ရုသ ၄:၁-၂၂

  • ပြန်​ဝယ်​ခွင့်​ရှိ​သူ ဗော​ဇ (၁-၁၂)

  • ဗော​ဇ​နဲ့​ရုသ သား ဩဗက်​ကို​ရ (၁၃-၁၇)

  • ဒါဝိဒ်ရဲ့ ဆွေ​စဉ်​မျိုး​ဆက် (၁၈-၂၂)

 ဗော​ဇ​က မြို့​တံခါး​မှာ+ သွား​ထိုင်​နေ​တဲ့​အခါ သူ​ပြော​ခဲ့​တဲ့ ပြန်​ဝယ်​ခွင့်​ရှိ​သူ+ ဖြတ်​သွား​တာ​ကို တွေ့​တော့ “မိတ်ဆွေ၊ ဒီ​နား လာ​ထိုင်​ပါ​ဦး” လို့​ပြော​တယ်။ အဲဒီ​လူ​လည်း လာ​ထိုင်​တယ်။ ၂  ဗော​ဇ​က မြို့​အကြီး​အကဲ ဆယ်​ယောက်​ကို+ ခေါ်​ပြီး “ထိုင်​ကြ​ပါ​ဦး” လို့​ပြော​တော့ သူတို့ လာ​ထိုင်​ကြ​တယ်။ ၃  အဲဒီ​အခါ ဗော​ဇ​က ပြန်​ဝယ်​ခွင့်​ရှိသူ​ကို+ “မောဘ​ပြည် ကျေး​လက်​ဒေသ​က​နေ ပြန်​လာ​တဲ့​နော​မိ​က+ ငါ​တို့​ညီ​အစ်ကို ဧ​လိ​မလက်​ရဲ့+ မြေကွက်​ကို ရောင်း​မယ်။ ၄  ဒီ​အကြောင်း​ကို ခင်​ဗျား သိ​သင့်​တယ်​လို့ ကျွန်​တော်​ထင်​တယ်။  ‘အဲဒီ​မြေကွက်​ကို  ခင်​ဗျား ပြန်​ဝယ်​ချင်​ရင် ဒီ​မြို့​သား​တွေ​ရှေ့​မှာ၊ အကြီး​အကဲ​တွေ​ရှေ့​မှာ ဝယ်​ပါ။+ မဝယ်​ချင်​ဘူး​ဆို​ရင်​လည်း ကျွန်​တော့်​ကို ပြော​ပါ။ ပြန်​ဝယ်​ပိုင်​ခွင့်​ရှိ​သူ​ဆို​လို့ ခင်ဗျား​ပြီး​ရင် ကျွန်​တော်​ပဲ ရှိ​တာ’” လို့​ပြော​တယ်။ အဲဒီ​အခါ ပြန်​ဝယ်​ခွင့်​ရှိ​သူ​က “ကောင်း​ပြီ၊ ပြန်​ဝယ်​မှာ​ပေါ့”+ လို့​ဆို​တော့၊ ၅  ဗော​ဇ​က “ဒီ​လယ်​ကို နော​မိ​ရော၊ ကွယ်​လွန်​သူ​ရဲ့​ဇနီး မောဘ​အမျိုး​သမီး ရုသရော ပိုင်​တဲ့​အတွက် သူတို့​နှစ်​ယောက်​စ​လုံး​ဆီ​က​နေ ပြန်​ဝယ်​ရ​မယ်။ ဒါ​မှ ကွယ်​လွန်​သူ​ရဲ့ အမွေ​မြေက သူ့​နာ​မည်​နဲ့ ဆက်​ရှိ​နိုင်​မယ်”+ လို့​ပြော​တယ်။ ၆  အဲဒီ​အခါ ပြန်​ဝယ်​ခွင့်​ရှိ​သူ​က “ကျွန်​တော့်​အမွေ​မြေ ဆုံး​ရှုံး​မှာ​စိုး​လို့ ပြန်​မဝယ်​တော့​ဘူး။ ဒါ​ကြောင့် ကျွန်​တော့်​ရဲ့ ပြန်​ဝယ်​ပိုင်​ခွင့်​ကို ယူ​ပြီး ခင်​ဗျား​ပဲ ဝယ်​လိုက်​ပါ” လို့​ပြော​တယ်။ ၇  အစ္စရေး​ပြည်​ရဲ့​ရှေး​ထုံး​စံ​အရ ပြန်​ဝယ်​ခွင့်၊ လွှဲ​ပြောင်း​ခွင့်​စ​တဲ့ အရောင်း​အဝယ်​ကိစ္စ   မှန်​သမျှ​ကို   တရား​ဝင်​ဖြစ်​အောင် လုပ်​ဆောင်​တဲ့​အခါ လူ​တစ်​ယောက်​က ကိုယ့်​ဖိ​နပ်​ကို ချွတ်​ပြီး+ နောက်​တစ်​ယောက်​ကို ပေး​ရ​တယ်။ အစ္စရေး​ပြည်​မှာ ဒီ​နည်း​နဲ့ အ​ရောင်း​အဝယ်​ပြီး​ပြတ်​အောင် လုပ်​ကြ​တယ်။ ၈  ဒါ​ကြောင့် ပြန်​ဝယ်​ခွင့်​ရှိ​သူက “ခင်​ဗျား​ပဲ ဝယ်​လိုက်​ပါ” လို့ ဗော​ဇ​ကို ပြော​ပြီး သူ့​ဖိ​နပ်​ကို ချွတ်​ပေး​တယ်။ ၉  ဗော​ဇ​က အကြီး​အကဲ​တွေ​နဲ့ မြို့​သား​တွေ​ကို “ဧ​လိ​မလက်​ပိုင်​ဆိုင်​သမျှ၊ ခိ​လုန်​နဲ့ မဟာ​လုန်​တို့ ပိုင်​ဆိုင်​သမျှ​ကို နော​မိ​ဆီ​က​နေ ကျွန်​တော်​ဝယ်​လိုက်​ပြီ၊ ခင်​ဗျား​တို့​ဟာ သက်​သေပဲ။+ ၁၀  ကွယ်​လွန်​သူ​ရဲ့ အမွေ​မြေကို သူ့​နာ​မည်​နဲ့​ဆက်​ရှိ​စေ​ဖို့၊+ ညီ​အစ်​ကို​တွေ​အလယ်​မှာ၊ နေ​ရင်း​မြို့​မှာ* ကွယ်​လွန်​သူ​ရဲ့​နာ​မည် ဆက်​ရှိ​နေ​ဖို့ မဟာ​လုန်​ရဲ့​ဇနီး မောဘ​အမျိုး​သမီး ရုသကို​လည်း ဇနီး​အဖြစ် ကျွန်​တော်​ယူ​လိုက်​ပြီ။ ခင်​ဗျား​တို့​ဟာ သက်​သေပဲ”+ လို့​ပြော​တယ်။ ၁၁  ဒါ​နဲ့ မြို့​တံခါး​မှာ​ရှိ​တဲ့​လူ​တွေ၊ အကြီး​အကဲ​တွေ​က “ကောင်း​ပြီ။ ကျွန်​တော်​တို့​ဟာ သက်​သေတွေ​ပါ။ ခင်​ဗျား​ရဲ့​ဇနီး​လောင်း​ကို ယေဟောဝါ​ဘုရား ကောင်း​ချီး​ပေး​ပါ​စေ။ သူ​ဟာ အစ္စရေး​အမျိုး​ကို တည်​ထောင်​ခဲ့​တဲ့ ရာခေ​လ​နဲ့ လေ​အာ​တို့​လို ဖြစ်​လာ​ပါ​စေ။+ ခင်​ဗျား​လည်း ဧ​ဖရတ်​မြို့​မှာ+ ကြီး​ပွား​တိုး​တက်​ပြီး ဘက်​သလီ​ဟင်​မြို့​မှာ+ နာ​မည်​ကောင်း​ရ​ပါ​စေ။ ၁၂  ဒီ​မိန်း​က​လေး​က​နေ ဆင်း​သက်​လာ​မယ့်၊ ယေဟောဝါဘုရား​ပေး​မယ့်   ခင်​ဗျား​ရဲ့​မျိုး​နွယ်​ဟာ+ ယုဒ​နဲ့​တာမာ​တို့​ရဲ့​သား ဖာ​ရက်​ရဲ့​မျိုး​နွယ်​လို+ ဖြစ်​လာ​ပါ​စေ” လို့​ပြော​ကြ​တယ်။ ၁၃  ဗော​ဇ​က ရုသနဲ့​လက်​ထပ်​ပြီး အတူ​ နေ​တယ်။   ယေဟောဝါ​ရဲ့ ကောင်း​ချီး​ကြောင့် ရုသ ကိုယ်​ဝန်​ရ​ပြီး သား​လေး​မွေး​လာ​တယ်။ ၁၄  အဲဒီ​အခါ အမျိုး​သမီး​တွေ​က နော​မိ​ကို “ရှင့်​အ​တွက် ပြန်​ဝယ်​ခွင့်​ရှိ​သူ​ပေါ်​လာ​အောင် လုပ်​ပေး​တဲ့ ယေဟောဝါ​ဘုရား​ကို ချီး​မွမ်း​ကြ​ပါ​စေ။ အစ္စရေး​အမျိုး​မှာ ဒီ​က​လေး နာ​မည်​ကျော်​ကြား​ပါ​စေ။ ၁၅  ရှင့်​ကို​ချစ်​ပြီး+ သား​ခုနစ်​ယောက်​ထက်  ပို​ကောင်း​တဲ့​ချွေး​မက ဒီ​က​လေး​ကို မွေး​ပေး​လိုက်​ပြီ။ ဒီ​က​လေး​ဟာ ရှင့်​ဘဝ​ကို   ပြန်​ပြီး​   အသက်​ဝင်​စေသူ၊​ ဇရာအို​အရွယ်​မှာ  ရှင့်​ကို​ပြု​စုပေး​သူ ဖြစ်လာ​မယ်”   လို့​   ပြော​ကြ​တယ်။ ၁၆  နောမိ​လည်း  က​လေး​ကို  ရင်​ခွင်​ထဲ​ပိုက်​ပြီး ထိန်း​ပေး​တယ်။ ၁၇  အိမ်​နီး​ချင်း​မိန်းမ​တွေ​က က​လေး​ကို နာမည်​ပေး​ကြတယ်။ သူတို့​က “နောမိ​တော့ သား​တစ်​ယောက်​ရ​ပြီ” လို့​​ ပြော​ပြီး ကလေး​ကို ဩဗက်လို့+ နာမည်​ပေး​လိုက်​တယ်။ သြဗက်​ဟာ ယေ​ရှဲ​ရဲ့​ဖခင်၊ ယေ​ရှဲ​ဟာ+ ဒါဝိဒ်​ရဲ့​ဖခင်​ပဲ။ ၁၈  ဖာ​ရက်​ရဲ့ သား​စဉ်​မြေး​ဆက်​ကတော့+ ဖာ​ရက်​ရဲ့​သား ဟေ​ဇ​ရုံ၊+ ၁၉  ဟေ​ဇ​ရုံ​ရဲ့​သား  ရာ​မ၊  ရာ​မရဲ့​သား အမိ​န​ဒပ်၊+ ၂၀  အမိ​န​ဒပ်+ ရဲ့သား နာ​ရှုန်၊ နာ​ရှုန်​ရဲ့​သား စာ​လ​မုန်၊ ၂၁  စာ​လ​မုန်​ရဲ့​သား ဗော​ဇ၊ ဗော​ဇ​ရဲ့​သား ဩဗက်၊ ၂၂  သြဗက်​ရဲ့​သား ယေ​ရှဲ၊+ ယေ​ရှဲ​ရဲ့​သား ဒါဝိဒ်​ဖြစ်တယ်။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “မြို့​တံခါး​မှာ။”