ယောရှု ၁၈:၁-၂၈

  • ကျန်တဲ့နယ်မြေ ရှိလောမှာခွဲဝေ (၁-၁၀)

  • ဗင်ယာမိန်အနွယ် အမွေ (၁၁-၂၈)

၁၈  အဲဒီနောက် ရှိလောအရပ်မှာ+ အစ္စရေးတစ်မျိုးလုံး စုရုံးကြတယ်။ ပြည်ကို အောင်နိုင်ပြီဖြစ်လို့+ ရှိလောအရပ်မှာ တွေ့ဆုံရာတဲတော်ကို တည်ဆောက်လိုက်ကြတယ်။+ ၂  ဒါပေမဲ့ အစ္စရေးခုနစ်နွယ်အတွက် အမွေမြေကို မဲမချရသေးဘူး။ ၃  ဒါကြောင့် ယောရှုက “ခင်ဗျားတို့အတွက် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါပေးတဲ့ပြည်ကို သိမ်းပိုက်ဖို့ ဘယ်လောက်အထိ အချိန်ဆွဲနေဦးမှာလဲ။+ ၄  တစ်နွယ်မှာ လူသုံးယောက်စီ ရွေးလိုက်ပါ။ တစ်ပြည်လုံးအနှံ့ လျှောက်ပြီး အမွေရမယ့် နယ်မြေကို မြေပုံရေးဆွဲဖို့ သူတို့ကို လွှတ်လိုက်မယ်။ ပြီးရင် ကျုပ်ဆီ ပြန်လာရမယ်။ ၅  သူတို့က ပြည်ကို ဝေစုခုနစ်စု ခွဲရမယ်။+ ယုဒအနွယ်က တောင်ဘက်ပိုင်နက်မှာ ဆက်နေရမယ်။+ ယောသပ်အမျိုးက မြောက်ဘက်ပိုင်နက်မှာ ဆက်နေရမယ်။+ ၆  ခင်ဗျားတို့က ပြည်ကို မြေပုံဆွဲပြီး ခုနစ်ပိုင်း ခွဲလိုက်ပါ။ ပြီးရင် ကျုပ်ဆီ ယူလာခဲ့။ ယေဟောဝါဘုရားရှေ့မှာ ခင်ဗျားတို့အတွက် မဲချပေးမယ်။+ ၇  လေဝိအနွယ်ကတော့ ခင်ဗျားတို့နဲ့အတူ ဝေစုမရဘူး။+ ယေဟောဝါရဲ့ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ရတာဟာ သူတို့ရဲ့အမွေပဲ။+ ဂဒ်အနွယ်၊ ရုဗင်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်ကလည်း+ ဂျော်ဒန်မြစ်အရှေ့ဘက်မှာ ယေဟောဝါရဲ့ကျွန် မောရှေပေးတဲ့ အမွေမြေကို ရပြီးပြီ” လို့အစ္စရေးတွေကို ပြောတယ်။ ၈  မြေပုံရေးဆွဲမယ့်သူတွေက ခရီးထွက်ဖို့ ပြင်ကြတယ်။ ယောရှုက “တစ်ပြည်လုံးအနှံ့ သွားပြီး မြေပုံဆွဲလာခဲ့ကြ။ ကျုပ်ဆီ ပြန်ရောက်လာတဲ့အခါ ယေဟောဝါဘုရားရှေ့ ဒီရှိလောအရပ်မှာ ခင်ဗျားတို့အတွက် မဲချပေးမယ်”+ ဆိုပြီး မှာလိုက်တယ်။ ၉  အဲဒီအခါ သူတို့က တစ်ပြည်လုံးအနှံ့ သွားပြီးနောက် မြေပုံဆွဲပြီး ခုနစ်ပိုင်း ခွဲလိုက်တယ်။ အဲဒီအပိုင်းတွေမှာပါတဲ့ မြို့အားလုံးကိုလည်း စာရင်းရေးမှတ်ထားတယ်။ ပြီးတော့ ရှိလောအရပ်မှာ စခန်းချနေတဲ့ ယောရှုဆီ ပြန်လာတယ်။ ၁၀  ယောရှုက အစ္စရေးတွေအတွက် ယေဟောဝါရှေ့ ရှိလောအရပ်မှာ မဲချပြီး+ နယ်မြေခွဲဝေပေးတယ်။+ ၁၁  ဗင်ယာမိန်အနွယ်က မိသားစုတွေအလိုက် အရင်ဆုံး မဲကျတယ်။ သူတို့ရဲ့နယ်မြေက ယောသပ်အနွယ်နဲ့+ ယုဒအနွယ်+ ကြားမှာ ရှိတယ်။ ၁၂  သူတို့ရဲ့ မြောက်ဘက်နယ်နိမိတ်က ဂျော်ဒန်မြစ်ကနေစပြီး မြောက်ဘက်မှာရှိတဲ့ ယေရိခေါတောင်စောင်း၊+ အဲဒီကနေ  အနောက်ဘက် တောင်တန်းကို ဆက်တက်သွားပြီး ဗေသဝင်တောကန္တာရအထိ ရောက်တယ်။+ ၁၃  အဲဒီကနေ ဗေသလလို့ခေါ်တဲ့ လုဇမြို့ရဲ့+ တောင်ဘက်တောင်စောင်းကို ဆက်သွားတယ်။ ပြီးတော့ အောက်ဗေသောရုန်မြို့ရဲ့+ တောင်ဘက်က တောင်တန်းပေါ်မှာရှိတဲ့ အတရုတ်အက်ဒါမြို့ဘက်ကို+ ဆင်းသွားတယ်။ ၁၄  အနောက်ဘက် နယ်နိမိတ်က ဗေသောရုန်မြို့ကို မျက်နှာမူထားတဲ့ တောင်ကနေ တောင်ဘက်ကို ဆင်းသွားပြီး ကိရယတ်ယာရိမ်+ ဒါမှမဟုတ် ကိရယဗာလလို့ခေါ်တဲ့ ယုဒမြို့မှာ အဆုံးသတ်တယ်။ ဒါဟာ အနောက်ဘက်နယ်နိမိတ်ပဲ။ ၁၅  တောင်ဘက်နယ်နိမိတ်က ကိရယတ်ယာရိမ်မြို့ အစွန်ပိုင်းကနေ အနောက်ဘက်၊ နေဖတောစမ်းရေတွင်းကို ဆက်သွားတယ်။+ ၁၆  အဲဒီကနေ ဟိန်နုံသားရဲ့ချိုင့်ဝှမ်းကို+ မျက်နှာမူထားတဲ့တောင်ရဲ့ တောင်ခြေဘက် ဆင်းသွားတယ်။ အဲဒီတောင်က ရေဖိမ်ချိုင့်ဝှမ်းရဲ့+မြောက်ဘက်မှာ ရှိတယ်။ အဲဒီနောက် ယေဗုသိတောင်စောင်းရဲ့တောင်ဘက်၊+ ဟိန်နုံချိုင့်ဝှမ်းအတိုင်း ဆင်းသွားပြီး အင်ရောဂေလစမ်းရေတွင်းအထိ+ ရောက်တယ်။ ၁၇  ပြီးတော့ နယ်နိမိတ်က မြောက်ဘက်ကို တက်သွားပြီး အင်ရှေမက် စမ်းရေတွင်းဘက်၊ အဲဒီကနေ အဒုမိမ်ကုန်း အရှေ့ဘက်မှာရှိတဲ့+ ဂေလိလုတ်အရပ်ဘက်ကို ဆက်သွားတယ်။ အဲဒီနောက် ရုဗင်အမျိုးသားဗောဟန်ရဲ့+ ကျောက်တိုင်အထိ+ ဆင်းသွားတယ်။ ၁၈  အရာဗာအရပ်ရှေ့က မြောက်ဘက် တောင်စောင်းကို ဆက်သွားပြီး အရာဗာအရပ်ဘက်ကို ဆင်းသွားတယ်။ ၁၉  အဲဒီနောက် ဗေသောဂလမြို့ရဲ့+ မြောက်ဘက် တောင်စောင်းကို ဆက်သွားပြီး ဆားငန်အိုင်ရဲ့ မြောက်ဘက်ကွေ့၊ ဂျော်ဒန်မြစ်ရဲ့ တောင်ဘက်မြစ်ဝမှာ နယ်နိမိတ်ဆုံးတယ်။+ ဒါဟာ တောင်ဘက်နယ်နိမိတ်ပဲ။ ၂၀  ဂျော်ဒန်မြစ်ကတော့ အရှေ့ဘက်နယ်နိမိတ် ဖြစ်တယ်။ ဒါဟာ ဗင်ယာမိန်ရဲ့သားမြေးတွေ မိသားစုအလိုက်ရတဲ့ အမွေမြေရဲ့ ပတ်လည်နယ်နိမိတ် ဖြစ်တယ်။ ၂၁  မိသားစုအလိုက် ဗင်ယာမိန်အနွယ်ရတဲ့ မြို့တွေက ယေရိခေါ၊ ဗေသောဂလ၊ ဧမက်ကေဇစ်၊ ၂၂  ဗေသရာဗ၊+ ဇေမရိမ်၊ ဗေသလ၊+ ၂၃  အာဝိမ်၊ ပါရ၊ ဩဖရ၊ ၂၄  ခေဖာဟာမောနဲ၊ ဩဖနိ၊ ဂေဘတို့ဖြစ်တယ်။+ စုစုပေါင်း ၁၂ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ၂၅  ဂိဗောင်၊+ ရာမ၊ ဗေရုတ်၊ ၂၆  မိဇပါ၊ ခေဖိရာ၊ မောဇ၊ ၂၇  ရေကင်၊ အိရပေလ၊ တာရလ၊ ၂၈  ဇေလ၊+ ဟာဧလပ်၊ ဂျေရုဆလင်လို့ခေါ်တဲ့+ ယေဗုသိ၊ ဂိဗာ၊+ ကိရယတ်ဆိုတဲ့ မြို့ ၁၄ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ဒါဟာ မိသားစုအလိုက် ဗင်ယာမိန်ရဲ့ သားမြေးတွေရတဲ့ အမွေမြေပဲ။

အောက်ခြေမှတ်ချက်များ