ယောလ ၁:၁-၂၀

  • ပြင်းထန်တဲ့ အင်းဆက် ကပ်ဘေး (၁-၁၄)

  • “ယေဟောဝါရဲ့နေ့ နီးနေပြီ” (၁၅-၂၀)

    • ယေဟောဝါကို ပရောဖက်အော်ခေါ် (၁၉၊ ၂၀)

 ပေသွေလရဲ့သား   ယောလ* ဆင့်ဆိုတဲ့ ယေဟောဝါရဲ့စကား–  ၂  “အကြီးအကဲတို့၊ နားထောင်ကြ။ ပြည်သူပြည်သားအပေါင်းတို့၊ အာရုံစိုက်ကြ။ ခင်ဗျားတို့လက်ထက် ဒါမှမဟုတ် ဘိုးဘေးတွေလက်ထက်မှာ ဒီလိုဖြစ်ပျက်ဖူးသလား။+  ၃  ဒီအကြောင်းကို ခင်ဗျားတို့ရဲ့သားတွေကို ပြောပြပါ။ သူတို့က ကိုယ့်သားတွေကို၊အဲဒီသားတွေကလည်း နောက်မျိုးဆက်ကို ပြောပြပါစေ။  ၄  ဝါးမျိုကျိုင်းကောင်စားပြီး ကျန်တာကို အုံဖွဲ့ကျိုင်းတွေ စားပစ်တယ်။+ အုံဖွဲ့ကျိုင်းတွေစားပြီး ကျန်တာကို ကျိုင်းကောင်ပေါက်တွေ စားပစ်တယ်။ ကျိုင်းကောင်ပေါက်တွေစားပြီး ကျန်တာကို အဖျက်ကျိုင်းတွေ စားပစ်တယ်။+  ၅  ယစ်ထုတ်ကြီးတို့၊+ နိုးထပြီး ငိုကြွေးကြ။ စပျစ်ဝိုင်သောက်သူအပေါင်းတို့၊ချိုမြတဲ့စပျစ်ဝိုင် ပြတ်လပ်သွားပြီဖြစ်လို့ မြည်တမ်းကြ။+  ၆  ခွန်အားကြီးပြီး မရေတွက်နိုင်အောင်များတဲ့ လူမျိုးတစ်မျိုးဟာ ငါ့ပြည်ကို တက်လာပြီ။+ သူ့မှာ ခြင်္သေ့သွား၊+ ခြင်္သေ့မေးရိုး ရှိတယ်။  ၇  ငါ့စပျစ်ပင်ကို သူ ဖျက်ဆီးပစ်တယ်။ ငါ့သဖန်းပင်ကို သစ်ငုတ်တို ဖြစ်စေတယ်။ သစ်ခေါက်တွေကို ခွာပြီး လွှင့်ပစ်တဲ့အတွက် အကိုင်းအခက်တွေမှာ သစ်ခေါက်တွေ မရှိတော့ဘူး။  ၈  ပျိုရွယ်ချိန်မှာ စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း ဆုံးရှုံးသွားလို့ အထည်ကြမ်း* ဝတ်ထားတဲ့ အပျိုစင်လို ငိုကြွေးမြည်တမ်းပါ။  ၉  ယေဟောဝါရဲ့ အိမ်တော်မှာ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေ+ ပြတ်လပ်သွားလို့ ယေဟောဝါအတွက် အမှုဆောင်တဲ့ ပုရောဟိတ်တွေ ညည်းတွားငိုကြွေးနေတယ်။ ၁၀  လယ်မြေတွေ ဖျက်ဆီးခံရလို့ မြေကြီးဟာ ညည်းတွားငိုကြွေးနေတယ်။+ ကောက်နှံတွေ ပျက်စီးသွားပြီ။ စပျစ်ဝိုင်သစ်တွေ၊ ဆီတွေလည်း ပြတ်လပ်ကုန်ပြီ။+ ၁၁  ဂျုံနဲ့ မုယောစပါးတွေ၊ ရိတ်သိမ်းမယ့်သီးနှံတွေ ပျက်စီးသွားလို့ လယ်သမားတွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ပြီ။ စပျစ်ခြံလုပ်သားတွေ ငိုကြွေးမြည်တမ်းကုန်ပြီ။ ၁၂  စပျစ်ပင် ခြောက်သွေ့သွားပြီ။ သဖန်းပင် ညှိုးနွမ်းသွားပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်နဲ့ တောသစ်ပင်အားလုံး ခြောက်သွေ့ကုန်ပြီ။+ လူတွေရဲ့  ရွှင်လန်းခြင်းဟာ အရှက်ကွဲခြင်း ဖြစ်သွားပြီ။ ၁၃  ပုရောဟိတ်တို့၊ အထည်ကြမ်းဝတ်ပြီး ညည်းတွားငိုကြွေးကြ။ ပူဇော်ရာပလ္လင်မှာ အမှုဆောင်သူတို့၊+ မြည်တမ်းကြ။ ဘုရားသခင်အတွက် အမှုဆောင်သူတို့၊ ဝင်လာကြ။ တစ်ညလုံး အထည်ကြမ်း ဝတ်ထားကြ။ ဘုရားသခင့်အိမ်တော်မှာ ကောက်နှံအလှူတွေ၊+ သွန်းလောင်းရာအလှူတွေ+  ပြတ်လပ်သွားပြီ။ ၁၄  အစာရှောင်ချိန်ကို ကြေညာလိုက်ပါ။ အထူးစည်းဝေးပွဲတက်ဖို့ ခေါ်လိုက်ပါ။+ အကြီးအကဲတွေ၊ ပြည်သူပြည်သားတွေကို ယေဟောဝါဘုရားရဲ့ အိမ်တော်မှာ စုဝေးခိုင်းပါ။+ ယေဟောဝါဆီမှာ အော်ဟစ်အကူအညီ တောင်းကြပါ။ ၁၅  အဲဒီနေ့ကြောင့် အဖြစ်ဆိုးကြုံရလိမ့်မယ်။ ယေဟောဝါရဲ့နေ့ နီးနေပြီ။+ အဲဒီနေ့ဟာ အနန္တတန်ခိုးရှင်ရဲ့ ဖျက်ဆီးခြင်းဘေးလို ရောက်လာလိမ့်မယ်။ ၁၆  ငါတို့မျက်စိရှေ့မှာတင် အစာရေစာ ပြတ်လပ်သွားပြီ မဟုတ်လား။ ဘုရားသခင့် အိမ်တော်မှာ ဝမ်းမြောက်ခြင်းနဲ့ ရွှင်လန်းခြင်း မရှိတော့ဘူး မဟုတ်လား။ ၁၇  မျိုးစေ့တွေက* ဂေါ်ပြားအောက်မှာ ရှုံ့တွကုန်ပြီ။ သိုလှောင်ရုံတွေ ပျက်စီးကုန်ပြီ။ ကောက်နှံတွေ မအောင်တဲ့အတွက် စပါးကျီတွေ ပြိုပျက်ကုန်ပြီ။ ၁၈  ခြံမွေးတိရစ္ဆာန်တွေတောင် ညည်းတွားနေရပြီ။ စားကျက်မရှိတော့လို့ နွားအုပ်တွေ လျှောက်သွားနေရတယ်။ သိုးအုပ်တွေလည်း ပြစ်ဒဏ်ခံနေရတယ်။ ၁၉  အို ယေဟောဝါ၊ ကိုယ်တော့်ကို ကျွန်တော် အော်ခေါ်ပါ့မယ်။+ တောကန္တာရထဲက စားကျက်တွေ မီးလောင်သွားလို့ပါ။ တောသစ်ပင်တွေကိုလည်း မီးလျှံတွေ ဝါးမျိုလိုက်လို့ပါ။ ၂၀  စမ်းချောင်းတွေ ခန်းခြောက်ပြီး တောကန္တာရထဲက စားကျက်တွေ မီးလောင်သွားလို့ သားရဲတွေတောင် ကိုယ်တော့်ကို တမ်းတနေရပြီ။”

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “ယေဟောဝါဟာ ဘုရားသခင်။”
ခက်ဆစ်ကိုကြည့်။
“သဖန်းသီးခြောက်တွေက” လည်းဖြစ်နိုင်။