ယောရှု ၂၀:၁-၉
-
ခိုလှုံရာမြို့များ (၁-၉)
၂၀ ယေဟောဝါက ယောရှုကို ပြောတယ်–
၂ “အစ္စရေးတွေကို ပြောရမှာက ‘မောရှေကနေတစ်ဆင့် ငါပြောခဲ့တဲ့အတိုင်း ခိုလှုံရာမြို့တွေကို ရွေးချယ်ပါ။+
၃ မတော်တဆ ဒါမှမဟုတ် အမှတ်တမဲ့ လူသတ်မိသူဟာ အဲဒီမြို့တွေဆီ ထွက်ပြေးနိုင်တယ်။ အဲဒီမြို့တွေဆီ ပြေးရင် သွေးကြွေးဆပ်သူလက်ကနေ လွတ်မြောက်နိုင်တယ်။+
၄ သူက အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေးပြီးနောက်+ မြို့တံခါးရှေ့ရပ်ပြီး+ မြို့အကြီးအကဲတွေကို အကျိုးအကြောင်း ပြောပြရမယ်။ အကြီးအကဲတွေက သူ့ကို မြို့ထဲ ဝင်ခိုင်းပြီး နေစရာတစ်နေရာ ပေးရမယ်။ မြို့ထဲမှာ သူနေထိုင်ရမယ်။
၅ သွေးကြွေးဆပ်သူ လိုက်လာရင်လည်း သူ့ကို မအပ်ရဘူး။ ကိုယ့်အမျိုးသားချင်းကို မုန်းလို့ မဟုတ်ဘဲ မတော်တဆ သတ်မိတာဖြစ်လို့ပဲ။+
၆ သူက လူထုရှေ့ စစ်ဆေးခံရချိန်အထိ အဲဒီမြို့မှာပဲ နေရမယ်။+ သူအပြစ်ကင်းတယ်ဆိုတာ ထင်ရှားရင် တာဝန်ထမ်းဆောင်နေတဲ့ ပုရောဟိတ်မင်း သေဆုံးချိန်အထိ အဲဒီမှာပဲ ဆက်နေရမယ်။+ အဲဒီနောက် ကိုယ့်နေရပ်ဆီပြန်နိုင်တယ်။’”+
၇ ဒါကြောင့် အစ္စရေးတွေက နဿလိတောင်တန်းဒေသ ဂါလိလဲနယ်မှာ ကေဒေရှမြို့၊+ ဧဖရိမ်တောင်တန်းဒေသမှာ ရှေခင်မြို့၊+ ယုဒတောင်တန်းဒေသမှာ ဟေဗြုန်လို့ခေါ်တဲ့ ကိရယအာဘမြို့ကို+ ခိုလှုံရာမြို့တွေအဖြစ် ဆက်ကပ်လိုက်တယ်။
၈ ယေရိခေါမြို့ အရှေ့ဘက်၊ ဂျော်ဒန်မြစ်ဝှမ်းဒေသအတွက်တော့ ရုဗင်အနွယ်ရဲ့ နယ်မြေထဲက တောကန္တာရကုန်းပြင်မြင့်မှာ ဗေဇာမြို့၊+ ဂဒ်အနွယ်ရဲ့နယ်မြေထဲက ဂိလဒ်ပြည်မှာ ရာမုတ်မြို့၊+ မနာရှေအနွယ်ရဲ့+ နယ်မြေထဲက ဗာရှန်ပြည်မှာ ဂေါလန်မြို့ကို+ ရွေးချယ်လိုက်တယ်။
၉ အဲဒီမြို့တွေကို အစ္စရေးတွေအတွက်ရော၊ သူတို့ဆီမှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေအတွက်ပါ သတ်မှတ်ပေးထားတယ်။ မတော်တဆ လူသတ်မိသူ ဘယ်သူမဆို လူထုရှေ့ စစ်ဆေးခံရချိန် မတိုင်ခင်+ သွေးကြွေးဆပ်သူရဲ့ လက်ချက်နဲ့ အသတ်မခံရဖို့ အဲဒီမြို့တွေဆီ ထွက်ပြေးခိုလှုံနိုင်တယ်။+