အရှေ့ဘက်မှာ အတရုတ်အက်ဒါမြို့ကနေ+ အထက်ဗေသောရုန်မြို့အထိ+ ဆက်သွားပြီး၊ ၆  ပင်လယ်မှာ နယ်နိမိတ်ဆုံးတယ်။ မြောက်ဘက်နယ်နိမိတ်က မိတ်မေသမြို့ကနေ+ အရှေ့ဘက် တာနတ်ရှိလောမြို့ကို ကွေ့သွားပြီး အရှေ့ဘက် ယာနောမြို့ကို ဖြတ်သွားတယ်။ ၇  ယာနောမြို့ကနေ အတရုတ်မြို့နဲ့ နာရမြို့ကို ဆင်းသွားပြီး ယေရိခေါမြို့ကို+ ရောက်တယ်။ ပြီးတော့ ဂျော်ဒန်မြစ်ဘက်ကို ရောက်သွားတယ်။ ၈  နယ်နိမိတ်က တာပွာမြို့ကနေ+ ကာနသဲချောင်းအထိ အနောက်ဘက်ကို ဆက်သွားပြီး ပင်လယ်မှာ အဆုံးသတ်တယ်။+ ဒါဟာ မိသားစုအလိုက် ဧဖရိမ်အနွယ်ရတဲ့ အမွေမြေပဲ။ ၉  မနာရှေအနွယ်ရဲ့ အမွေမြေထဲမှာလည်း ဧဖရိမ်ရဲ့သားမြေးတွေ အပိုင်ရတဲ့မြို့တွေ၊ ကျေးရွာတွေ ရှိသေးတယ်။+ ၁၀  ဧဖရိမ်အမျိုးသားတွေက ဂေဇာမြို့မှာနေတဲ့ ခါနန်လူမျိုးကိုတော့ မနှင်ထုတ်ကြဘူး။+ ဒါကြောင့် ခါနန်လူမျိုးတွေက ဧဖရိမ်အမျိုးသားတွေနဲ့အတူ ဒီနေ့အထိ ဆက်နေထိုင်ပြီး+ ကျွန်ခံကြတယ်။+

အောက်ခြေမှတ်ချက်များ