ယောရှု ၂၁:၁-၄၅

  • လေဝိအနွယ်အတွက် မြို့များ (၁-၄၂)

    • အာရုန်သားမြေးအတွက် (၉-၁၉)

    • ကျန်တဲ့ကောဟတ်ဆွေမျိုးစုအတွက် (၂၀-၂၆)

    • ဂေရရှုန်အမျိုးသားတွေအတွက် (၂၇-၃၃)

    • မေရာရိဆွေမျိုးစုအတွက် (၃၄-၄၀)

  • ယေဟောဝါရဲ့ကတိများ ပြည့်စုံ (၄၃-၄၅)

၂၁  လေဝိအနွယ်ရဲ့ ခေါင်းဆောင်တွေက  ပုရောဟိတ် ဧလာဇာ၊+ နုန်ရဲ့သား ယောရှု၊ အစ္စရေးအနွယ်တွေရဲ့ ခေါင်းဆောင်တွေ ရှိနေတဲ့၊ ၂  ခါနန်ပြည်၊ ရှိလောအရပ်ဆီ+ လာပြီး “ကျွန်တော်တို့နေထိုင်ဖို့ မြို့တွေ၊ တိရစ္ဆာန်တွေအတွက် စားကျက်မြေတွေပေးဖို့ မောရှေကတစ်ဆင့် ယေဟောဝါဘုရား မိန့်မှာခဲ့ပါတယ်”+ လို့ပြောတယ်။ ၃  အစ္စရေးတွေလည်း ယေဟောဝါရဲ့ အမိန့်အတိုင်း ကိုယ့်အမွေမြေထဲကနေ မြို့တွေ၊+ စားကျက်မြေတွေကို လေဝိအနွယ်အတွက် ပေးကြတယ်။+ ၄  မဲချတဲ့အခါ ကောဟတ်ဆွေမျိုးစု မဲကျတယ်။+ ပုရောဟိတ်အာရုန်ကနေ ဆင်းသက်လာတဲ့ လေဝိအမျိုးသားတွေကို ယုဒအနွယ်၊+ ရှိမောင်အနွယ်၊+ ဗင်ယာမိန်အနွယ်ရဲ့+ နယ်မြေထဲက မြို့ ၁၃ မြို့ကို ပေးကြတယ်။ ၅  ကျန်တဲ့ ကောဟတ်အမျိုးသားတွေကိုတော့ ဧဖရိမ်အနွယ်၊+ ဒန်အနွယ်၊ မနာရှေအနွယ်တစ်ဝက်ရဲ့+ ဆွေမျိုးစုတွေ ပိုင်တဲ့ မြို့တွေထဲက ၁၀ မြို့ကို ခွဲဝေပေးတယ်။ ၆  ဂေရရှုန်အမျိုးသားတွေကို+ အိသခါအနွယ်၊ အာရှာအနွယ်၊ နဿလိအနွယ်တွေရဲ့ နယ်မြေနဲ့ ဗာရှန်ပြည်မှာရှိတဲ့ မနာရှေအနွယ်တစ်ဝက်ရဲ့ နယ်မြေထဲက မြို့ပေါင်း ၁၃ မြို့ကို ဆွေမျိုးစုအလိုက် ခွဲဝေပေးတယ်။+ ၇  ဆွေမျိုးစုအလိုက် မေရာရိအမျိုးသားတွေကို+ ရုဗင်အနွယ်၊ ဂဒ်အနွယ်၊ ဇာဗုလုန်အနွယ်ရဲ့ နယ်မြေထဲက မြို့ပေါင်း ၁၂ မြို့ကို ခွဲဝေပေးတယ်။+ ၈  ဒီလိုနဲ့ အစ္စရေးတွေလည်း မောရှေကတစ်ဆင့် ယေဟောဝါ မိန့်မှာတဲ့အတိုင်း အဲဒီမြို့တွေနဲ့ ဆိုင်ရာစားကျက်မြေတွေကို မဲချပြီး လေဝိအနွယ်ကို ပေးလိုက်တယ်။+ ၉  ယုဒအနွယ်နဲ့ ရှိမောင်အနွယ်ရဲ့ နယ်မြေထဲက နာမည်နဲ့တကွ ဖော်ပြထားတဲ့ မြို့တွေကို အစ္စရေးတွေ ခွဲဝေပေးလိုက်တယ်။+ ၁၀  လေဝိအနွယ်၊ အာရုန်ရဲ့သားမြေးတွေ ကနေ ဆင်းသက်လာတဲ့ ကောဟတ်ဆွေမျိုးစုတွေ အရင်ဆုံး မဲကျတဲ့အတွက် သူတို့ကို ခွဲဝေပေးလိုက်တဲ့ မြို့တွေကတော့၊ ၁၁  ယုဒတောင်တန်းဒေသက ဟေဗြုန်လို့ခေါ်တဲ့+ ကိရယအာဘမြို့နဲ့+ ပတ်လည်က စားကျက်မြေတွေဖြစ်တယ်။ (အာဘဟာ အာနကရဲ့ဖခင်ပဲ။) ၁၂  ဟေဗြုန်မြို့ရဲ့ လယ်မြေတွေနဲ့ ကျေးရွာတွေကိုတော့ ယေဖုန်နာရဲ့သား ကာလက်ကို အပိုင်ပေးလိုက်တယ်။+ ၁၃  ပုရောဟိတ်အာရုန်ရဲ့ သားမြေးတွေကိုပေးတဲ့ မြို့တွေကတော့ လူသတ်မိသူအတွက်+ ခိုလှုံရာမြို့ဖြစ်တဲ့ ဟေဗြုန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ လိဗနမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၁၄  ယတိရမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဧရှတမောမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၁၅  ဟောလုန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဒေဗိရမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၁၆  အအိန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ယုတ္တမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဗက်ရှေမက်မြို့နဲ့ ဆိုင်ရာစားကျက်မြေတွေပဲ။ ဒီမြို့ ၉ မြို့ကို ယုဒအနွယ်နဲ့ ရှိမောင်အနွယ် နှစ်နွယ်ရဲ့ နယ်မြေထဲကနေ ပေးလိုက်တယ်။ ၁၇  ဗင်ယာမိန်အနွယ်ရဲ့ နယ်မြေထဲက ဂိဗောင်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဂေဘမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၁၈  အာနသုတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ အာလမုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ ဖြစ်တယ်။ ၁၉  အဲဒီမြို့ ၁၃ မြို့နဲ့ ဆိုင်ရာစားကျက်မြေတွေကို ပုရောဟိတ်အာရုန်ရဲ့ သားမြေးတွေအတွက် ပေးလိုက်တယ်။+ ၂၀  လေဝိအနွယ်ထဲက ကျန်တဲ့ ကောဟတ်ဆွေမျိုးစုတွေအတွက် မဲချပြီးပေးလိုက်တဲ့မြို့တွေကတော့ ဧဖရိမ်အနွယ်ရဲ့နယ်မြေထဲက မြို့တွေပဲ။ ၂၁  လူသတ်မိသူအတွက်+ ခိုလှုံရာမြို့ဖြစ်တဲ့ ဧဖရိမ်တောင်တန်းဒေသက ရှေခင်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဂေဇာမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၂၂  ကိဗဇိမ်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ဗေသောရုန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။ ၂၃  ဒန်အနွယ်ရဲ့ နယ်မြေထဲက ဧလတေကမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ဂိဗသုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ၂၄  အာယလုန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဂါသရိမုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။ ၂၅  မနာရှေအနွယ်တစ်ဝက်ရဲ့ နယ်မြေထဲက တာနက်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဂါသရိမုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၂ မြို့ဖြစ်တယ်။ ၂၆  ကျန်တဲ့ကောဟတ်ဆွေမျိုးစုတွေကို စားကျက်မြေအပါအဝင် စုစုပေါင်း ၁၀ မြို့ ခွဲဝေပေးတယ်။ ၂၇  လေဝိအနွယ်ရဲ့ ဆွေမျိုးစုတွေထဲက ဂေရရှုန်အမျိုးသားတွေကို+ မနာရှေအနွယ်တစ်ဝက်ရဲ့ နယ်မြေထဲက မြို့တွေကို ခွဲဝေပေးတယ်။ လူသတ်မိသူအတွက် ခိုလှုံရာမြို့ဖြစ်တဲ့ ဗာရှန်ပြည်က ဂေါလန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဗေရှတေရမြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၂ မြို့ဖြစ်တယ်။ ၂၈  အိသခါအနွယ်ရဲ့ နယ်မြေထဲက+ ကိရှုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ဒါဗရတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၂၉  ယာမုတ်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ အင်ဂနိမ်မြို့နဲ့ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။ ၃၀  အာရှာအနွယ်ရဲ့ နယ်မြေထဲက+ မိရှလမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ အာဗဒုန်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ၃၁  ဟေလကတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ရဟောဘမြို့နဲ့+ ဆိုင်ရာစားကျက်မြေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။ ၃၂  နဿလိအနွယ်ရဲ့ နယ်မြေထဲက ခွဲဝေပေးလိုက်တဲ့ မြို့တွေကတော့ လူသတ်မိသူအတွက် ခိုလှုံရာမြို့ဖြစ်တဲ့+ ဂါလိလဲနယ်က ကေဒေရှမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ဟန်မုဒေါရမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ကာတံမြို့နဲ့ ဆိုင်ရာစားကျက်မြေတွေပဲ။ မြို့ ၃ မြို့ဖြစ်တယ်။ ၃၃  ဂေရရှုန်အမျိုးသားတွေရဲ့ ဆွေမျိုးစုတွေကို စုစုပေါင်း ၁၃ မြို့နဲ့ ဆိုင်ရာစားကျက်မြေတွေ ခွဲဝေပေးလိုက်တယ်။ ၃၄  လေဝိအနွယ်ထဲက မေရာရိဆွေမျိုးစုကို+ ပေးလိုက်တဲ့မြို့တွေကတော့ ဇာဗုလုန်အနွယ်ရဲ့နယ်မြေထဲက+ ယောကနံမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ကာတမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ ၃၅  ဒိမနမြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ နဟာလမြို့နဲ့+ ဆိုင်ရာစားကျက်မြေတွေပဲ။ မြို့ ၄ မြို့ဖြစ်တယ်။ ၃၆  ရုဗင်အနွယ်ရဲ့ နယ်မြေထဲက ဗေဇာမြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ယာဟတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၃၇  ကေဒမုတ်မြို့နဲ့ ဆိုင်ရာစားကျက်မြေ၊ မေဖတ်မြို့နဲ့ ဆိုင်ရာစားကျက်မြေတွေကို ပေးလိုက်တယ်။ မြို့ ၄ မြို့ဖြစ်တယ်။ ၃၈  ဂဒ်အနွယ်ရဲ့ နယ်မြေထဲက+ ခွဲဝေပေးလိုက်တဲ့ မြို့တွေကတော့ လူသတ်မိသူအတွက် ခိုလှုံရာမြို့ဖြစ်တဲ့ ဂိလဒ်ပြည်က ရာမုတ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ မဟာနိမ်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ၃၉  ဟေရှဘုန်မြို့နဲ့+ ဆိုင်ရာစားကျက်မြေ၊ ယာဇာမြို့နဲ့+ ဆိုင်ရာစားကျက်မြေတွေပဲ။ မြို့ ၄ မြို့ဖြစ်တယ်။ ၄၀  လေဝိအနွယ်ထဲက မေရာရိအမျိုးသားတွေရဲ့ ဆွေမျိုးစုတွေကို စုစုပေါင်း ၁၂ မြို့ ခွဲဝေပေးတယ်။ ၄၁  ဒါကြောင့် အစ္စရေးတွေရဲ့ နယ်မြေထဲမှာ လေဝိအနွယ်ရဲ့ မြို့ပေါင်းက စားကျက်မြေအပါအဝင် ၄၈ မြို့ရှိတယ်။+ ၄၂  အဲဒီမြို့အားလုံးရဲ့ ပတ်လည်မှာ စားကျက်မြေတွေ ရှိတယ်။ ၄၃  ဒီလိုနဲ့ ယေဟောဝါက ဘိုးဘေးတွေကို ပေးမယ်လို့ ကတိပေးခဲ့တဲ့ပြည် တစ်ပြည်လုံး အစ္စရေးတွေကို ပေးတယ်။+ အစ္စရေးတွေလည်း ပြည်ကို သိမ်းပိုက်ပြီး နေထိုင်ကြတယ်။+ ၄၄  ဒါ့အပြင် ယေဟောဝါက ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့အတိုင်း တစ်ပြည်လုံးကို ငြိမ်းချမ်းသာယာစေတယ်။+ ရန်သူတစ်ယောက်မှ သူတို့ကို မခုခံနိုင်ကြဘူး။+ ယေဟောဝါက ရန်သူအားလုံးကို  သူတို့လက်ထဲ  အပ်တယ်။+ ၄၅  အစ္စရေးတွေကိုပေးခဲ့တဲ့ ယေဟောဝါရဲ့ ကောင်းမွန်တဲ့ကတိအားလုံး မပြည့်စုံဘဲ မနေဘူး။ တစ်ခုမကျန် ပြည့်စုံလာတယ်။+

အောက်ခြေမှတ်ချက်များ