ယောရှု ၁၉:၁-၅၁

  • ရှိမောင်အနွယ် အမွေ (၁-၉)

  • ဇာဗုလုန်အနွယ် အမွေ (၁၀-၁၆)

  • အိသခါအနွယ် အမွေ (၁၇-၂၃)

  • အာရှာအနွယ် အမွေ (၂၄-၃၁)

  • နဿလိအနွယ် အမွေ (၃၂-၃၉)

  • ဒန်အနွယ် အမွေ (၄၀-၄၈)

  • ယောရှုရဲ့ အမွေ (၄၉-၅၁)

၁၉  ဒုတိယအကြိမ် မဲချတဲ့အခါ+ ရှိမောင်အနွယ်က+ မိသားစုအလိုက် မဲကျတယ်။ သူတို့ရဲ့အမွေမြေက ယုဒအနွယ်ရဲ့ အမွေမြေထဲမှာ ရှိတယ်။+ ၂  အမွေရတဲ့ မြို့တွေကတော့ ရှေဘနဲ့ ဗေရရှေဘ၊+ မောလဒ၊+ ၃  ဟာဇာရှုအာ၊+ ဗာလာ၊ ဧဇင်၊+ ၄  ဧလတောလတ်၊+ ဗေသုလ၊ ဟောမာ၊ ၅  ဇိကလတ်၊+ ဗက်မာကဗုတ်၊ ဟာဇာသုသ၊ ၆  ဗက်လေဗောက်၊+ ရှရုဟင်မြို့တို့ဖြစ်တယ်။ စုစုပေါင်း ၁၃ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ၇  အအိန်၊ ရိမုန်၊ ဧသာ၊ အာရှန်ဆိုတဲ့+ မြို့ ၄ မြို့နဲ့ ကျေးရွာတွေလည်း ပါတယ်။ ၈  ဗာလတ်ဗေရလို့ခေါ်တဲ့ တောင်ဘက် ရာမမြို့အထိ အဲဒီမြို့တွေဝန်းကျင်က ကျေးရွာအားလုံး ပါတယ်။ ဒါဟာ မိသားစုအလိုက် ရှိမောင်အနွယ်ရဲ့ အမွေမြေပဲ။ ၉  ယုဒအနွယ်ရဲ့ အမွေမြေက ကျယ်လွန်းလို့ ရှိမောင်ရဲ့ သားမြေးတွေအတွက် အမွေမြေကို ယုဒဆီကနေ ယူလိုက်တယ်။ ဒါကြောင့် ရှိမောင်ရဲ့ သားမြေးတွေက ယုဒရဲ့နယ်မြေထဲမှာ အမွေမြေရတယ်။+ ၁၀  တတိယအကြိမ် မဲချတဲ့အခါ+ ဇာဗုလုန်ရဲ့သားမြေးတွေက+ မိသားစုအလိုက် မဲကျတယ်။ သူတို့အမွေမြေရဲ့ နယ်နိမိတ်က စာရိဒ်မြို့အထိ ရောက်တယ်။ ၁၁  အဲဒီကနေ အနောက်ဘက် မရာလမြို့ကို ဆက်တက်သွားပြီး ဒဗရှက်မြို့အထိ၊ ပြီးတော့ ယောကနံမြို့အရှေ့ဘက်မှာရှိတဲ့ သဲချောင်းအထိ ရောက်တယ်။ ၁၂  အဲဒီနောက် စာရိဒ်မြို့ကနေ အရှေ့ဘက် ခိသလုတာဗော် နယ်စပ်အထိ သွားပြီး ဒါဗရတ်မြို့နဲ့+ ယာဖျာမြို့အထိ ရောက်တယ်။ ၁၃  အဲဒီကနေ အရှေ့ဘက် ဂါသေဖာမြို့၊+ အိကာဇိန်မြို့ကို ဆက်သွားပြီး ရိမုန်မြို့၊ နေအာမြို့အထိ ရောက်တယ်။ ၁၄  မြောက်ဘက် ဟာနသုန်မြို့ကို ကွေ့သွားပြီး ယိဖသေလချိုင့်ဝှမ်းမှာ နယ်နိမိတ်ဆုံးတယ်။ ၁၅  ဇာဗုလုန်အနွယ်ရတဲ့ မြို့တွေထဲမှာ ကာတတ်၊ နဟာလ၊ ရှိမရုန်၊+ အိဒါလ၊ ဘက်သလီဟင်+ အပါအဝင် မြို့ ၁၂ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ၁၆  ဒါဟာ ဇာဗုလုန်အနွယ်ရဲ့ သားမြေးတွေထဲက မိသားစုတွေရတဲ့ အမွေမြေ၊+ မြို့တွေနဲ့ ကျေးရွာတွေပဲ။ ၁၇  စတုတ္ထအကြိမ် မဲချတဲ့အခါ+ အိသခါရဲ့ သားမြေးတွေက+ မိသားစုအလိုက် မဲကျတယ်။ ၁၈  သူတို့ရဲ့ နယ်နိမိတ်ထဲမှာ ယေဇရေလ၊+ ခေသုလုတ်၊ ရှုနင်၊+ ၁၉  ဟာဖရိမ်၊ ရှိဟုန်၊ အာနဟာရတ်၊ ၂၀  ရဗိတ်၊ ကိရှုန်၊ အာဗက်၊ ၂၁  ရေမက်၊ အင်ဂနိမ်၊+ အင်ဟဒါ၊ ဗက်ပါဇက်မြို့တွေပါဝင်တယ်။ ၂၂  အဲဒီနောက် တာဗော်တောင်၊+ ရှာဟဇုမာမြို့နဲ့ ဗက်ရှေမက်မြို့အထိ ရောက်ပြီး ဂျော်ဒန်မြစ်မှာ နယ်နိမိတ်ဆုံးတယ်။ စုစုပေါင်း ၁၆ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ၂၃  ဒါဟာ မိသားစုအလိုက် အိသခါအနွယ်ရတဲ့ အမွေမြေ၊+ မြို့တွေနဲ့ ကျေးရွာတွေပဲ။ ၂၄  ပဉ္စမအကြိမ် မဲချတဲ့အခါ+ အာရှာအနွယ်က+ မိသားစုအလိုက် မဲကျတယ်။ ၂၅  သူတို့ရဲ့ နယ်နိမိတ်ထဲမှာ ဟေလကတ်၊+ ဟာလိ၊ ဗေတင်၊ အာခရှပ်၊ ၂၆  အာလမေလက်၊ အာမဒ်၊ မိရှလမြို့တွေ ပါဝင်တယ်။ နယ်နိမိတ်က အနောက်ဘက် ကရမေလတောင်အထိ၊+ ရှိဟောရ လိဗနတ်ချောင်းအထိ ရောက်တယ်။ ၂၇  ပြီးတော့ အရှေ့ဘက်ကို ပြန်လာပြီး ဗက်ဒါဂုန်မြို့ကို ရောက်တယ်။ အဲဒီကနေ ဇာဗုလုန်နယ်မြေနဲ့ ယိဖသေလချိုင့်ဝှမ်း မြောက်ဘက်အထိ၊ ဗေသမက်မြို့နဲ့ နယေလမြို့အထိ ရောက်ပြီး ကာဗုလမြို့ဘယ်ဘက်ကို ရောက်တယ်။ ၂၈  အဲဒီနောက် ဧဗြုန်၊ ရဟောဘ၊ ဟာမုန်၊ ကာနနဲ့ ဆိုင်ဒုန်မြို့ကြီးအထိ+ ဆက်သွားတယ်။ ၂၉  ပြီးတော့ ရာမမြို့ကို ပြန်လှည့်ပြီး တိုင်ရာခံတပ်မြို့အထိ+ ဆက်သွားတယ်။ အဲဒီကနေ ဟောသမြို့ကို ပြန်လှည့်ပြီး ပင်လယ်မှာ နယ်နိမိတ်ဆုံးတယ်။ အဲဒီကမ်းရိုးတန်းဒေသမှာ အာခဇိပ်၊ ၃၀  အန်မာ၊ အာဖက်နဲ့+ ရဟောဘမြို့+ တို့ရှိတယ်။ စုစုပေါင်း ၂၂ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ၃၁  ဒါဟာ မိသားစုအလိုက် အာရှာအနွယ်ရတဲ့ အမွေမြေ၊+ မြို့တွေနဲ့ ကျေးရွာတွေပဲ။ ၃၂  ဆဋ္ဌမအကြိမ် မဲချတဲ့အခါ+ နဿလိအနွယ်က မိသားစုအလိုက် မဲကျတယ်။ ၃၃  သူတို့ရဲ့ နယ်နိမိတ်က ဟေလပ်အရပ်ကနေ စပြီး ဇာနနိမ်အရပ်မှာရှိတဲ့+ အပင်ကြီးအထိ ရောက်တယ်။ အာဒမိနေကပ်၊ ယာဗနေလနဲ့ လာကုံမြို့တွေအထိ ဆက်သွားပြီး ဂျော်ဒန်မြစ်မှာ အဆုံးသတ်တယ်။ ၃၄  ပြီးတော့ အနောက်ဘက် အာဇနုတာဗော်မြို့ကို လှည့်သွားတယ်။ အဲဒီကနေ ဟုကုတ်မြို့အထိ ဆက်သွားပြီး တောင်ဘက် ဇာဗုလုန်နယ်မြေအထိ ရောက်တယ်။ အနောက်ဘက်မှာ အာရှာနယ်မြေအထိ၊ အရှေ့ဘက်မှာ ဂျော်ဒန်မြစ်နားက ယုဒရဲ့ နယ်မြေအထိ ရောက်တယ်။ ၃၅  ခံတပ်မြို့တွေကတော့ ဇိဒိမ်၊ ဇေရ၊ ဟာမတ်၊+ ရာကတ်၊ ခိနေရက်၊ ၃၆  အာဒမာ၊ ရာမ၊ ဟာဇော်၊+ ၃၇  ကေဒေရှ၊+ ဧဒြိ၊ အင်ဟာဇော်၊ ၃၈  အိရုန်၊ မိဂဒလေလ၊ ဟောရင်၊ ဗေသနတ်၊ ဗက်ရှေမက်မြို့+ တို့ဖြစ်တယ်။ စုစုပေါင်း ၁၉ မြို့နဲ့ ကျေးရွာတွေ ပါတယ်။ ၃၉  ဒါဟာ မိသားစုအလိုက် နဿလိအနွယ်ရတဲ့ အမွေမြေ၊+ မြို့တွေနဲ့ ကျေးရွာတွေပဲ။ ၄၀  သတ္တမအကြိမ် မဲချတဲ့အခါ+ ဒန်အနွယ်က+ မိသားစုအလိုက် မဲကျတယ်။ ၄၁  သူတို့အမွေမြေရဲ့ နယ်နိမိတ်ကတော့ ဇောရာ၊+ ဧရှတောလ၊ အိရရှေမက်၊ ၄၂  ရှာလဗိန်၊+ အာယလုန်၊+ ယေသလ၊ ၄၃  ဧလုန်၊ တိမန၊+ ဧကြုန်၊+ ၄၄  ဧလတေက၊ ဂိဗသုန်၊+ ဗာလပ်၊ ၄၅  ယေဟုတ်၊ ဗေနဗေရက်၊ ဂါသရိမုန်၊+ ၄၆  မေယာကုန်၊ ရာကုန်မြို့တွေကို ဖြတ်ပြီး ယုပ္ပေမြို့+ အရှေ့ဘက်အထိ ရောက်တယ်။ ၄၇  ဒန်အနွယ်ရဲ့နယ်မြေ ကျဉ်းလွန်းလို့+ ဒန်အမျိုးသားတွေက လဲရှန်မြို့ကို+ တိုက်ခိုက်ပြီး မြို့သားတွေကို ဓားနဲ့ သုတ်သင်လိုက်တယ်။ မြို့ကို အပိုင်သိမ်းပြီး နေထိုင်ကြတယ်။ ဘိုးဘေးဖြစ်သူ ဒန်ရဲ့နာမည်ကို အစွဲပြုပြီး လဲရှန်မြို့ကို ဒန်မြို့ဆိုပြီး နာမည်ပြောင်းလိုက်တယ်။+ ၄၈  ဒါဟာ မိသားစုအလိုက် ဒန်အနွယ်ရတဲ့ အမွေမြေ၊ မြို့တွေနဲ့ ကျေးရွာတွေပဲ။ ၄၉  ဒီလိုနဲ့ ပြည်ကို အမွေမြေ ခွဲဝေပြီးတဲ့အခါ အစ္စရေးတွေက သူတို့ရဲ့ နယ်မြေထဲမှာ နုန်ရဲ့သား ယောရှုကို အမွေမြေပေးကြတယ်။ ၅၀  ယေဟောဝါရဲ့ အမိန့်အတိုင်း သူတောင်းတဲ့မြို့ကို ပေးတယ်။ အဲဒီမြို့ကတော့ ဧဖရိမ်တောင်တန်းဒေသမှာရှိတဲ့ တိမနသေရမြို့ပဲ။+ သူက အဲဒီမြို့ကို ပြန်တည်ဆောက်ပြီး နေထိုင်တယ်။ ၅၁  ဒါကတော့ ယေဟောဝါရှေ့၊ ရှိလောအရပ်က+ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ+ ပုရောဟိတ်ဧလာဇာ၊ နုန်ရဲ့သားယောရှုနဲ့ အစ္စရေးမျိုးနွယ်စုခေါင်းဆောင်တွေ+ မဲချပြီး ခွဲဝေပေးတဲ့ အမွေမြေတွေ ဖြစ်တယ်။ ဒီလိုနဲ့ ပြည်ကို ခွဲဝေတဲ့အလုပ် ပြီးသွားတယ်။

အောက်ခြေမှတ်ချက်များ