ယောရှု ၅:၁-၁၅
၅ ဂျော်ဒန်မြစ် အနောက်ဘက်မှာရှိတဲ့ အာမောရိဘုရင်တွေ၊+ ပင်လယ်နားတစ်လျှောက်မှာ ရှိတဲ့ ခါနန်ဘုရင်တွေက+ ဂျော်ဒန်မြစ်ကို အစ္စရေးတွေ ဖြတ်ကူးပြီးချိန်အထိ မြစ်ရေကို ယေဟောဝါ ခန်းခြောက်စေခဲ့တဲ့အကြောင်း ကြားတဲ့အခါ စိတ်ပျက်အားလျော့လာပြီး+ အစ္စရေးတွေကို တိုက်ခိုက်ဖို့ သတ္တိမရှိကြတော့ဘူး။+
၂ အဲဒီအချိန်မှာ ယေဟောဝါက “ကျောက်ဓားတွေ လုပ်ပါ။ အစ္စရေးယောက်ျားတွေကို ဒုတိယအကြိမ် အရေဖျားဖြတ်ပေးပါ”+ လို့ ယောရှုကို ပြောတယ်။
၃ ယောရှုလည်း ကျောက်ဓားတွေလုပ်ပြီး ဂိဘာဟာလုတ်* အရပ်မှာ အစ္စရေးယောက်ျားတွေကို အရေဖျားဖြတ်ပေးတယ်။+
၄ အရေဖျားဖြတ်ပေးရတဲ့ အကြောင်းရင်းကတော့ အီဂျစ်ပြည်ကထွက်လာတဲ့ ယောက်ျားအားလုံး၊ စစ်သည်အားလုံးဟာ တောကန္တာရခရီးမှာ သေဆုံးကုန်ကြပြီ။+
၅ အီဂျစ်ပြည်ကနေ ထွက်လာတဲ့ ယောက်ျားအားလုံး အရေဖျားဖြတ်ပြီးသားဖြစ်ပေမဲ့ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် တောကန္တာရခရီးမှာ မွေးလာတဲ့ ယောက်ျားတွေကတော့ အရေဖျား မဖြတ်ရသေးလို့ပဲ။
၆ အီဂျစ်ပြည်ကထွက်လာတဲ့ အစ္စရေးတစ်မျိုးလုံး၊ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်တဲ့ စစ်သည်ယောက်ျားအားလုံး သေဆုံးကုန်တဲ့အထိ+ အစ္စရေးတွေဟာ တောထဲမှာ နှစ်ပေါင်း ၄၀ သွားလာခဲ့ကြတယ်။+ ဒို့တစ်တွေကို ပေးမယ်လို့ ဘိုးဘေးတွေကို ယေဟောဝါကတိပေးခဲ့တဲ့+ နို့ နဲ့ပျားရည်စီးတဲ့ ဒီပြည်ကို+ သူတို့မြင်ခွင့်ရမှာ မဟုတ်ဘူးဆိုပြီး ယေဟောဝါ ကျိန်ဆိုခဲ့တယ်။+
၇ သူတို့အစား သူတို့ရဲ့ သားမြေးတွေကို မြင်ခွင့်ပေးခဲ့တယ်။+ အဲဒီသားမြေးတွေဟာ ခရီးသွားချိန်မှာ အရေဖျားမဖြတ်ရသေးတဲ့အတွက် ယောရှုက အရေဖျားဖြတ်ပေးရတာပါ။
၈ လူမျိုးတစ်မျိုးလုံး အရေဖျားဖြတ်ပြီးနောက် အနာသက်သာလာချိန်အထိ စခန်းမှာပဲ အနားယူကြတယ်။
၉ အဲဒီအခါ ယေဟောဝါက “အီဂျစ်တွေ ကဲ့ရဲ့တာကို ဒီနေ့ ငါဖယ်ရှားလိုက်ပြီ” ဆိုပြီး ယောရှုကို ပြောတယ်။ ဒါကြောင့် အဲဒီနေရာကို ဂိလဂါလလို့*+ ဒီနေ့အထိ ခေါ်ကြတယ်။
၁၀ အစ္စရေးတွေက ဂိလဂါလအရပ်မှာ ဆက်ပြီး စခန်းချကြတယ်။ အဲဒီလ ၁၄ ရက်နေ့၊+ ညဦးပိုင်းရောက်တော့ ယေရိခေါလွင်ပြင်မှာ ပသခါပွဲ* လုပ်ကြတယ်။
၁၁ ပသခါပွဲပြီးတဲ့ နောက်တစ်နေ့ကစပြီး အဲဒီပြည်ထွက်သီးနှံတွေကို စားသုံးကြတယ်။ တဆေးမဲ့မုန့်နဲ့+ ကောက်နှံလှော်ကိုလည်း စားကြတယ်။
၁၂ ပြည်ထွက်သီးနှံတွေကို စားတဲ့ အဲဒီနေ့ကစပြီး မန္နမုန့် မရတော့ဘူး။ အစ္စရေးတွေစားဖို့ မန္နမုန့်တွေ နောက်ထပ်မကျတော့ဘူး။+ အဲဒီနှစ်ကစပြီး ခါနန်ပြည်ထွက် သီးနှံတွေကို စားသုံးကြတယ်။+
၁၃ ယောရှုက ယေရိခေါမြို့နားမှာ ရှိနေတုန်း လှမ်းကြည့်လိုက်တော့ ဓားကိုင်ထားတဲ့ လူတစ်ယောက်+ ရှေ့မှာရပ်နေတာကို တွေ့လိုက်တယ်။+ ဒါနဲ့ အနားသွားပြီး “ခင်ဗျားက ကျွန်တော်တို့ဘက်ကလား၊ ရန်သူ့ဘက်ကလား” လို့မေးတဲ့အခါ၊
၁၄ သူက “ခင်ဗျားထင်သလို မဟုတ်ဘူး။ ယေဟောဝါရဲ့ ဗိုလ်ချုပ်အနေနဲ့ ကျုပ်ရောက်လာတာ”+ လို့ပြောတယ်။ ယောရှုလည်း ဦးညွှတ်ပျပ်ဝပ်လိုက်ပြီး “သခင်၊ အမိန့်ရှိပါ” ဆိုပြီးပြောတယ်။
၁၅ ယေဟောဝါရဲ့ ဗိုလ်ချုပ်က “ခင်ဗျားရပ်နေတဲ့ နေရာဟာ သန့်ရှင်းတဲ့အတွက် ဖိနပ်ချွတ်ပါ” လို့ပြောတဲ့အခါ ယောရှုလည်း ချက်ချင်း ဖိနပ်ချွတ်လိုက်တယ်။+